ဘရူနိုရဲ့ ရှားရှားပါးပါးလွဲချော်မှုဖြစ်ပါတယ်။

တစ်ဖက်တစ်ဂိုးစီသရေပွဲနဲ့ပြီးဆုံးရမယ့် အခွင့်အရေးကို ယူနိုက်တက်တို့ရရှိခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ လွဲချော်မှုကြောင့် အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ကာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကို ခံစားခဲ့ရပါတယ်။ 


အက်စတွန်ဗီလာနဲ့ပွဲမှာ အသင်းချေပဂိုးရမယ့် ပင်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် ဘရူနိုဖာနန်ဒက်စ်က သူ့ရဲ့လူမှုကွန်ယက်တဆင့် စာရေးသားပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ တစ်ဖက်တစ်ဂိုးစီသရေပွဲနဲ့ပြီးဆုံးရမယ့် အခွင့်အရေးကို ယူနိုက်တက်တို့ရရှိခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ လွဲချော်မှုကြောင့် အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ကာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကို ခံစားခဲ့ရပါတယ်။ 

ပင်နယ်တီဆိုရင် သေချာပေါက်ဝင်လေ့ရှိတဲ့ ဖာနန်ဒက်စ်ဟာ မနေ့ကကန်သွင်းချိန်မှာတော့ ဖိအားတွေရှိနေခဲ့ပုံရပါတယ်။ ဗီလာကစားသမားတွေကလည်း ဖာနန်ဒက်စ်ကို စိတ်ရှုပ်အောင်ဝိုင်းလုပ်ခဲ့ကြလို့ ပင်နယ်တီကို ဒေါသတကြီးနဲ့ ကန်သွင်းခဲ့ကြကြောင်း တချို့က ယူဆနေပြီး ဗီလာဂိုးသမားမာတီနက်ဇ်ရဲဲ့ ရော်နယ်ဒိုလာကန်လေဆိုတဲ့ ပြောဆိုမှုကလည်း ဖာနန်ဒက်စ်အတွက် အနှောင့်အယှက်ဖြစ်ခဲ့ပုံရပါတယ်။ 


အခုအခါမှာ ဖာနန်ဒက်စ်က "ပင်နယ်တီလွဲချော်တာနဲ့ ဆက်တိုက်ရှုံးပွဲတွေ့တာကို ကျွန်တော့်ထက်ပိုပြီးတော့ စိတ်ပျက်တဲ့သူရှိမှာမဟုတ်ပါဘူး၊ ဒီတာဝန်တွေကို ကျွန်တော်အမြဲတမ်းရယူခဲ့ပြီး ဒီအခြေနေမျိုးမှာဆိုလည်း ဖိအားတွေရှိနေလည်း အမြဲတမ်းရင်ဆိုင်ခဲ့တာပါ၊ ဒီနေ့ ကျွန်တော် ကျရှုံးခဲ့ပါတယ်၊ ဒါပေမယ့် ရှေ့ဆက်ပြီးတော့ တူညီတဲ့ရည်မှန်းချက်၊ တာဝန်ယူမှုတွေနဲ့ ကျွန်တော်စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဦးမှာပါ၊ ဂိုးပိုက်ထဲ ဘောလုံးကို အဆုံးသတ်ပစ်မှာပါ"

"ဝေဖန်မှုနဲ့ ဆန့််ကျင့်ဘက်အမြင်တွေဆိုတာက ဘောလုံးမှာကြီးမားတဲ့အစိတ်အပိုင်းတွေပါ၊ အဲဒါတွေနဲ့နေထိုင်ဖို့ ကျွန်တော်သင်ယူခဲ့ပါတယ်၊ ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ ၊ဘယ်တော့မှမရပ်တန့်ဖို့နဲ့ ဖြစ်နိုင်သမျှ အကောင်းဆုံးကစားသမားဖြစ်လာဖို့အတွက် အဲဒါတွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်မယ်လို့ ကျွန်တော်စဉ်းစားမိပါတယ်"

"ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက အတူတူအနိုင်ရရှိဖို့နဲ့ အသင်းဖော်တွေ၊ ကလပ်အသင်းအတွက် ကျွန်တော့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ ကူညီပြုလုပ်ပေးဖို့ပါပဲ၊ ကျွန်တော်က ကွင်းထဲမှာဆိုရင် ဘာမဆိုထားရစ်ခဲ့တဲ့သူမျိုး၊ ကြီးမားတဲ့ဆန္ဒ၊ ကတိတွေကို ယူဆောင်တတ်တဲ့သူမျိုးပါ၊ အဲဒီလိုပဲ ကျွန်တော်ရှိနေဦးမှာပါ၊ ပွဲအပြီးမှာ ကျွန်တော့်ကိုအားပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ကွင်းထဲမှာ ကျွန်တော့်နာမည်ကို သီဆိုဟစ်ကြွေးနေတာကိုကြားရတာ အရမ်းခံစားရပါတယ်၊ ပိုသန်မာတဲ့သူအဖြစ်နဲ့ ကျွန်တော်ပြန်လာခဲ့ပါ့မယ်"


"ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်ကိုင်စွဲထားတဲ့ စံသတ်မှတ်ချက်ပါ၊ ဒါပေမယ့် အများစုကတော့ ကျွန်တော့်အသင်းဖော်တွေနဲ့ ကျွန်တော်တို့ကိုအမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေအတွက်ပါ" လို့ ရေးသားသွားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ပွဲအထိ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က