ဟာဗက်ဇ်နဲ့ဇီယက်ချ်တို့နှစ်ယောက်လုံးကို ပီတာခရော့ချ်က စိတ်ပျက်နေခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းကြီး ပီတာခရေ့ာချ်က မနေ့ညက ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးရဲ့ တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်နဲ့ ဇီယက်ချ်တို့ကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ချဲလ်ဆီးတိုက်စစ်ပိုင်းက ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဂျူဗင်တပ်စ် တိုက်စစ်ကစားသမား ချီယေဆာရဲ့ တစ်လုံးတည်းသောသွင်းဂိုးကြောင့် အဝေးကွင်းမှာရှုံးနိမ့်ခဲ့ရတာပါ။ အသက် (၂၂) နှစ်အရွယ် ဟာဗက်ဇ်ဟာ ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပေမယ့် ခြေစွမ်းပိုင်းက ပုံမှန်အောက်ရောက်ရှိနေခဲ့ပြီး ဒီအပေါ်မှာ ပီတာခရော့ချ်က ဟာဗက်ဇ်အပြင် ဇီယက်ချ်ကိုပါ အိုဇေးလ်နဲ့နှိုင်းယှဥ်ပြီး ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ပီတာခရော့ချ်က “ဇီယက်ချ်နဲ့ ဟာဗက်ဇ်တို့ နှစ်ယောက်က စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဟာဗက်ဇ်ကို မြင်ရတာ အိုဇေးလ်ကို သတိရစေပါတယ်။ အိုဇေးလ်က အရာရာကို လွယ်လွယ်ကူကူနဲ့ လုပ်ပြနိုင်ပြီး နည်းစနစ်ပိုင်းကြွယ်ဝတဲ့ ကစားသမားပါ”

“ဒါပေမယ့် အိုဇေးလ်ပုံစံကို ကြည့်ရတာ ပျင်းနေတဲ့ပုံပေါက်ပြီး အလုပ်ကြမ်းလုပ်နေရသလိုပါပဲ။ အဲ့ဒီလိုအခါမျိုးမှာ သူက ခင်ဗျားကိုစိတ်ပျက်စေပါတယ်။ ကျွန်တော် ထင်ပါတယ်။ ဒီညမှာလည်း ဇီယက်ချ်နဲ့ဟာဗက်ဇ်တို့နှစ်ယောက်က ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်မှာ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် ပေါင်သန်း (၇၀) နဲ့ ရပ်တည်နေပါတယ်။ ဒါပေမယ့် ဟာဗက်ဇ်ရဲ့ ခြေစွမ်းက နိမ့်မြင့်တက်ကျများပြားလွန်းပြီး ပုံမှန်ခြေစွမ်းတစ်ရပ်ကို ထိန်းသိမ်းထားဖို့ ခက်ခဲနေဆဲပါ။

ပြီးခဲ့တဲ့ရာသီအဖွင့်မှာလည်း ရုန်းကန်ခဲ့ရပြီး အသင်းအတွက် (၂၇) ပွဲကစား၊ သွင်းဂိုး (၄) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဟာဗက်ဇ်အပြင် တီမိုဗာနာကလည်း ချဲလ်ဆီးတိုက်စစ်ပိုင်းအတွက် လုံလောက်တဲ့စွမ်းဆောင်ရည်မျိုး မပြသထားပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်တွေ့ခဲ့ရာမှာတော့ ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဖလားကြီး ဆွတ်ခူးစေခဲ့ပါတယ်။ ် တစ်လု်စချန်ပီယံလိး်ဗ) ပွဲကစား်ကစားါိုလတ်တလော အင်

Share

က္က