လူကာကူကို ချယ်လ်ဆီးက မသုံးတတ်ဘူးလို့ ဝေဖန်ခဲ့တာပါ။

လူကာကူကတော့ ချယ်လ်ဆီးအတွက် ဒီရာသီပြိုင်ပွဲစုံ ၄ ဂိုးသွင်းယူပေးထားပေမယ့် နောက်ဆုံးလေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတာဖြစ်ပါတယ်။ 


ချယ်လ်ဆီးမှာ လူကာကူအနေနဲ့ ဘယ်လိုပြသနာမှမရှိဘူးလို့ နည်းပြတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ ဒါဟာ အင်တာနည်းပြဟောင်းကွန်တီရဲ့ ချယ်လ်ဆီးက လူကာကူကို မသုံးတတ်ဘူးဆိုတဲ့ သုံးသပ်ဝေဖန်ခဲ့တဲ့အပေါ် တူချယ်လ်ဘက်က ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ လူကာကူကတော့ ချယ်လ်ဆီးအတွက် ဒီရာသီပြိုင်ပွဲစုံ ၄ ဂိုးသွင်းယူပေးထားပေမယ့် နောက်ဆုံးလေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတာဖြစ်ပါတယ်။ 



ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ၁-၀ နဲ့ အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဂျူဗီကို ၁-၀ နဲ့ပဲ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာဆိုရင် လူကာကူဟာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့်တစ်ကြိမ်တောင်မရခဲ့တဲ့အထိ ခြေစွမ်းပျောက်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဂျူဗီနဲ့့ပွဲမှာလည်း ဂိုးပေါက်တည့်မှု ၁ ကြိမ်တည်းသာရှိခဲ့တဲ့နောက် ကွန်တီက ဝေဖန်သုံးသပ်ခဲ့တာဖြစ်ပါတယ်။ 


ကွန်တီရဲ့ သုံးသပ်မှုနဲ့ပတ်သက်ပြီး တူချယ်လ်ကိုမေးမြန်းခဲ့ရာမှာတော့ "တော့တင်ဟမ်နဲ့ပွဲအပြီး သူ ရုပ်သံပေါ်မှာမရှိဘူးဆိုတာ သေချာပါတယ်၊ သူပြောတာအတွက် ကျွန်တော်စိတ်မဆိုးပါဘူး၊ သူ့မှာ အခွင့်အရေးရှိပါတယ်၊ သူက စတူဒီယိုထဲမှာရှိနေတာလေ၊ ပွဲမစခင် ဟိုတယ်မှာ ကျွန်တော်ရေချိုးနေတော့လည်း သူ သုံးသပ်နေတာကို ကျွန်တော်မြင်ခဲ့ပါသေးတယ်၊ ကျွန်တော်တိုအသင်းအကြောင်း သူ ပြောနေပြီး စပါးနဲ့ပွဲက လူကာကူနဲ့ ကျွန်တော့်ကစားသမားတွေရဲ့ ပုံရိပ်တွေကို တွေ့့ခဲ့ပါတယ်"


"လူကာကူနဲ့ ချိတ်ဆက်ကစားပုံတွေအကြောင်း သူတို့ပြောနေတာပါ၊ ပြီးတော့ သူ ဘယ်လောက်သန်မာပြီး သူ့ဆီကို ဘောလုံးပို့ပေးနိုင်ရင် ဂိုးဘယ်လောက်သွင်းနိုင်လဲဆိုတာကို ပြောနေကြပါတယ်၊ အဲဒါကို ကျွန်တော်မြင်ခဲ့ပါတယ်၊ ဒါပေမယ့် အခုက လူကာကူရဲ့ ပြသနာမဟုတ်ပါဘူး၊ လူကာကူကို ဟန့်တားဖို့ အခြားအသင်းတွေက သူတို့ရဲ့ဖွဲ့စည်းပုံကို အပြောင်းအလဲတွေလုပ်နေကြပါတယ်၊ ဒါကိုဖြေရှင်းရမှာပါ၊ အဲဒီအတွက်လည်း ကျွန်တေ်ာတို့ ကြိုးစားနေပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ 

Share

က္က