အသင်းဟောင်းကို ဂိုးသွင်းအပြီး လေးစားမှုနဲ့ အောင်ပွဲမခံခဲ့တာပါ။

အသင်းဟောင်းနဲ့ ပြန်တွေ့ချိန်မှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးဖြစ်ပြီး ဒီဂိုးအတွက်တော့ ဆွာရက်ဇ်က အောင်ပွဲခံခြင်းမရှိဘဲ အသင်းဟောင်းအပေါ် လေးစားမှုပြသခဲ့ပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်က ဘာစီလိုနာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာတော့ ဆွာရက်ဇ်ဟာ အသင်းဟောင်းဘာစီလိုနာဘက်ကို အနိုင်ဂိုးတစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ နူးကမ့်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းဟောင်းနဲ့ ပြန်တွေ့ချိန်မှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးဖြစ်ပြီး ဒီဂိုးအတွက်တော့ ဆွာရက်ဇ်က အောင်ပွဲခံခြင်းမရှိဘဲ အသင်းဟောင်းအပေါ် လေးစားမှုပြသခဲ့ပါတယ်။ 



ဂိုးရအပြီးမှာ ဆွာရက်ဇ်က ပရိသတ်တွေဘက်လှည့်ကာ လက်အုပ်ချီပြခဲ့ပြီး သူ့ရဲ့ဂိုးအတွက် တောင်းပန်ဖို့ အမူအယာနဲ့ပြသသွားခဲ့တာဖြစ်ပါတယ်။ အသင်းဖော်တွေကတော့ အောင်ပွဲခံနေခဲ့ပေမယ့် ဆွာရက်ဇ်က ပရိသတ်တွေကို တောင်းပန်မှုသာပြုလုပ်ပြခဲ့ပြီး ဒီပွဲမတိုင်ခင် သူ ကြိုတင်ပြောဆိုထားသလို အောင်ပွဲခံမှာမဟုတ်ဘူးဆိုတဲ့အတိုင်း လုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။ 

အသက် ၃၄ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ ဘာစီလိုနာကနေ နာကျင်စွာနဲ့ ထွက်ခွာခဲ့ရသူဖြစ်ပါတယ်။ အခုအချိန်ထိ ဒီအပေါ်မှာ ဆွာရက်ဇ်က ခံစားနေရဆဲဖြစ်ပြီး အသင်းကနေမထွက်ချင်ဘဲ ထွက်ခဲ့ရတယ်လို့လည်း ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးသွင်းအပြီး သူ့ရဲ့အမူအယာကတော့ အသင်းဟောင်းနဲ့ပရိသတ်အပေါ် လေးစားမှုအပြည့်ရှိနေတယ်ဆိုတာကို ဖော်ပြနိုင်ခဲ့ပြီး ပရိသတ်တွေအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

ဆွာရက်ဇ်အတွက်တော့ ဒီဂိုးက ဒီရာသီရဲ့ ၄ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ သူ ရင်ဆိုင်ခဲ့ဖူးတဲ့ လာလီဂါကလပ်အားလုံးကို ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပြီး အသင်းဟောင်းဘာစီလိုနာကတော့ ၃၁ သင်းမြောက်ဖြစ်လာခဲ့ပါတယ်။ ဂိုးသွင်းအပြီး အောင်ပွဲမခံခဲ့ပေမယ့် ဆွာရက်ဇ်ဟာ ဖုန်းဆက်သွယ်ဟန်အမူအယာလုပ်ပြခဲ့ပြီး ဘာကာနည်းပြရော်နယ်ကိုးမန်းကို လှောင်ပြောင်ခဲ့ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပြီး ဆွာရက်ဇ်ကတော့ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ကာ သူ့နံပါတ်ကိုသိသူတွေအတွက်ရည်ရွယ်တာလို့ ဖြေရှင်းခဲ့ပါတယ်။ 


၂၀၂၀ စက်တင်ဘာလတုန်းက ကိုးမန်းဟာ ဆွာရက်ဇ်ဆီဖုန်းခေါ်ဆိုပြီး သူ့ရဲ့စီမံကိန်းတွေမှာ မပါဝင်တဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ ဆွာရက်ဇ်က ဘာစီလိုနာကို ဂီုးသွင်းပြီး ဖုန်းဆက်ဟန်ပြသကာ ပြန်တုံ့ပြန်ခဲ့တာဖြစ်မယ်လို့ အားလုံးကယူဆနေကြပါတယ်။ 

Share

က္က