ရော်နယ်ဒိုက သူ့ကို လက်ဆောင်ပေးခဲ့တာပါ။

တောင်းဆန့်အနေနဲ့ ပြိုင်ဘက်အသင်းကို လှောင်ပြောင်ခဲ့တာလို့ စွပ်စွဲမှုတွေ ရှိနေခဲ့ပေမယ့် ကာယကံရှင်ကတော့ သူဟာ ရော်နယ်ဒိုကို လေးစားအားကျတာဖြစ်လို့ သူ့အပြုအမူတိုင်း ပြုလုပ်ခဲ့တာလို့သာ ဖြေရှင်းသွားခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အဲဗာတန်အတွက် ချေပဂိုးကိုသွင်းယူပေးခဲ့တဲ့ အန်ဒရူးတောင်းဆန့်ဟာ ဂိုးရယူအပြီး ပြိုင်ဘက်အသင်းတိုက်စစ်မှူးရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံသွားခဲ့ပါတယ်။ ဒါဟာ တောင်းဆန့်အနေနဲ့ ပြိုင်ဘက်အသင်းကို လှောင်ပြောင်ခဲ့တာလို့ စွပ်စွဲမှုတွေ ရှိနေခဲ့ပေမယ့် ကာယကံရှင်ကတော့ သူဟာ ရော်နယ်ဒိုကို လေးစားအားကျတာဖြစ်လို့ သူ့အပြုအမူတိုင်း ပြုလုပ်ခဲ့တာလို့သာ ဖြေရှင်းသွားခဲ့ပါတယ်။ 



ပွဲအပြီးမှာလည်း တောင်းဆန့်ဟာ ရော်နယ်ဒိုနဲ့အတူ ကွင်းပြင်ကိုထွက်ခဲ့ပြီး စကားပြောဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒိုကလည်း တောင်းဆန့်နဲ့အပြန်အလှန်စကားပြောဆိုခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒီနောက်မှာတော့ တောင်းဆန့်က သူ့ရဲ့တွစ်တာကတဆင့် ရော်နယ်ဒိုဆီက ဂျာစီပါရရှိခဲ့တဲ့အကြောင်းကို ဓာတ်ပုံနဲ့အတူ ဖော်ပြသွားခဲ့ပါတယ်။ 

"ရော်နယ်ဒိုပုံစံအောင်ပွဲခံတာက အတုခိုးတာမဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ကစားသမားကို လွှမ်းမိုးခဲ့တဲ့ လူတစ်ယောက်အပေါ်မှာ လေးစားမှုပြသခဲ့တာပါ၊ ကျွန်တော်လေ့ကျင့်ကွင်းမှ နာရီပေါင်းများစွာ၊ ဗီဒီယိုခန်းထဲမှာအကြိမ်ကြိမ်ပဲ သူ့ရဲ့ဖရီးကစ်ကန်ပုံတွေကို လေ့လာခဲ့ဖူးပါတယ်၊ သူ့ရဲ့ခြေလှမ်းတွေ၊ ဘောလုံးအပေါ် သူ့ကိုယ်သူမြုပ်နှံထားတဲ့ပုံစံတွေကိုပါ လေ့လာခဲ့တာပါ၊ ဒါကြောင့် အခုလိုလုပ်တာက အတုခိုးတာမဟုတ်ပါဘူး" လို့ တောင်းဆန့်က ပြောဆိုခဲ့ကြောင်း Goal.com က ဆိုပါတယ်။ 

သူ့ရဲ့အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ ဒေါသထွက်ကောင်းထွက်နေနိုင်ပေမယ့် တဖက်မှာတော့ ရော်နယ်ဒိုက တောင်းဆန့်ကို သူ့ရဲ့ဂျာစီပါ လက်ဆောင်ပေးသွားခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲသလို အသင်းရဲ့ရလဒ်ကြောင့်ပါ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပြီး တော်တော်လေးဒေါသထွက်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။

Share

က္က