ချန်ပီယံခြေစွမ်းရှိပေမယ့် တိုက်စစ်မှူးမရှိတာကို ထောက်ပြခဲ့ပါတယ်။

လီဗာပူးလ်နဲ့ ကစားခဲဲ့တဲ့ပွဲမှာ မန်စီးတီးက ပွဲကိုလွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ပင်တိုင်ဂိုးသွင်းပေမယ့် တိုက်စစ်မှူးမရှိတဲ့ အားနည်းချက်ကြောင့် သရေတစ်မှတ်ရဖို့ကို အသည်းအသန်အားထုတ်သွားခဲ့ရပါတယ်။


မန်စီးတီးအနေနဲ့ ဟယ်ရီကိန်းကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲက ပြီးဆုံးသွားပြီလို့တောင် ပြောလို့ရကြောင်း ဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က ပြောဆိုလိုက်ပါတယ်။ မနေ့က လီဗာပူးလ်နဲ့ ကစားခဲဲ့တဲ့ပွဲမှာ မန်စီးတီးက ပွဲကိုလွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ပင်တိုင်ဂိုးသွင်းပေမယ့် တိုက်စစ်မှူးမရှိတဲ့ အားနည်းချက်ကြောင့် သရေတစ်မှတ်ရဖို့ကို အသည်းအသန်အားထုတ်သွားခဲ့ရပါတယ်။



မန်စီးတီးက ကစားကွက်အသာစီးနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပေးမယ့် တိုက်စစ်မှူးမရှိတာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဟယ်ရီကိန်းကတော့ စပါးမှာ ခြောက်နှစ်အတွင်း အဆိုးရွားဆုံးခြေစွမ်းကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေဆဲဖြစ်ကာ နွေရာသီမှာ အသင်းမပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရနေလောက်ပြီလည်းဖြစ်ပါတယ်။

နဗီးလ်က "မန်စီးတီးကတော့ တကယ့်စပါယ်ရှယ်ပဲ၊ အန်ဖီးလ်မှာကစားခဲ့တဲ့ ပထမပိုင်းကတည်းက ပွဲကအပြတ်အသတ်ဖြစ်သွားခဲ့သင့်တာပါ၊ သူတို့ ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦးမခေါ်ယူနိုင်ခဲ့တဲ့ အကျိုးကို ပေးဆပ်ခဲ့ရတာပါ၊ ရာသီကုန်မှာလည်း ဒီလိုမျိုးဖြစ်သွားနိုင်ပါတယ်၊ အချိန်တိုအတွင်း သူတို့ပြိုလဲသွားနိုင်တဲ့အကြောင်းရင်းကတော့ သူတို့မှာ တစ်ရာသီကို ၂၅ ဂိုး၊ ဂိုး ၃၀ လောက်သွင်းပေးနိုင်မယ့် တိုက်စစ်မှူးမျိုးမရှိလို့ပါပဲ"


"ကိန်းကို ခေါ်ယူနိုင်ဖို့ သူတို့အပြီးသတ်မလုပ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ဒီမတိုင်လည်း ဆန်းချက်ဇ်တုန်းက ဒီလိုပဲ သူတို့ဖြစ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် ဒုတိယအစီအစဉ်ဆိုတာကတော့ ရှိသင့်ပါတယ်၊ ကွင်းလ်လူတွေနဲ့ အသင်းကိုတည်ဆောက်ကစားနေတဲ့ ဂွာဒီယိုလာရဲ့အိုင်ဒီယာကို ကျွန်တော်သဘောကျပါတယ်၊ ဒါပေမယ့်လည်း သူတို့မှာ တိုက်စစ်မှူးမရှိတဲ့အချက်ကိုတော့ ကျွန်တော်သံသယဖြစ်နေပါတယ်၊ သူတို့ ကိန်းကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒီလိဂ်ပြိုင်ပွဲက ပြီးဆုံးသွားပြီဆိုတာ ခင်ဗျားကို ကျွန်တော်အခုပြောနိုင်တယ်" လို့ နဗီးလ်က ပြောသွားခဲ့ပါတယ်။ 


မန်စီးတီးဟာ ကိန်းကို ခေါ်ယူဖို့လုံးပမ်းခဲ့ပေမယ့် စပါးက မရောင်းချဘူးလို့ အပြတ်ပြောခဲ့သလို တဖက်မှာလည်း ကစားသမားကိုယ်တိုင်က အသင်းမှာဆက်ရှိနေမယ်လို့ ကတိပေးခဲ့ပြီးနောက် ဒီအပြောင်းအရွှေ့က ပြီးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။

Share

က္က