ခြေတလှမ်းနောက်ကျတာနဲ့ ဂိုးပေးရနိုင်တာကြောင့် အချိန်ကိုက်အတွင်း နေရာယူမှန်ဖို့အတွက် မဆုတ်မနစ်အားထုတ်ရပြီး ဗဟိုခံစစ်မှူးတစ်ဦးရဲ့ တာဝန်က ပေါ့သေးသေးမဟုတ်တာတော့ သေချာပါတယ်။

ဘောလုံးအသင်းတစ်သင်းမှာ ဗဟိုခံစစ်မှူးတစ်ဦးရဲ့ တာဝန်က အရမ်းအရေးကြီးပါတယ်။ နေရာတိုင်းက အရေးကြီးတယ်လို့ဆိုရပေမယ့်လည်း ပြိုင်ဘက်အသင်းရဲ့ ထိုးဖောက်လာမှုတွေကို ဟန့်တားကာကွယ်ဖျက်ထုတ်ရာမှာ ဗဟိုခံစစ်မှူးတွေရဲ့ အရည်အသွေးနဲ့

အရည်အချင်းက အများကြီးတာသွားပါတယ်။

ဒီဘက်ခေတ်မှာဆိုရင် နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းတွေ ပိုပြီးကျယ်ပြန့်လာတာနဲ့အမျှ ဗဟိုခံစစ်မှူးတွေရဲ့ အရေးပါမှုအခန်းကဏ္ဍက ပိုမိုကြီးမားလာပြီး နည်းပြတိုင်းရဲ့ အားအထားရဆုံးသူတွေလည်းဖြစ်လာပါတယ်။ ပုံမှန်အားဖြင့် ဗဟိုခံစစ်မှူးတစ်ဦးက အရပ်အမောင်းကောင်းမွန်ပြီး သန်မာမှုအပြည့်အဝရှိရပါတယ်။ ဘောလုံးကို ကောင်းကောင်းကိုင်ကစားနိုင်စွမ်းရှိပြီး ကောင်းမွန်တဲ့ပေးပို့မှုတွေကို လုပ်နိုင်ရပါတယ်။ ပြီးရင်တော့ ပွဲအနေအထားကို ကောင်းကောင်းဖတ်တတ်ဖို့ကလည်း လိုအပ်ပြန်ပါတယ်။ ခြေတလှမ်းနောက်ကျတာနဲ့ ဂိုးပေးရနိုင်တာကြောင့် အချိန်ကိုက်အတွင်း နေရာယူမှန်ဖို့အတွက် မဆုတ်မနစ်အားထုတ်ရပြီး ဗဟိုခံစစ်မှူးတစ်ဦးရဲ့ တာဝန်က ပေါ့သေးသေးမဟုတ်တာတော့ သေချာပါတယ်။ ဗဟိုခံစစ်နေရာမှာ ကစားဖို့ ကွဲပြားခြားနားတဲ့ အစိတ်အပိုင်းတွေအများကြီးရှိပါတယ်။ အခုပြောပြချင်တာကတော့ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုကစားရမယ်၊ စဉ်းစားရမယ့်အရာတွေနဲ့ လေ့ကျင့်အားထုတ်ရမယ့်အပိုင်းတွေကို ယေဘုယျအားဖြင့် အနည်းငယ်ပြောချင်တာပါ။ 

Photo: Complete Soccer Guide

မှတ်ယူထားသင့်တဲ့အချက်

ဗဟိုခံစစ်မှူးတွေက ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ရှိသင့်တယ်လို့ဆိုရပါမယ်။ ဘောလုံးကို ကောင်းကောင်းဖြန့်ကျက်ပေးနိုင်ပြီး ပွဲအနေအထားကိုလည်း အချိန်တိုအတွင်းမှာ ကျက်မိအောင် အားထုတ်ရမယ့်သူတွေပါ။ သူတို့ရဲ့ အားထုတ်မှုကနေ စက္ကန့်ပိုင်းအတွင်းမှာပဲ ဂိုးတစ်ဂိုးရအောင်

စွမ်းဆောင်နိုင်တာမို့ ဒီအချက်တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် ကြိုးစားအားထုတ်သင့်ပါတယ်။ အသင်းတစ်သင်းမှာ အသင်းခေါင်းဆောင်အဖြစ် ဗဟိုခံစစ်မှူးတွေကို တာဝန်ပေးလေ့ရှိတာက ခေါင်းဆောင်နိုင်တဲ့စိတ်ဓာတ်ပိုင်ဆိုင်ထားလို့ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ 

Photo: Trending Us

သိထားသင့်တဲ့အချက်များ


၁။ ဗဟိုခံစစ်မှူးတစ်ယောက်က playmaker တစ်ဦးအဖြစ် လုပ်ပြဖို့မဟုတ်ပါဘူး။ ဘောလုံးလက်ခံရရှိချိန်မှာ နေရာလွတ်မှာရှိနေတဲ့ အသင်းဖော်ဆီကို ရိုးရှင်းတဲ့ ပေးပို့မှုပြုလုပ်ပေးပြီး အလွယ်တကူပဲ ကစားကွက်ထဲမှာ ပါဝင်နိုင်ပါတယ်။


၂။ ခေါင်းတိုက်ဘောတွေ၊ နောက်ပြန်ပေးမှုတွေက တိကျနေပါစေ။ ပထမဆုံးဘောလုံးပေးပို့မှုတိုင်းကို ရိုးရိုးရှင်းရှင်းပဲပြုလုပ်ပါ။ အောင်မြင်တဲ့ပေးပို့မှုတိုင်းအတွက် စိတ်ကျေနပ်နှစ်သိမ့်နေရပါမယ်။ 


၃။ နေရာယူမှန်ကန်ဖို့ နဲ့ ပွဲကို ကောင်းကောင်းဖတ်နိုင်အောင် ကြိုးစားရပါမယ်။ ဥပမာအားဖြင့် ညာအစွန်ခံစစ်အသင်းဖော်ရဲ့ နောက်နေရာလွတ်ကနေ ပြိုင်ဘက်တိုက်စစ်မှူးက ထိုးဖောက်ဖို့ ကြိုးစားလာခဲ့မယ်ဆိုရင် ဗဟိုခံစစ်မှူးတစ်ဦးအနေနဲ့ ညာခြမ်းကို ကာကွယ်ပေးနိုင်ဖို့အတွက် လှုပ်ရှားရပါတယ်။

ပြီးရင်တော့ ကိုယ့်ကိုပြန်ပြီး ကာဗာလုပ်ပေးဖို့ ညာအစွန်လူကို ဗဟိုခံစစ်နေရာ ဝင်ကစားပေးဖို့ အော်ဟစ်ညွှန်ကြားပေးတာမျိုးပါ။ ဒီနေရာမှာ ဂျွန်တယ်ရီက အရမ်းထူးချွန်ပါတယ်။ သူကိုယ်တိုင်လည်း နေရာမှန်မှန်ယူတတ်ပြီး ညာခြမ်းကို အမြဲတမ်းကာကွယ်ပေးနိုင်ပါတယ်။


၄။ အချိန်စောပြီး ကွင်းလယ်ထိတက် ဖြတ်ထုတ်ဖို့ မကြိုးစားသင့်ပါဘူး။ ပုံမှန်အားဖြင့် တိုက်စစ်ကစားသမားက ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးလာပြီဆိုရင် ပြေးဝင်ပြီး လုယူဖို့ ကြိုးစားမယ့်အစား ခံစစ်အတွင်းစည်းထဲထိ ဆုတ်ပြီးတော့ ပြိုင်ဘက်ကစားရခက်အောင် အားထုတ်သင့်ပါတယ်။ လီဗာပူးလ်ခံစစ်မှူး

ဗန်ဒိုက် မကြာခဏဆိုသလို လုပ်ပြလေ့ရှိတဲ့ ပုံစံပါ။


၅။ ခံစစ်တန်းတစ်ခုလုံးကို စည်းရုံးလှုံ့ဆော်ပေးပါ။ ရှေ့တက်၊ နောက်ဆုတ်၊ ဘယ်လှည့်၊ ညာလှည့်တွေကို ညွှန်ကြားပေးနိုင်ရပါမယ်။ ဆိုလိုတာကတော့ ခံစစ်အသင်းဖော်တွေရဲ့ အနေအထားကို ကြည့်ပြီး လိုအပ်သလို အော်ဟစ်ညွှန်ကြားပေးဖို့ဖြစ်ပြီး ဟန်ချက်ညီညီလှုပ်ရှားနိုင်မယ်ဆိုရင် ကျစ်လစ်တဲ့ခံစစ်စည်းကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ 

နာမည်ကျော်ဗဟိုခံစစ်မှူးတွေတိုင်းမှာ ရှိနေတဲ့ အရည်အသွေးပါပဲ။ ရာမို့စ်၊ ဗီဒစ်၊ ကင်နာဗာရို၊ မာဒီနီတို့လို ကစားသမားတွေ အထူးချွန်ဆုံးဖြစ်ပါတယ်။ 


၆။ အမြင့်ဘောလုယူမှုတိုင်းမှာ အသာစီးရအောင် အားထုတ်ရပါမယ်။


၇။ ဘောလုံးရရှိထားပြီးတော့ လူပေးဖို့အတွက် ခက်ခဲနေပြီး ကိုယ့်နားမှာလည်း ပြိုင်ဘက်ကစားသမားတွေရှိနေတယ်ဆိုရင် မရှင်းလင်းတဲ့ ပေးပို့ပုံအနေအထားနဲ့ နောက်ကိုပြန်မပေးသင့်တော့ပါဘူး။ လက်ပစ်ဘောလုပ်ပစ်လိုက်တာမျိုး၊ မတတ်သာတဲ့အဆုံးမှာ ထောင့်ကန်ဘောအဖြစ်ခံလိုက်တာမျိုး ဒါမှမဟုတ် ရှေ့ကိုကန်ထုတ်ပစ်တာမျိုးတွေ လုပ်ပြီး အသင်းကိုပြန်စုစည်းဖို့အတွက်ပဲ အားထုတ်သင့်ပါတယ်။ 

ဒီအနေအထားက ပိုပြီးစိတ်ချရပါတယ်။ ဒီလိုမှမဟုတ်ဘဲ လူပေးမှားတာ၊ ပေးပို့တာအားနည်းတာကနေ ပြိုင်ဘက်အသင်းက ဖြတ်ယူသွားပြီး ဂိုးသွင်းသွားတာမျိုးတွေက မကြာခဏကြုံရတတ်ပါတယ်။ 

Photo: Street Side Soccer

အမှားအများဆုံးပြုလုပ်တတ်မှု

ပေးပို့မှုမှားယွင်းတာ၊ Playmaker တစ်ဦးလိုပုံစံမျိုး ကြိုးစားတာတွေက ဗဟိုခံစစ်မှူးတွေ အများဆုံးကျူးလွန်တတ်တဲ့အမှားပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ ပေးပို့နိုင်အောင်ကိုပဲ အားထုတ်သင့်ပြီး မလိုအပ်ဘဲ ဘောလုံးကိုအချိန်အကြာကြိး ကိုင်ကစားတာမျိုး၊ ဘောလုံးနဲ့အတူရှေ့ကိုဆွဲပြေးတာမျိုး လုပ်ဆောင်တာကိုတွေ ရှောင်ရပါမယ်။ 

Photo: The Guardian

လေ့ကျင့်သင့်သည့်အပိုင်းများ

ခေါင်းတိုက်တဲ့နည်းစနစ်တွေကို ကျွမ်းကျင်နေအောင် လေ့ကျင့်ရမှာပါ။ ခန္ဓာကိုယ်ကို အလွယ်တကူယိမ်းနွဲ့ပြီး လှည့်တတ်အောင်လည်း ကြိုးစားရပါမယ်။ ပြိုင်ဘက်တိုက်စစ်မှူးရဲ့ လှုပ်ရှားဟန်ကိုကြည့်ပြီး ဘာလုပ်မလဲဆိုတာကို သိနိုင်အောင် သူတို့ရဲ့ကစားဟန်ကို မကြာခဏကြည့်ရှုပြီး လက်တွေ့လေ့ကျင့်သင့်ပါတယ်။


Share

Loading Next Article...
က္က