ပရီးမီးယားလိဂ်သမိုင်းမှာ မယုံကြည်လောက်ဖွယ်ရာ ကစားသမားတွေ အများအပြားထွက်ပေါ်ခဲ့ပါတယ်။ ပရိသတ်တွေဟာလည်း အံ့အားသင့်ဖွယ်ထူးခြားတဲ့ ကစားသမားတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြရတာပါ။ အရည်အသွေးမြင့်ကစားသမးာတွေ၊ ထာဝရအကောင်းဆုံးလို့ ဆိုစမှတ်ပြုရမယ့် ကစားသမားတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အချက်အလက်၊ မှတ်တမ်းတွေနဲ့ ထောက်ချင့်မယ်ဆိုရင်တော့ အကောင်းဆုံးကစားသမား ၃ ဦးကို အခုလိုပဲ မြင်တွေ့ရနိုင်ပါတယ်။ 

Photo: Goal.com

၀ိန်းရွန်နီ

ပရီးမီးယားလိဂ်ရဲ့ ပရိသတ်အားပေးမှုအများဆုံးရကစားသမားတွေထဲက တစ်ဦးပါ။ အင်္ဂလန်တိုက်စစ်မှူးက သူ့ရဲ့ရွှေရောင်နေ့ရက်တွေအတွင်း အသင်းလိုက်ရော၊ တဦးချင်းမှာပါ အောင်မြင်မှုအများအပြားရရှိခဲ့ပြီး မှတ်တမ်းများစွာလည်း ရေးထိုးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူး

တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဲဗာတန်အကယ်ဒမီက ထွက်ပေါ်ခဲ့တဲ့ ရွန်နီဟာ ယူနိုက်တက်ကို လူငယ်ကစားသမားအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူပါ။ အာဆင်နယ်ရဲ့ ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ခဲ့သူဖြစ်ပြီး သူ့အသက် ၁၇ နှစ်မပြည့်ခင် ငါးရက်အလိုမှာပဲ ဂိုးသွင်းနိုင်ခဲ့ကာ အသက်အငယ််ဆုံး

ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယူနိုက်တက်မှာတော့ သူ့ရဲ့ခြေစွမ်းက ပိုပြီးတောက်ပခဲ့ပြီး ၁၃ နှစ်တာကာလအတွင်း ဂိုးအများအပြားရရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပထမဆုံး ၁၀ နှစ်မှာ ၁၅၈ ဂိုးအထိ ရရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ကလပ်သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

အမှတ်ပေးဖလားငါးလုံး၊ ချန်ပီယံလိဂ်ဖလား ၁လုံး နဲ့ အခြားဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၂ကြိမ်၊ လူငယ်ဆုကို ၁ ကြိမ်ရယူနိုင်ခဲ့ကာ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံး ၅ ရာသီမှာာ တိုက်စစ်နေရာစုံလိုက်လံကစားပေးခဲ့ပါတယ်။ ပရိသတ်အချစ်တော်ကစား

သမားဖြစ်ခဲ့ပြီးနောက် သူက မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေ အဲဗာတန်၊ အဲဒီကတဆင့် ဒါဘီကိုပြောင်းရွှေ့ပြီး ကစားသမားဘဝကို အဆုံးသတ်ခဲ့ကာ အခုတော ့နည်းပြတစ်ဦးအဖြစ် စတင်နေပြီဖြစ်ပါတယ်။ လိဂ်ဂိုးပေါင်း ၂၀၈ ဂိုး (ဒုတိယနေရာ)၊ ဖန်တီးမှု ၁၀၃ ကြိမ် (တတိယအများဆုံး)

ဖြစ်ခဲ့ပါတယ်။

Photo: The Sun

ရော်နယ်ဒို

ဖန်တရာတေနေပြီဖြစ်တဲ့ ရော်နယ်ဒိုရဲ့ အကြောင်းက ပြောတဲ့သူသာ မောသွားပါမယ်။ ပြောမဆုံးပေါင်တောသုံးထောင်လိုဖြစ်နေပါတယ်။ စပို့တင်းကနေ ယူနိုက်တက်ကို ရောက်လာတဲ့ ဒီကစားသမားဟာ ဖာဂူဆန်လက်အောက်မှာ တိုးတက်မှုတဟုန်ထိုးဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့်ကစားသမားအဖြစ် ခြောက်နှစ်အတွင်းမှာပဲ ရပ်တည်ခဲ့ပါတယ်။

အသက် ၁၈ နှစ်မှာ အင်္ဂလန်ရောက်ခဲ့တဲ့ ရော်နယ်ဒိုက ၂၄ နှစ်အရွယ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့တာပါ။ ယူနိုက်တက်အတွက် အောင်မြင်မှုတွေယူပေးခဲ့သလို သူ့ရဲ့တဦးချင်းအောင်မြင်မှုမှတ်တမ်းတွေကလည်း မနည်းပါဘူး။ အင်္ဂလန်ပရီးမီးယားလိဂ်ကနေ ဘလွန်းဒီအော်ဆုရရှိတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် 

ရပ်တည်နိုင်ခဲ့တာက ထင်ရှားပါတယ်။ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ လိဂ်ဂိုး ၃၁ ဂိုးနဲ့ ရွှေဖိနပ်ဆု ဆွတ်ခူးခဲ့ပြီး အမှတ်ပေးဖလားကိုလည်း ရယူပေးခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ပရိသတ်တွေကရွေးချယ်တဲ့ အကောင်းဆုံးကစားသမား၊ လူငယ်ကစားသမားဆု၊ ကလောင်ရှင်တွေရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု

အစရှိတဲ့ ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာပဲ လူငယ်အကောင်းဆုံးဆုနဲ့ တစ်နှစ်တာအကောင်းဆုံးဆုရတဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပြီး သူမတူတဲ့စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဘလွန်းဒီအောဆုအတွက် မက်ဆီ၊ တောရက်စ်တို့ကို ကျော်ဖြတ်နိုင်ခဲ့ကာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့

ရီးရဲလ်ကို သူ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ ၆ နှစ်သာ ကစားခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကြောင့် ထာဝရအကောင်းဆုံးကစားသမားစာရင်းထဲမှာ ပါဝင်နိုင်ခဲ့သလို ဘယ်တော့မှမေ့မရမယ့် ကစားသမားမျိုးလည်းဖြစ်ပါတယ်။

Photo: The Sun

အွန်နရီ

အာဆင်နယ်နာမည်ကျော်တိုက်စစ်မှူးဟောင်းကတော့ လှပသေသပ်တဲ့ ဂိုးသွင်းဟန်၊ တိကျတဲ့အဆုံးသတ်မှုတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ အင်္ဂလန်မှာ ၈နှစ်ကစားခဲ့တဲ့ အွန်နရီဟာ ပရီးမီးယားလိဂ်ဖလား ၂လုံးရယူနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့အကောင်းဆုံးထဲက တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ သူ့လိုတိုက်စစ်မှူးမျိုး ထပ်မတွေ့နိုင်ဘူးဆိုတဲ့ မှတ်ချက်ပြုမှုတွေလည်း

ရယူနိုင်ခဲ့ပြီး ၁၉၉၉ မှာ အာဆင်နယ်ကို မိုနာကိုကနေ ပေါင် ၁၁ သန်းနဲ့ ရောက်လာခဲ့တာပါ။ တောင်ပံကစားသမားတဦးအဖြစ် စတင်ခဲ့တဲ့ အွန်နရီဟာ ဝင်းဂါးရဲ့ ပဲ့ကို်င်မှုနဲ့ တိုက်စစ်မှူးဖြစ်လာခဲ့ပြီး ၁၈ ကိုက်စည်းထဲမှာ ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် သူက တစ်ရာသီတည်းမှာပဲ ၃၂ ဂိုးသွင်းယူခဲ့ပြီး ဒိမှတ်တမ်းကို 

လိုက်မီဖို့အတွက် နှစ်ပေါင်း ၂၀ နီးပါးကြာမြင့်ခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံးဆုတွေ၊ ရွှေဖိနပ််ဆုတွေလည်း မကြာခဏရယူနိုင်ခဲ့ပြီး သူ့ရဲ့ဖန်တီးနိုင်စွမ်းရည်က မြင့်မားခဲ့ပါတယ်။ အာဆင်နယ်ခေတ်တခေတ်ထူထောင်မှုမှာ အွန်နရီက မရှိမဖြစ်ပါဝင်ခဲ့ပြီး ပရိသတ်အသည်းစွဲတိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။ ငါးရာသီဆက်တိုက် ဂိုးပေါင်း ၂ဝနဲ့အထက် သွင်းယူနိုင်ခဲ့သလို

ရွှေဖိနပ်ဆုကိုလည်း လေးကြိမ်အထိ စံချိန်တင်အရေအတွက်နဲ့ ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၇ မှာတော့ သူက ဘာစီလိုနာကိုပြောင်းရွှေ့သွးာခဲ့ပြီး ပရီးမီးယားလိဂ်ကို နှုတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့ကျော်ကြားမှုတွေကတော့ အခုထိ တောက်ပနေဆဲပါ။ အာဆင်နယ်အတွက် ၂၅၈ ပွဲမှာ ၁၇၅ ဂိုးနဲ့ ၇၄ ကြိမ်ဖန်တီးမှုလုပ်ပေးခဲ့ပြီး သမိုင်းတလျှောက်အကောင််းဆုံးကစားသမားလို့

ယူဆခံခဲ့ရသူဖြစ်ပါတယ်။ 


Share

က္က