၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ရန်းနက်စ်ကနေ ချယ်လ်ဆီးကို ပေါင်သန်း ၂၀ နဲ့ မန်ဒီရောက်လာချိန်မှာ အားလုံးရဲ့မျက်လုံးတွေက သူ့အပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ 

Photo: RTE

ချယ်လ်ဆီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဂိုးသမားကီပါက လက်စွမ်းကျဆင်းနေပြီး

အသင်းအတွက် အခက်အခဲတွေဖြစ်နေချိန်မှာ လမ်းပတ်က မန်ဒီကို ခေါ်ယူခဲ့တာပါ။ ချယ်လ်ဆီးကို သူ ရောက်ရောက်ချင်းပဲ ပွဲထွက်ခွင့်ရခဲ့ပြီး စပါးနဲ့ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာတော့ သူ ပယ်နယ်တီတစ်လုံးမှ မဖမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကစပြီးတော့ 

ပရီးမီးယားလိဂ် သုံးပွဲနဲ့ ချန်ပီယံလိဂ် ၂ပွဲ၊ စုစုပေါင်းငါးပွဲဆက်တိုက် ပေးဂိုးမရှိအောင် မန်ဒီ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 


"ပထမဆုံးပွဲကတည်းက သူ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို ပြသနိုင်ခဲ့ပြီးတော့ သူ့ကို ဘာလို့ကြိုးစားခေါ်ယူခဲ့ရသလဲဆိုတာက အဲဒါပါပဲ" လို့ ဘန်လေကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြဟောင်းလမ်းပတ်က ဆိုခဲ့ပါတယ်။ ဒီလိုနဲ့ပဲ

မန်ဒီက ချယ်လ်ဆီးမှာ ပထမဂိုးသမားနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ဂိုးသမားတစ်ဥိးအတွက် စံချိန်တင်မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးဂိုးပေါက်ဝကို အကောင်းဆုံးဖြစ်အောင် စောင့်ကြပ်နိုင်ခဲ့ပြီး ကီပါကတော့ အရန်ခုံမှာ အရှင်းသားထိုင်နေခဲ့ရပါတယ်။


လမ်းပတ်နေရာကို တူချယ်လ်အစားထိုးဝင်ရောက်လာချိန်မှာတော့ မန်ဒီရဲ့ အရည်အသွေးက ပိုမိုတောက်ပြောင်လာခဲ့ပါတယ်။ တူချယ်လ်လက်ထက်မှာ အံ့အားသင့်ဖွယ်ရာခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့အတူ မန်ဒီကလည်း လက်စွမ်းပြခဲ့ပြီး ချယ်လ်ဆီးက ဂိုးသွင်းရခက်တဲ့အသင်းဖြစ်လာခဲ့ပါတယ်။

ဘယ်လိုအသင်းပဲဖြစ်ဖြစ် ချယ်လ်ဆီးဂိုးပေါက်ထဲ ဘောလုံးရောက်ဖို့ မနည်းအားထုတ်ခဲ့ရတာပါ။ အဲဒီအသင်းတွေထဲမှာ မန်စီးတီး၊ ရီးရဲလ်တို့လို အသင်းတွေပါဝင်ခဲ့ပြီး ဒါဟာ ကံတရားမဟုတ်ဘဲ စစ်မှန်တဲ့စမ်းသပ်မှုကို ခံနိုင်ရည်ရှိတာကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


မန်ဒီကလည်း ချယ်လ်ဆီးနဲ့အတူ ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ရွှေလက်အိတ်ဆုရသွားတဲ့ မန်စီးတီးဂိုးသမားအီဒါဆန်ထက် ပွဲအရေအတွက်သုံးပွဲသာ လျော့နည်းပြီး ဒုတိယနေရာမှာ ရှိနေခဲ့တဲ့အထိ လက်စွမ်းပြနိုင်ခဲ့တာပါ။ ဒါဟာ

ဒါဟာ ၂၀၁၄ ခုနှစ်တုန်းက အလုပ်လက်မဲ့ဘဝကိုရောက်နေပြီး သူတို့ရဲ့ပထမဆုံးကလေးအတွက် ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာကို စိုးရိမ်နေခဲ့ရတဲ့ မန်ဒီရဲ့ နေ့စွဲဟောင်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ရပါတယ်။ 

Photo: The Telegraph

ဆီနီဂေါဂိုးသမားဟာ ပြင်သစ်မြောက်ပိုင်းက လီဟာဗရီမြို့မှာ ဘေထုပ်ဆိုင်ဖွင့်ရမယ့် အခြေအနေအထိကို ရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်။ အလုပ်လက်မဲ့တစ်ဦးအနေနဲ့ စာရင်းသွင်းပြီး အလုပ်ရှာခဲ့ရတဲ့အထိ မန်ဒီက ဘဝကို ကြမ်းတမ်းစွာဖြတ်ကျော်ခဲ့ရပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာ လီဟာဗရီအေစီအကယ်ဒမီ

သင်တန်းကျောင်းကိုရောက်ခဲ့ပြီး ပရိုကစားသမားဘဝကို ပြင်သစ်လိဂ်အဆင့် ၅ ကလပ်ဖြစ်တဲ့ Cherbourg မှာ စတင်ခဲ့ရတာပါ။ အဲဒီအသင်းမှာ ၃ နှစ်ကြာကစားခဲ့ပြီးနောက် တစ်နှစ်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့ရပြီး ကစားသမားဘဝမသေချာတော့ဘူးလို့တောင် ခံစားမိခဲ့ကြောင်း မန်ဒီက ပြန်လည်ပြောပြခဲ့ပါတယ်။ 


အသက် ၂၂ နှစ်အရွယ်မှာတော့ မန်ဒီက အလုပ်လက်မဲ့တစ်ဦးအဖြစ် စာရင်းသွင်းခဲ့ပြီး ဘောလုံးပြင်ပမှာ အလုပ်တစ်ခုလိုက်ရှာနေခဲ့ရတာပါ။ ကံကောင်းချင်တဲ့တနေ့မှာတော့ အကယ်ဒမီက ဂိုးနည်းပြတစ်ဦးက သူ့ဆီကိုဖုန်းဆက်ခဲ့ပြီး မာဆေးလ်အသင်းက သူ့ကို စတုတ္ထမြောက်ဂိုးသမားအဖြစ်ခေါ်ယူချင်တဲ့အကြောင်း သတင်းပေး

လာခဲ့ပါတယ်။ အဆိုပါဂိုးနည်းပြကတော့ ဒေါမနစ်ဘာနာတိုဝှစ်ဖြစ်ပြီး မန်ဒီရဲ့ ကျေးဇူးရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ မာဆေးလ်မှာကစားဖို့အတွက် မဆိုင်းမတွဘဲ မန်ဒီကလက်ခံခဲ့ပြီး အရန်အသင်းမှာတောင်မှ အရန်ဂိုးသမားအဖြစ်စတင်ခဲ့ရတာပါ။ 


ဒီလောက်နဲ့မကျေနပ်နိုင်တဲ့ မန်ဒီဟာ ပုံမှန်ကစားခွင့်ရမယ့်အသင်းကိုအမြဲတမ်းရှာနေခဲ့ပြီး မာဆေးလ်မှာကစားပြီး တစ်နှစ်အကြာမှာ ရိမ်းစ်နဲ့လက်တွဲခဲ့ပါတယ်။ ရိမ်းစ် အဲဒီအချိန်မှာ လီဂူး ၂ မှာကစားနေတာဖြစ်ပြီး ရာသီအဖွင့်ပွဲမှာ ပထမဆုံးဂိုးသမား ဂျိုအန်ကာရက်ဆိုအနီကတ်နဲ့အထုတ်ခံရပြီးနောက် မန်ဒီက ငါးမိနစ်ကြာ ဝင်ကစား

ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ ပုံမှန်ကစားခဲ့ရပြီး ၇ ပွဲဆက်တိုက်ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပထမဂိုးသမားဖြစ်လာခဲ့ကာ နောက်တရာသီမှာ အသင်းနဲ့အတူ လီဂူးကိုတန်းတက်နိုင်ခဲ့ပါတယ်။ ရိမ်းစ်မှာလက်စွမ်းပြခဲ့တဲ့နောက် ရန်းနက်စ်ကို သူထပ်ပြောင်းရွှေ့ခဲ့ပြီး လီဂူးမှာ ၉ ပွဲအထိ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးအသင်းကို

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စ ွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

Photo: Sportskeeda

အခုဆိုရင်တော့ သူက ဆီနီဂေါမှာ သူရဲကောင်းတစ်ဦးဖြစ်နေပါပြီ။ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူပြီးနောက် ဇာတိမြေမှာ လက်ရွေးစင်အသင်းနဲ့ပူးပေါင်းဖို့ မန်ဒီပြန်ရောက်တဲ့အချိန်မှာ ပရိသတ်အများအပြားက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ မန်ဒီရဲ့ကားနောက်ကို တကောက်ကောက်ပြေးလိုက်ပြီး သူ့နာမည်ကိုအော်ဟစ်အားပေးနေတဲ့

မြင်ကွင်းက တကယ်ကိုကြက်သီးထစရာကောင်းလောက်အောင်ပါပဲ။ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲကစားပေးခဲ့ရာမှာ ၂၅ ပွဲအထိ ပေးဂိုးမရှိအောင် မန်ဒီကစွမ်းဆောင်ပြခဲ့ပြီး ပေးဂိုးကလည်း ၂၉ဂိုး သာ ရှိခဲ့ပါတယ်။ တစ်ပွဲကို ပျမ်းမျှ ၂.၅ ကြိမ် ကာကွယ်နိုင်စွမ်းရှိပြီး အဝေးဘောကန်တင်နိုင်စွမ်းမှာလည်း မန်စီးတီးဂိုးသမားအီဒါဆန်နဲ့ထပ်တူလုနီးပါး

စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါဟာ အလုပ်လက်မဲ့တစ်ဦးဘဝကနေ ဥရောပရဲ့အကြီးကျယ်အခမ်းနားဆုံးပြိုင်ပွဲကြီးမှာ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ မန်ဒီရဲ့ ဇာတ်ကြောင်းပါ။ ဘဝက ထင်သလောက်မရိုးရှင်းပေမယ့် လက်မလျှော့စတမ်းဆိုရင်တော့ အဆုံးတနေ့မှာ အောင်မြင်မှုက စောင့်ကြိုနေမယ်ဆိုတာကိုလည်း မန်ဒီက သက်သေပြခဲ့တာဖြစ်ပါတေ့ာတယ်။ 

Share

Loading Next Article...
က္က