ဒီလိုအစားအစာတွေ စားပြီးတဲ့အခါ ရေများများသောက်တာ ၊ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ ပြန်စားပေးရပါမယ်။

အခုခေတ်မှာဆိုရင် မြန်မာနိုင်ငံကို နိုင်ငံတကာက အစားအသောက်တွေ အမျိုးစုံ ဝင်ရောက်လာပြီး လူငယ်တွေ ၊ အမျိုးသမီးတွေဟာ မြန်မာ့ဒေသအစားအစာထက် နိုင်ငံခြားဖြစ် အစားအစာတွေကို ပိုမိုကြိုက်နှစ်သက်ပြီး စားသုံးလာကြပါတယ်။ ဒီအစားအစာတွေထဲမှာ အမျိုးသမီးတွေ အစားများပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေရှိတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပြုပြင်ထားသောအသား

လတ်လတ်ဆတ်ဆတ်ဝယ်စားတဲ့ အသားမျိုးမဟုတ်ဘဲ အရသာရှိအောင်ပြုပြင်ထားတဲ့ အသားတွေ ၊ ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်းလို အရသာရှိနေအောင် ပြင်ထားတဲ့အသားတွေဟာ အူမကြီးနဲ့အစာအိမ်ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဆိုပါတယ်။ 

Photo - aetnainternational

အနီရောင်အသား

အနီရောင်အသားတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်စေတယ်လို့ သုတေသနတွေက ဆိုပါတယ်။

ကင်ဆာကောင်စီရဲ့ အကြံပြုချက်အရ ကင်ဆာဖြစ်နိုင်ချေကိုလျှော့ချဖို့ ချက်ပြုတ်ထားတဲ့ အနီရောင်အသားကိုတစ်ပတ်လျှင် ၆၅ မှ ၁၀၀ ဂရမ်ထက်ပိုမစားသင့်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် အသားကင်နဲ့ တူးခြစ်နေတဲ့ အသားတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

အရက်

အခုခေတ်မှာဆိုရင် အရက်ကို ယောကျ်ားလေးတွေသာမက မိန်းကလေးတွေပါ လူမှုရေးအရ ပျော်ပွဲရွှင်ပွဲကစလို့ သူငယ်ချင်းတွေဆုံကြတဲ့အထိ အရက်ချိန်းသောက်ကြတာ ခေတ်စားလာပါတယ်။ဒါပေမယ့် အရက်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ လုံလောက်သောအထောက်အထားတွေ ရှိတယ်လို့ ကျန်းမာရေးစစ်တမ်းတွေက ဆိုပါတယ်။အထူးသဖြင့်အရက်သောက်သုံးမှုနဲ့ ဆက်နွယ်နေတဲ့ ကင်ဆာပုံစံတွေက ပါးစပ်၊ လည်ချောင်း၊ အစာပြွန်၊ ရင်သား၊ အသည်း၊ အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပါတယ်။

Photo - aetnainternational

အချိုရည်များ 

အဝလွန်ခြင်းက ကင်ဆာအများအပြားအတွက် အဓိကအန္တရာယ်ဖြစ်လို့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ အချိုရည်တွေ ၊ ဆိုဒါများတဲ့ အအေးတွေ အမြဲတမ်းသောက်ခြင်းက ကိုယ်အလေးချိန်ကို တိုးစေပြီး အဝလွန်ခြင်းကို ဖြစ်စေတာကြောင့် ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ရှိနေပါတယ်။

အသင့်စားအစားအစာများ

ခေါက်ဆွဲခြောက် ၊ ကြာဇံခြောက် ၊ အကင်ချောင်း ၊ အေးခဲအသား ၊ စည်သွပ်ဘူးတွေလို အမြန်အသင့်စား အစားအစာတွေဟာ ကိုယ်အလေးချိန်ကို တိုးစေပြီး သူ့မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကင်ဆာရောဂါအန္တရာယ်ရှိပါတယ်။ ဒီအစားအစာတွေက အဝလွန် ၊ ဆီးချို နဲ့ သွေးတိုးရောဂါတွေကိုလည်း ဖြစ်စေတဲ့အတွက် အမျိုးသမီးတွေ အစားများတဲ့ ဒီအစားအစာတွေဟာ ကင်ဆာအန္တရာယ်ရှိ အစားအစာတွေ ဖြစ်နေပါတယ်။

အစားအစာကနေ ကင်ဆာဖြစ်နိုင်ချေက ၃၀-၃၅ ရာခိုင်နှုန်းရှိတဲ့အတွက် ဒီအစားအစာတွေကို လုံးဝမစားရဘူးလို့ တားမြစ်တာမျိုးမလုပ်ပေမယ့်လည်း နေ့စဉ်စားသုံးနေတာမျိုးကိုတော့ ရှောင်ရမှာဖြစ်ပြီး တစ်ပတ်တစ်ကြိမ်လောက် စားတာမျိုးပဲ လုပ်ပြီး ဒီလိုအစားအစာတွေ စားပြီးတဲ့အခါ ရေများများသောက်တာ ၊ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ ပြန်စားသုံးတာမျိုး လုပ်ပေးရမယ်လို့ အာဟာရဗေဒဆိုင်ရာ ဆရာဝန် ဒေါက်တာဆုမြတ်သဇင်က Duwun ကို ပြောပါတယ်။

Share

Loading Next Article...
က္က