မျက်နှာလေးရဲ့ ချွေးပေါက်လေးတွေမှာ အညစ်အကြေးတွေကင်းစင်ပြီး နုပျိုလှပစေဖို့အတွက် Toner ကို သုံးပေးသင့်ပါတယ်။ Toner ဟာ မျက်နှာသန့်စင်ပြီးချိန်မှာ ချွေးပေါက်တွေထဲ ကျန်ရှိနေတဲ့ ချေးတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ အရာဖြစ်ပါတယ်။ နေ့စဉ် အသုံးပြုမယ်ဆိုရင် ချွေးပေါက်တွေကို ကျဉ်းလာစေပြီး အသားအရေကို နုပျိုကြည်လင်စေတဲ့ အကျိုးသက်ရောက်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။
Beauty by Emerald ရဲ့ တည်ထောင်သူ မခွာညိုမြင့်သူက Toner ရဲ့ လုပ်ဆောင်ချက်ကို ခုလို ရှင်းပြပါတယ်။
“Toner ဆိုတာကတော့ Skin Care မှာဆို initial Step ဖြစ်တဲ့ အဆင့်ပေါ့။ Cleansing ပြီးသွားတဲ့အခါမှာ Toner သုံးတဲ့ Step ပါ။ Toner က ဘာလဲဆိုတော့ မျက်နှာသစ်လိုက်တဲ့အခါမှာ မျက်နှာပေါ်က PH Level မညီတော့တာတွေကို ပြန်ညှိပေးတယ်။ ပြီးသွားရင် ချွေးပေါက်တွေမှာ ကျန်ညိခဲ့တဲ့ အညစ်အကြေးတွေကို ထုတ်ပေးတယ်။ အဲဒါကတော့ Toner ရဲ့ လုပ်ဆောင်ချက်ပါ။”
usa.renskincare.com
Toner အမျိုးအစားများ
အခြေခံအားဖြင့် toner အမျိုးအစား ၃ မျိုးရှိပါတယ်။ အစိုဓာတ်ထိန်းပေးတဲ့ toner တွေ၊ exfoliating toner တွေနဲ့ treatment toner တွေပဲဖြစ်ပါတယ်။
၁။ရေဓာတ်ဖြည့်ပေးတဲ့ Toner (Hydrating Toner)
ရေဓာတ်ဖြည့်ပေးတဲ့ Toner ရဲ့အဓိကအချက်က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းမှုကို အမြန်ဖြစ်စေပါတယ်။ ဒါ့အပြင်ဒီ toner တွေက အရေပြားပေါ်မှာကျန်နေတဲ့ အညစ်အကြေးတွေနဲ့ အညစ်အကြေးမှန်သမျှကိုတင်းကျပ်စွာဖယ်ရှားပေးပါတယ်။
၂။ Exfoliating Toner
Exfoliating Toners တွေကတော့ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားရောင်မညီညာမှု၊ မှဲ့ခြောက်နဲ့ကြမ်းတမ်းမှုတွေကိုဖယ်ရှားပေးပါတယ်။ Exfoliating Toners တွေဟာ ချွေးပေါက်တွေကိုသန့်ရှင်းစေပြီး အရေပြားပြသနာအမျိုးမျိုးကိုဖြေရှင်းပေးနိုင်ပါတယ်။ ပုံမှန်၊ ပေါင်းစပ်နှင့်အဆီပြန်အသားအရေတွေအတွက် သုံးစွဲနိုင်ပါတယ်။
dermcollective.com
၃။Treatment Toner
Treatment Toner တွေကတော့ soothing toner ၊ brightening toner ၊ anti-aging toner နဲ့ balancing toner စသဖြင့် စျေးကွက်ထဲမှာ ဝယ်ယူလို့ ရပါတယ်။ အသားအရေကိုရေဓာတ်ပိုမိုဖြည့်ပေးတာ ၊ အရေးအကြောင်းတွေကို ဖယ်ရှားပေးတာ ၊ အသားအရေကြည်လင်စေတာ စသဖြင့် Treatment Toner တွေကို ရွေးချယ်ဝယ်ယူလို့ ရပါတယ်။ treatment toner တွေက အဆီတွေ၊ ချွေးပေါက်ကျယ်တာတွေ၊ ထိခိုက်လွယ်တဲ့ အသားအရေသမားတွေ အသုံးပြုလို့ ရပါတယ်။
Toner အသုံးပြုစဉ်သတိထားသင့်တဲ့ အရာများ
တချို့ကကျတော့ Toner က သုံးဖို့မလိုဘူးလို့ ပြောကြပါတယ်။ ခုနောက်ပိုင်း Cleanser တွေမှာတော့ Toner သုံးစရာမလိုတဲ့ Cleanser တွေ တော်တော်များများ ထုတ်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့်က Toner က အသုံးပြုဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ Toner ကို cotton pad နဲ့ ထည့်ပြီး အားရပါးရတွေ တွန်းပြီးပွတ်ပြီး သုံးတာကို ရှောင်သင့်ပါတယ်။ အဲဒီလို လုပ်တာက ချွေးပေါက်တွေကို ကျယ်စေပါတယ်။ Alcohol ပါတဲ့ တိုနာတွေကို သုံးမယ်ဆိုရင် ချွေးပေါက်တွေကျယ်လာတာ ၊ အသားအရေတွေ ပိုခြောက်လာတာမျိုးတွေ ဖြစ်လာတတ်တယ်လို့ Beauty by Emerald ရဲ့ ဘလော့ဂါ မခွာညိုမြင့်သူက ရှင်းပြပါတယ်။
Toner အသုံးပြုနေသူတွေအတွက် အကြံပေးစကား
“Toner သုံးနေတဲ့သူတွေကို အကြံပေးချင်တာက Toner ကို ကိုယ်နဲ့ လိုက်ဖက်တဲ့ Toner ကို ရွေးချယ်ဖို့ လိုတယ်။ ကိုယ်က ဘာအတွက် သုံးနေတာလဲဆိုတာ သိဖို့ လိုတယ်။ ကိုယ်က ချွေးပေါက်ကျယ်တာအတွက် သုံးမှာလား၊ အရေးအကြောင်းအတွက် သုံးမှာလား၊ အသားအရေညစ်နွမ်းနေတာတွေသုံးမှာလား ဆိုတာကို စဉ်းစားရမယ်။ ချွေးပေါက်ကျယ်တာအတွက် ဆိုရင် PHA + BHA ပါတဲ့ Toner ကိုသုံးမယ်။ အသားအရေခြောက်သွေ့တယ် ဒါမှမဟုတ် ရေဓာတ်မပြည့်ဝသလို ခံစားရတယ်ဆိုရင် Hyaluronic Acid ပါတာ သုံးဖို့လိုပါတယ်” လို့ Beauty Blogger မခွာညိုမြင့်သူ က အကြံပြုလိုက်ပါတယ်။
ကဲ.. အဲဒီတော့ နေ့စဥ် ကိုယ်သုံးနေတဲ့ တိုနာက ကိုယ်နဲ့ ကိုက်ညီရဲ့လား၊ တိုနာသုံးနည်းမှန်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ပြီး မဒီတို့အားလုံး တိုနာကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုလို့ အလှတိုးနိုင်ကြပါစေနော်။