ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက်ကော အလှအပအတွက်ပါ အရမ်းကို ကောင်းမွန်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒိန်ချဉ်မှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်၊ ဇင့်နှင့်ဗီတာမင်ဘီ -၁၂ တို့ပါဝင်ပါတယ်။
Photo: Nigerian Finder
၁။ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်
ဒိန်ချဉ်နေ့စဉ်စားသုံးတဲ့ အမျိုးသမီးတွေဟာ နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေအလွန်နည်းပါးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေကာ သက်ရှည်ကျန်းမာစေပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ "Nutrition Research” အရ နေ့စဉ် ဒိန်ချဉ်စားသုံးပေးခြင်းဟာ သွေးဖိအားနည်းတာတွေ ၊ သွေးတွင်းသကြားဓာတ်တွေကို ထိန်းညှိပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ ဒိန်ချဉ်ကို နေ့စဉ်စားသုံးပေးတဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါ ၊ ဆီးချိုရောဂါစတဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေနည်းပါးပါတယ်။
Photo: Health Digest
၂။အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်
ကိုယ်အလေးချိန် ထိန်းချင်တဲ့ အမျိုးသမီးတွေအတွက်တော့ ဒိန်ချဉ်ဟာ ထိရောက်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒိန်ချဉ်မှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျေနပ်ပြည့်ဝစေတဲ့စိတ်ကို ဖြစ်ပေါ်စေပြီး အလွယ်တကူဗိုက်မဆာနိုင်တော့ပါ။
Photo: Beautylish
၃။ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်
ဒိန်ချဉ်မှာ အမျိုးသမီးတွေရဲ့ အစာခြေလမ်းကြောင်းမှ ာသဘာဝကျကျရှိနေတတ်တဲ့ ကျန်းမာတဲ့ဘက်တီးရီးယားတွေပါ ၀ င်တာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်ရဲ့ လေ့လာမှုတစ်ခုအရ “ အသက် ၁၈ မှ ၅၅ နှစ်ကြားအမျိုးသမီးတွေမှာ probiotic ပါဝင်သောဒိန်ချဉ်ကိုပုံမှန်စားသုံးခြင်းဟာ ၀မ်းချုပ်ခြင်းနှင့်ဝမ်းချုပ်ခြင်းနှင့်ဆက်စပ်သောဝေဒနာများကိုလျော့ပါးစေတယ်လို့ သိရပါတယ်။
Photo: Beautylish
၄။အသားအရေကို နူးညံ့ချောမွေ့စေတယ်
ဒိန်ချဉ်ထဲမှာ ဗီတာမင်ဘီတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီးခြောက်သွေ့တဲ့ အသားအရေတွေကိုလည်း ကုစားပေးပါတယ်။ ဒိန်ချဉ်ထဲမှာပါဝင်တဲ့ ဗီတာမင် B2 ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တာကြောင့် အရေပြားခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ကယ်လ်စီယမ်ဓာတ်လည်း ပါ၀င်တာကြောင့် အရေပြားဆဲလ်များတည်ဆောက်ခြင်းကိုအထောက်အကူပြုပြီးခြောက်သွေ့သောအသားအရေကိုကျန်းမာစေတဲ့အပြင် ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ အာနိသင်တွေ ပေးပါတယ်။ နေရောင်ခြည်ကြောင့်အသားအရေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါတဲ့အပြင် ဒိန်ချဉ်မှာပါတဲ့လက်တစ်အက်စစ်ကခြောက်သွေ့ပြီးသေသွားတဲ့ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကိုချောမွေ့စေပါတယ်။
Photo: Beautylish
၅။ဆံသားကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဒိန်ချဉ်မှာ ပါဝင်တဲ့ ဗီတာမင် B5 နဲ့ D က ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးပြီး ဆံသားတွေကို ကောင်းမွန်စေကာ ထူထဲတောက်ပြောင်စေပါတယ်။ ဒိန်ချဉ်ကို စားသုံးတာ ဒါမှမဟုတ် ဆံသားကို ဒိန်ချဉ်နဲ့ ပေါင်းတင်ပေးခြင်းအားဖြင့် ခြောက်သွေ့ဆံသားတွေကို နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးပြီး ဦးရေပြားနဲ့ ဆံပင်အရင်းကို အာဟာရဖြည့်ပေးကာ ဗောက်တွေကိုလည်း သေစေတဲ့ အစွမ်းသတ္တိအပြည့်ရှိပါတယ်။
ဒီလို အမျိုးသမီးတွေအတွက် ကျန်းမာရေးကော အလှအပအတွက်ပါ ဘက်စုံဖြည့်စွမ်းပေးနိုင်တဲ့ ဒိန်ချဉ်ကို နေ့စဉ် စားသုံးပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။
Ref: livestrong.com,emedihealth.com