‌ဗောက်တွေကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပါ။

ခေါင်းပေါ်မှာ ဗောက်တွေ ထလာပြီး ခေါင်းတစ်ခုလုံး ဘေးကလူတွေပါ မြင်ရလောက်အောင် ဖွေးဖွေးလှုပ်နေတာမျိုးဆိုရင် ဗောက်တွေသေအောင်လုပ်ဖို့ တာဝန်ရှိလာပါပြီ။ ဗောက်တွေဟာ ဦးရေပြားတွေခြောက်သွေ့တာ၊ ဦးရေပြားယားယံတာ ၊ မတည့်တဲ့ ကုန်ပစ္စည်းတွေ အသုံးပြုမိတာနဲ့ ဦးရေပြားမှာ မှိုစွဲတာတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ 

ဒီလို လူကို စိတ်အနှောင့်အယှက်ပေးနိုင်လွန်းတဲ့ ဗောက်တွေကို အိမ်တွင်းကုထုံးတွေနဲ့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ 

Photo: The List

၁။ အုန်းဆီကိုသုံးပါ

ဦးရေပြားအတွက် အသုံးပြုရတဲ့ အုန်းဆီဟာ ဗောက်ကိုလည်း ပျောက်စေတဲ့ သဘာဝဆေးတစ်လက်လည်း ဖြစ်ပါတယ်။ အုန်းဆီဟာ ဦးရေပြားရဲ့ အစိုဓာတ်ကို မြှင့်တင်ပေးပြီး ဦးရေပြားခြောက်သွေ့တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ လူ ၃၄ ဦး ကို အုန်းဆီအသုံးပြုပြီး လေ့လာခဲ့တဲ့လေ့လာချက်အရ အုန်းဆီဟာ ဗောက်ထခြင်းကိုဖြစ်စေတဲ့ အရေပြားအခြေအနေကိုကုသရာမှာ အထောက်အကူပေးနိုင်ကြောင်း တွေ့ရပါတယ်။ အုန်းဆီမှာ ပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဦးရေပြားကို ရေဓာတ်ကိုမြှင့်တင်ပေးပြီးနှင်းခူနှင့်ဗောက်များကိုသက်သာစေပါတယ်။ 

Photo: Beauty Secrets

၂။ ရှားစောင်းလက်ပပ်လိမ်းပါ 

အလှကုန်တော်တော်များများ ရှားစောင်းလက်ပပ်နဲ့ ပတ်သက်တဲ့ အလှကုန်တွေ များပြားတာ အားလုံးလည်း သိကြမှာပါ။ အလှအပနဲ့ အရေပြား ပြဿနာတွေသာမက ဦးရေပြားပြဿနာဖြစ်တဲ့ ဗောက်ထခြင်းကိုလည်း ရှားစောင်းလက်ပပ်က ကူညီကုစားပေးနိုင်ပါတယ်။ လေ့လာထားတဲ့ သုတေသနသုံးသပ်ချက်တစ်ခုအရ 

ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ antibacterial နဲ့  antifungal ဂုဏ်သတ္တိတွေဟာ ဗောက်ထခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ 

၃။စိတ်ဖိစီးမှုကို လျှော့ချပါ 

စိတ်ဖိစီးမှုဟာ ကျန်းမာရေးနဲ့ အလှအပကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နာတာရှည်ရောဂါတွေ ဖြစ်ပွားစေနိုင်သလို စိတ်ကျန်းမာရေးကိုလည်း ဆိုးရွားစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟာ ဦးရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်းတွေ ဖြစ်ပေါ်စေပြီး ဗောက်ဖြစ်စေတဲ့ မှိုပိုးတွေကို တိုက်ဖျက်တဲ့ ကိုယ်ခံအားစနစ်ကို လျော့ကျစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာပြီဆိုရင် ခေါင်းမှာ ဗောက်တွေ ထလာတော့တာပါပဲ။ ကိုယ့်ရဲ့ ဦးရေပြားမှာ ဗောက်တွေထနေတာဟာ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် စိတ်ဖိစီးမှုကို လျှော့ချဖို့ လိုအပ်ပါတယ်။ 

Photo: Medical News Today

၄။ Omega 3 များများစားပေးပါ 

 Omega 3 ဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးပါပါတယ်။ Omega-3 fatty acids ဟာ အရေပြားကျန်းမာရေးအတွက်အလွန်အရေးပါပြီး အဆီထုတ်လုပ်မှုနဲ့ ရေဓာတ်ကိုစီမံခန့်ခွဲပေးတာ ၊ အနာကျက်ခြင်းကိုမြှင့်တင်ပေးတာ နဲ့ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတာတွေ ပြုလုပ်နိုင်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။   Omega-3 fatty acids ချို့တဲ့ပြီဆိုရင် ဆံပင်ခြောက်ခြင်း၊ အသားအရေခြောက်ခြင်းနှင့်ဗောက်ထခြင်းအပါအ၀င် တခြားရောဂါလက္ခဏာများစွာကိုဖြစ်ပေါ်စေနိုင်ပါတယ်။ 

 Omega-3 fatty acidsဟာ ဗောက်ထခြင်းကို သက်သာစေတာကြောင့်  Omega-3 fatty acids ပါဝင်တဲ့ 

ဆော်လမွန်ငါး နဲ့ တူနာငါးကဲ့သို့  အဆီများတဲ့ငါးတွေကို ပိုမိုစားသုံးပေးရပါမယ်။  

Photo: Indian Time

၅။ Baking Soda ကိုသုံးပါ

မုန့်ဖုတ်ဆိုဒါဟာ ‌ဗောက်ကိုကုသရာမှာ အရမ်းကို ထိရောက်ပြီး လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အရေပြားဆဲလ်သေတွေကိုဖယ်ရှားပေးပြီးအမာရွတ်များနှင့်ယားယံခြင်းကိုသက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါမှာ ဗောက်ပျောက်စေနိုင်တဲ့ ၊ မှိုပိုးကို သတ်နိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။ အသုံးပြုရမယ့်နည်းကတော့

မုန့်ဖုတ်ဆော်ဒါကို ရေစိုဆံပင်ပေါ်မှာ သုတ်လိမ်းပါ။ ပြီးရင် ဦးရေပြားကို နှိပ်နယ်ပေးပြီး တစ်မိနစ် သို့ နှစ်မိနစ်ခန့်ထားပါ၊ အဲဒီနောက်မှာတော့ ပုံမှန်အတိုင်း ဆံပင်ကို လျှော်ချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းတွေထဲက ကိုယ်နဲ့ အဆင်ပြေလွယ်ကူမယ့်နည်းလမ်းကို အသုံးပြုပြီး ခေါင်းပေါ်က စိတ်ပျက်စရာဗောက်တွေကို တာ့တာ လုပ်လိုက်လို့ ရပါပြီ။ 

Reff; healthline.com

Share

Loading Next Article...
က္က