သွေးလွန်တုပ်ကွေးဟာ ခြင်ကြောင့်ဖြစ်ပြီး မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါဆိုပေမယ့် အခုလို မိုးမကုန့်တကုန်နဲ့ ဆောင်းရာသီအကူး ရာသီအကူးအပြောင်း ဖျားနာကြတဲ့အချိန်မှာလည်း ပေါ့ပေါ့လျော့လျော့နဲ့ သွေးလွန်တုပ်ကွေးရောဂါကို မေ့ထားလို့ မရပါဘူး။ မိမိကလေး ဖျားနာတာကို ရာသီအကူးအပြောင်း ဖျားနာတယ်ဆိုပြီး ပေါ့လျော့မနေဘဲ သွေးလွန်တုပ်ကွေးအန္တရာယ်ကိုလည်း သတိပြုသင့်ပါတယ်။
Photo: Medical News Today
မပြင်းထန်သေးတဲ့ သွေးလွန်တုပ်ကွေး လက္ခဏာများ
- ကိုယ်ပူဖျားခြင်း
-ခေါင်းကိုက်ခြင်း
-အကျိတ် ယောင်ယမ်းခြင်း
-အသားအရေမှာ အနီရောင် အစက်အပြောက်လေးတွေ ထွက်လာခြင်း
-နုံးချိ အားနည်းနေခြင်း
-ကိုယ်လက်နာကျင်ပြီး မလှုပ်နိုင်ခြင်း ဖြစ်ပါတယ်။
Photo: Times of India
ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ
-ဗိုက်နာခြင်း
-အော့အန်ခြင်း
-မျက်လုံးအောင့်ခြင်း
-ကိုယ်ခန္ဓာ သွေးယိုခြင်း
-အသားအရေတွင် အညိုအမဲကွက်များပေါ်လာခြင်း
-အသက်ရှူရခက်ခဲခြင်း-
-သွေးပေါင်ကျခြင်း
-ဆီးနည်းခြင်း
-အာခြောက်လာခြင်း
- ဂဏာမငြိမ်ဖြစ်ခြင်း
-ကိုယ်ခန္ဓာအေးစက်နေခြင်းတို့ ဖြစ်ပြီး ဒီလို ဖြစ်ပေါ်လာပြီဆိုရင်တော့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နေပြီ ဖြစ်နိုင်တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် ဆေးရုံ၊ဆေးခန်းကို အမြန်ပြေး ပြသဖို့ လိုနေပါပြီ။
သွေးလွန်တုပ်ကွေးရောဂါဟာ အေးဒီးစ်ခြင် (ခြင်ကျား) က သွေးလွန်တုပ်ကွေးဖြစ်နေသူကို ကိုက်ပြီးနောက် ရောဂါပိုးသယ်ဆောင်လာပြီး တခြားတစ်ယောက်ကို ကိုက်တဲ့အခါ ရောဂါကူးစက်တာဖြစ်ပါတယ်။ဒါကြောင့် သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ဖို့ဆိုရင် ခြင်ကိုက်မခံရအောင် နေဖို့ပဲ လိုပါတယ်။
Photo: Medical News Today
သွေးလွန်တုပ်ကွေးခြင်အန္တရာယ်ကာကွယ်ရန်
-ရေအိုင် ၊ ရေဝပ် ၊ ရေရှိနေတဲ့ ခွက်ဟောင်းစုတ်များကို ရှင်းလင်းပါ
-အဆောက်အဦးကို အလင်းရောင် ၊ လေဝင်လေထွက်ရအောင် ပြုလုပ်ပါ
-ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းပါ
-ပွယောင်းပြီး လုံခြုံတဲ့ အဝတ်များဝတ်ဆင်ပါ
- ခြင်မကိုက်စေတဲ့ လိမ်းဆေးများ လိမ်းပါ
- ဆေးစိမ်ခြင်ထောင်(သို့)ခြင်ထောင်ဖြင့် အိပ်ပါ
- ခြင်အောင်းနိုင်သည့် နေရာများကို ပုံမှန်ရှင်းလင်းပါ
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ၂၀၂၀ခုနှစ် ဇွန်လထုတ်ပြန်ချက်တစ်ခုမှာဆိုရင် သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၂၈၆၂ ဦး ရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦး ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာဆိုရင် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်တို့ဟာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများတဲ့ ဒေသတွေ ဖြစ်တယ်လို့ သိရပါတယ်။
Ref: WebMD