ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။

အခုနောက်ပိုင်း အမျိုးသမီးတွေကြားမှာ Waist trainers က အရမ်းကို ရေပန်းစားနေတာပါ။ ခါးကို သွယ်လျစေပြီး ဗိုက်ချပ်စေကာ ကိုယ်ခန္ဓာကောက်ကြောင်းတွေကို ပေါ်လွင်စေလို့ အမျိုးသမီးတွေ အရမ်းကို သဘောကျနှစ်သက်ကြပါတယ်။ တကယ်ပဲ Waist trainersတွေကို ဝတ်ဆင်သင့်ရဲ့လားဆိုတာ ခုပဲကြည့်ကြရအောင်။ 

Photo: The Sleep Savvy

၁။အသက်ရှုရခက်ခဲစေခြင်း 

Waist trainers ဝတ်ဆင်ထားချိန်မှာ ဝမ်းဗိုက် ၊ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကြားက ကြွက်သားစိုင်တွေကို ချုံ့ထားတာဖြစ်ပါတယ်။ဝမ်းဗိုက်နဲ့ ရင်ဘတ်ကြားက ကြွက်သားစိုင်တွေဟာ အသက်ရှုတာကို ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် Waist trainers ဝတ်ဆင်ထားချိန်မှာ အသက်ရှုရခက်ခဲလာတာကို ခံစားရပါလိမ့်မယ်။ ၂၀၀၈ ခုနှစ်မှာ စမ်းသပ်ခဲ့တဲ့ စမ်းသပ်ချက်တွေအရ Waist trainers ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ အသက်ရှူမဝတာတွေ၊ ချွေးထွက်တာတွေ ၊ နာကျင်မှုတွေကို ခံစားကြရတယ်လို့ သိရပါတယ်။ 

၂။ကိုယ်အလေးချိန်ကျတာဟာ ယာယီသာဖြစ်ခြင်း 

waist trainersကြောင့် ကိုယ်အလေးချိန်ကျတာ ၊ ခါးသေးသွားတာ ဟာ ဝတ်ဆင်တဲ့ ခဏတာမှာသာ ကျသွားတာ၊သေးသွားတာဖြစ်ပါတယ်။ waist trainers ကို ဝတ်ဆင်ထားတဲ့အချိန်တွေမှာ ကြွက်သားတွေ ဆုံးရှုံးတာ ၊ ၊ ဇီဝဖြစ်ပျက်မှုကိုလျော့ကျစေတာ ၊ ဒဏ်ဖြစ်စေတာ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရစေပါတယ်။ ဒါ့ကြောင့် ဝတ်ဆင်မှုအချိန်ကြာမြင့်လာလေလေ ဝေဒနာပိုမိုခံစားရလေလေ ဖြစ်လာစေပေမယ့် မဝတ်ဆင်တော့တဲ့ အချိန်မှာတော့ ကိုယ်အလေးချိန်ပြန်တက်လာတာနဲ့ ခါးဆိုဒ် ပုံမှန်အတိုင်းပြန်ဖြစ်သွားတာတွေ ကြုံရမှာပါ။ 

Photo: Women Work

၃။အစာစားချင်စိတ်ကို လျော့နည်းသွားစေခြင်း 

waist trainers ကို ဝတ်ဆင်ချိန်မှာ အစာစားချင်စိတ်တွေ လျော့ပါးသွားတာကို မျက်မြင်ကိုယ်တွေ့ကြုံရပါလိမ့်မယ်။ waist trainersတွေကို အစာအိမ်ကို ညှစ်ထားသလို ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် အစာစားချင်စိတ်ပျောက်နေတာမျိုး ဖြစ်သွားတာပါ။ ကျန်းမာနေဖို့အတွက် လုံလောက်တဲ့ အစာအာဟာရကို နေ့စဉ်စားဖို့တော့ လိုအပ်ပါတယ်။ 

၄။အတွင်းပိုင်းအင်္ဂါတွေ ပျက်စီးစေနိုင်ခြင်း 

waist trainersဟာ ခန္ဓာကိုယ်ကို ညှစ်ထားသလို ဖြစ်နေတာဖြစ်တဲ့အတွက် အသည်းနဲ့ကျောက်ကပ်လို ကိုယ်တွင်းအင်္ဂါတွေကိုလည်း နေရာလွဲသွားအောင် ပြုလုပ်သွားနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ နေရာလွဲနေခြင်းက သွေးစီးဆင်းမှုကိုထိခိုက်စေပြီးကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာ ၊ ကြွက်သားခွန်အားလျော့နည်တာ နဲ့ နံရိုးကျိုးတာတွေ အပြင် ဗိုက်သားမှာ ဒဏ်ရာဖြစ်တာတွေပါဖြစ်စေနိုင်ပါတယ်။ 

၅။အစာခြေစနစ်ကို ပျက်စီးစေနိုင်ခြင်း 

waist trainers  ဝတ်ဆင်ထားတဲ့အခါမှာ ကိုယ်ခန္ဓာနဲ့ ဗိုက်ကအဆီတွေကို ညှစ်ထားရုံသာမက အတွင်းက ကိုယ်တွင်းကလီစာတွေကိုပါ ဖျစ်ညှစ်ထားတဲ့ အကြောင်း အထက်မှာ ပြောပြပေးခဲ့ပြီးပါပြီ။ အညှစ်ခံရတဲ့အထဲမှာ အစာပြွန်၊ အစာအိမ်နဲ့ အူများလည်း ပါဝင်နေတဲ့အတွက် အစာအိမ်စနစ်ကို များစွာထိခိုက်စေနိုင်ပါတယ်။ waist trainers ရဲ့ ဖိအားဟာ အစာအိမ်ထဲက အက်ဆစ်တွေကို အစာပြွန်ထဲပြန်ရောက်စေပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ 

ဒီလို ကျန်းမာရေးဘက်က ဆိုးရွားစေတဲ့ waist trainers တွေကို ဝတ်ဆင်လိုတယ်ဆိုရင်တော့ အပြင်သွားစရာရှိတဲ့ ခဏလောက်သာ ဝတ်ဆင်ပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 

Ref: Healthline, Insider


Share

Loading Next Article...
က္က