ကြီးမားတဲ့ဂိုးပြတ်နနိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

စနေနေ့ရဲ့ ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ လီဗာပူးလ်ပွဲစဉ်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးလ်က အဝေးကွင်းမှာ စိတ်ထင်တိုင်းသောင်းကျန်းသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ဖူးတဲ့ အရသာကို ခံစားဖူးတဲ့ လီဗာပူးလ်ဟာ ဒီတစ်ကြိမ်မှာတော့ ပြိုင်ဘက်ကို ဘယ်လိုအခွင့်အရေးမှမပေးဘဲ ပွဲအစအဆုံးသူတို့စိတ်ကြိုက်လွှမ်းမိုးခြယ်လှယ်သွားခဲ့ပါတယ်။ 



ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှု၊ ထောင့်ကန်ဘော၊ ပေးပို့မှုတွေကအစ လီဗာပူးလ်က အကုန်အသာစီးရရှိခဲ့ပြီး ဆာလာက ထူးရှယ်ခြေစွမ်းပြခဲ့ကာ မာနေးနဲ့ ဖာမီနိုတို့လည်း ဂိုးတွေအသီးသီးရရှိခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ အရင်တုန်းကလိုမျိုး လီဗာပူးလ်ကို ဖိအားမပေးနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး ပွဲအစအဆုံးမှာ လီဗာပူးလ်က အားသာချက်မျိုးစုံနဲ့ ကစားသွားခဲ့ပါတယ်။ 


မာနေးက ဆာလာရဲ့ဖန်တီးပေးမှုကနေ စောစောစီးစီးအဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးက သူ့အတွက်တော့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ဂိုးဖြစ်ပြီး အမှတ်ရစရာဖြစ်ခဲ့ရပါတယ်။ ဒီနောက်မှာ ဖာမီနိုက တစ်ဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးလ်တို့ ၂-၀ နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ လီဗာပူးလ်တို့ နောက်တစ်ဂိုးထပ်ရခဲ့ကာ ဖာမီနိုကပဲသွင်းပေးခဲ့တာပါ


ဒီနောက်မှာ ဆာလာက မန်စီးတီးနဲ့ပွဲစဉ်က သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဆင်တူတဲ့ဂိုးမျိုးကို လှလှပပသွင်းယူပြီး လီဗာပူးလ်အတွက် ၄ ဂိုးမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ ရာနီရေးနီကတော့ သူ့ရဲ့ ပထမဆုံး ဝက်ဖို့ဒ်နည်းပြပွဲမှာပဲ ခြေပြတ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူ့အသင်းကို အကောင်းဆုံးပုံစံ၊ အကောင်းဆုံးလူစာရင်းရအောင် ဖန်တီးနိုင်တဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် လီဗာပူးလ်ဟာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် အဝေးကွင်းမှာ ၃ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်အသင်းဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့တိုက်စစ်ကစားသမားအားလုံးဂိုးသွင်းယူနိုင်ခဲ့ပြီး ခံစစ်ကလည်းပေးဂိုးမရှိခဲ့တာမို့ ကလော့ပ်အတွက် ကျေနပ်စရာညတစ်ညဖြစ်ခဲ့ရပြီး ဒီပွဲကို အနိုင်ယူအပြီးမှာ အမှတ်ပေးဇယားကိုပါ ဦးဆောင်နိုင်ခဲ့ပါတယ်။ 


ပွဲပြီးခါနီးမှာ ဖာမီနိုက သူ့အတွက် ဟက်ထရစ်ရရှိစေမယ့် ဂိုးကို ထပ်မံသွင်းယူခဲ့လို့ လီဗာပူးလ်ရဲ့နိုင်ပွဲက ပိုမိုပြတ်သားသွားခဲ့ကာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

က္က