FaceID စနစ် ပါမှာ မဟုတ်ဘူးလို့လည်း သတင်းထွက်နေပါတယ်

iPhone X က စလိုက်တဲ့ notch ဒီဇိုင်းကို မကြာခင် ထွက်ရှိမယ့် MacBook Pro မော်ဒယ်တွေမှာပါ မြင်တွေ့ရဖို့ ရှိပါတယ်။ 

လာမယ့် တနင်္လာနေ့ (အောက်တိုဘာ ၁၈ ရက်)မှာ Apple Event တစ်ခု ကျင်းပသွားဖို့ ရှိပြီး ဒီပွဲမှာ မျိုးဆက်သစ် MacBook ထုတ်ကုန်တွေကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ Macbook Pro မော်ဒယ်တွေရဲ့ display ဒီဇိုင်း ပုံကြမ်း ထွက်ပါတယ်။ AnyTurtle999 နာမည်နဲ့ Weibo အကောင့်ကနေ မျှဝေလိုက်တဲ့ ပုံတွေမှာ notch display ဒီဇိုင်း သုံးထားတဲ့ MacBook Pro ပုံတစ်ပုံ ပေါက်ကြားခဲ့ပါတယ်။ 



Photo: macrumors


ဒီပုံမှာပါတဲ့ MacBook Pro ရဲ့ notch ဟာ FaceTime ကင်မရာ ၊ မိုက်ခရိုဖုန်းနဲ့ True Tone အတွက် ambient light sensor တွေ ထားဖို့အတွက် သုံးမယ်လို့ ယူဆရပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကတော့ အသစ်ထွက်မယ့် MacBook Pro မှာ notch ပါပေမယ့် FaceID စနစ် ပါမှာ မဟုတ်ဘူးဆိုပြီး Reddit user တစ်ယောက်က ပြောထားပါတယ်။ လုံခြုံရေးအတွက် ကီးဘုတ်ပေါ်မှာ TouchID sensor တော့ ပါလာဖို့ ရှိပါတယ်။ 

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ MacBook Pro သစ်ရဲ့ notch ဒီဇိုင်းဟာ ရှင်းလင်းမှုမရှိတာကြောင့် ပုံအစစ်အမှန်ဟုတ်မဟုတ် မပြောနိုင်သေးပါဘူး။ တကယ်လို့သာ ဒီပုံအတိုင်း မှန်မယ်ဆိုရင် မျိုးဆက်သစ် MacBook Pro မော်ဒယ်သစ်တွေဟာ display တစ်ဝိုက် အလွန်ပါးလွှာတဲ့ bezel ဘောင်နဲ့ လာမယ်လို့ ပြောနိုင်ပါတယ်။ ဒီနှစ် ဆောင်းတွင်းပိုင်း ဈေးကွက်ဝင်မယ့် MacBook Pro မော်ဒယ်တွေဟာ ၁၄ လက်မနဲ့ ၁၆ လက်မ ဆိုဒ်တွေနဲ့ ထုတ်လာဖို့ ရှိပြီး ရုပ်ထွက် 3024 x 1890px နဲ့ 3456 x 2160px ရုပ်ထွက်တွေ ပါလာဖို့ ရှိပါတယ်။


Photo: Gsmarena

သတင်းတွေအရဆို MacBook သစ်တွေဟာ mini-LED display နဲ့လာပြီး နောက်ခံအလင်းဇုန် ပိုကောင်းလာသလို တောက်ပမှုနှုန်းလည်း 1000nits အထိ ရှိလာမယ်လို့ ဆိုပါတယ်။ မော်ဒယ်သစ်တွေထဲက အနည်းဆုံးတစ်မျိုးမှာ 120Hz refresh rate ပါမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ MacBook Pro သစ်တွေဟာ Apple ရဲ့ M1X Chips သစ်နဲ့လာပြီး အပူစွန့်ထုတ်ဖို့ အကြီးစား fan နှစ်ခုလည်း တပ်ဆင်သွားဖို့ ရှိပါတယ်။ 

MacBook Pro သစ်တွေမှာ HDMI port ၊ SD card reader နဲ့ သံလိုက် magnetic power cable တစ်ခု ပါလာမယ်လို့လည်း ယူဆနေကြပါတယ်။ MacBook Pro သစ်တွေအကြောင်း အချက်အလက်အပြည့်အစုံ သိရဖို့ မနက်ဖြန် ည ၁၁ နာရီခွဲဝန်းကျင်မှာ Apple ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က