မိခင်၊ အဘွားဖြစ်သူနဲ့ဦးလေးဖြစ်သူ သုံးဦးစလုံးကို ဆုံးရှုံးလိုက်ရချိန်မှာတော့ ဧဝရတ်မိုးက ဘုရားရှိခိုးတာနဲ့ သူငယ်ချင်းအပေါင်းအသင်း၊ ဆွေမျိုးတွေနဲ့နီးနီးကပ်ကပ်နေတာမျိုးတွေ ပြုလုပ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။

ထိုင်းနိုင်ငံ ရဲ့ နာမည်ကြီး ဖျော်ဖြေရေးကုမ္ပဏီ GMM နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ မြန်မာနိုင်ငံသားသရုပ်ဆောင် တစ်ဦးဖြစ်တဲ့  ဧဝရတ်မိုးဟာ ကိုဗစ် တတိယလှိုင်းမှာ မိသားစု(၃)ဦးကိုဆုံးရှုံးခဲ့ရသူတစ်ဦးပါ။ အမေ၊ အဘွားနဲ့ ဦးလေး(၃)ဦးစလုံးကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းမှာစိတ်ဒဏရာကိုအကြီးအကျယ်ခံစားခဲ့ရတယ်လို့လည်းသိရပါတယ်။ သူ့လိုပဲ အဖြစ်အပျက်တူ ခံစားနေရမယ့်သူတွေအတွက် အားပေးစကားတွေကိုလည်း ပြောပြပေးခဲ့ပါတယ်။ 

စိတ်ထိခိုက်မှုတွေကိုဘယ်လို ကုစားခဲ့လဲ?

မိခင်၊  အဘွားဖြစ်သူနဲ့ဦးလေးဖြစ်သူ သုံးဦးစလုံးကို ဆုံးရှုံးလိုက်ရချိန်မှာတော့ ဧဝရတ်မိုးက ဘုရားရှိခိုးတာနဲ့ သူငယ်ချင်းအပေါင်းအသင်း၊ ဆွေမျိုးတွေနဲ့နီးနီးကပ်ကပ်နေတာမျိုးတွေ ပြုလုပ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ ငိုနေရုံနဲ့မပြီး၊ ဘဝကို ဘယ်လို အကောင်းဆုံး ဖြတ်သန်းမလဲဆိုတဲ့ အတွေးကလည်းအရေးကြီးပါတယ်။ မိဘဖြစ်စေချင်တဲ့အတိုင်း ကြိုးစားဖို့နဲ့ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို ပိုပြီး ဂရုစိုက်တာမျိုး ပြုလုပ်သင့်တယ်လို့လည်း အကြံပေးခဲ့ပါတယ်။ "အဓိကကတော့ ကိုယ်ကိုးကွယ်တဲ့ ဘာသာအလိုက် ဘုရားရှိခိုးပါ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် ဆုံးပါးသွားရပြီဆိုရင် တစ်ယောက်တည်းမနေသင့်ပါဘူး။ ကျန်ရှိနေတဲ့မိသားစုဝင်တွေနဲ့လည်းစကားပြောတာ။ စိတ်ကိုပေါ့ပေါ့ပါးပါးလေးထားပြီးနေသင့်တယ်လို့ကျွန်တော်ထင်ပါတယ်။စိတ်ကို အရမ်းကြီး မလွှတ်ချလိုက်စေချင်ဘူး။စိတ်ကိုလွှတ်ချလိုက်ရင် အဆင်မပြေတော့ဘူး။

တကယ်လို့ တစ်ယောက်တည်းကျန်ခဲ့တဲ့သူတွေဆိုလည်း သူငယ်ချင်းတွေနဲ့ဆက်သွယ်ပါ။ဒီအချိန်မှာ အကောင်းဆုံးက သူငယ်ချင်းတွေပဲ၊ ကိုယ်ပြောချင်တာလေးတွေလည်းပြောလို့ရတယ်။စိတ်ဓာတ်မကျပဲနဲ့ ဘဝကိုအကောင်းဆုံး ရှေ့ဆက်ဖို့ပြောချင်ပါတယ်"လို့ ဆိုပါတယ်။ 

ဆုံးပါးသွားတယ်ဆိုတာကို လက်ခံပေးပါ

ထွက်ခွာသွားသူထက် ကျန်ရစ်ခဲ့သူဟာ ဝေဒနာဒဏ်၊ သတိရစိတ်တွေကို ပိုခံစားနေရမှာပါ။ အဲ့ဒီအချိန်မှာ မိမိစိတ်ကိုပဲ တစ်ဆင့် လျှော့ပေးလိုက်တာဟာ စိတ်ကို သက်သာရာရစေပါတယ်။"တချို့ဆိုရင် လက်မခံနိုင်ကြဘူး။ဘာလို့ အဲ့လိုဖြစ်ရမှာလဲ၊ဆုံးပါးသွားပြီ မရှိတော့ဘူးဆိုတာကိုလ က်ခံနိုင်ရင် ပိုပြီး စိတ်သက်သာရာရတယ်။ ပြီးရင်ကိုယ်ဘာဆက်လုပ်မလဲ ဆိုတာကို စဉ်းစားပါ။ကျန်တဲ့မိသားစုဝင်တွေကို ပိုပြီး ဂရုစိုက်ပေးပါ။ သူငယ်ချင်းကောင်းတွေလည်းတကယ်လိုအပ်တယ်။သူငယ်ချင်းတွေနဲ့ စကားများများပြောပေးတာ။သူတို့အားပေးစကားတွေကို နားထောင်ပြီး ကိုယ့်ဘဝအတွက်ရှေ့ဆက်ရမယ့်လမ်းကို မြင်သွားပါလိမ့်မယ်။ မပျော်လည်းပျော်အောင်နေရမယ်။မနေချင်လည်း ပျော်အောင်ဆက်နေရမှာပါ"လို့ ဧဝရတ်မိုးက အကြံပြုခဲ့ပါတယ်။ 

ချစ်ရခင်ရသူတွေကို ရှိတုန်းမှာတန်ဖိုးထားစေချင်

မိဘ ဆွေမျိုး မောင်နှမ သားချင်းတွေ ရှိတုန်းရှိခိုက်မှာ အတတ်နိုင်ဆုံး တန်ဖိုးထား ချစ်ခင်ပေးဖို့လည်း လိုတယ်လို့ အကြံပြုပေးခဲ့ပါတယ်။ "အမေ့ရဲ့နောက်ဆုံးစကားက သားလေးကိုအမေချစ်တယ်နော်။အမေမရှိတော့ရင် အဖေ့ကိုအကောင်းဆုံး စောင့်ရှောက်ပေးပါတဲ့။အမေကတော့ ကိုယ့်ကိုယ်ကိုယ်မလွယ်တော့ဘူးလို့ထင်တယ်ဆိုပြီး အမေက အဲ့တုန်းက ကျွန်တော့်ကိုနှုတ်ဆက်စကားပြောတာဆိုပေမယ့်ကျွန်တော်က မထင်ဘးူ။အမေပြန်ကောင်းလာမယ်လို့ကျွန်တော်ထင်ခဲ့တယ်။ဒါပေမယ့်ဆုံးပါးသွားခဲ့တယ်။အဲ့တော့ ရှိတုန်းမှာ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားပေးပါ။ ဂရုစိုက်ပေးပါ။ ကျွန်တော်တို့တွေက ကိုယ်ချစ်ရတဲ့ သူတွေ ရှိနေတုန်းမှာ တချို့ကိစ္စတွေဆိုဖာသိဖာသာ နေမိတာမျိုးတွေ ဂရုသိပ်မစိုက်တာတွေ ဖြစ်ကြတာများတယ်။ အမေရှိတုန်းက ပြောခဲ့တာတွေ ဆုံးမခဲ့တာတွေနားမထောင်မိလိုက်တာ တကယ်နောင်တရပါတယ်။ ကျန်တဲ့အဖေ့ကိုလည်းအကောင်းဆုံးစောင့်ရှောက်ဖို့ အသိတရားတစ်ခုရလိုက်ပါတယ်" လို့ ပရိသတ်တွေကို အကြံပြုစကားပြောပြခဲ့ပါတယ်။ 



Share

Loading Next Article...
က္က