အိမ်ထောင်ဦးစီးတွေအနေနဲ့ အခုကာလမှာ အကြောင်းအမျိုးမျိုးကြောင့် မိသားစုဝင်ငွေကို လုံလုံလောက်လောက် မရှာနိုင်တော့တဲ့အခြေအနေမှာ အနာဂတ်အတွက် စိုးရိမ်မှုတွေ ပိုပြီးရှိလာနိုင်ပါတယ်။

အခုလို ကိုဗစ်ကပ်ကာလနဲ့ နိုင်ငံရေး အခြေအနေတွေကြားထဲ လူတိုင်းအဆင်မပြေမှု‌တွေ ကြုံနေ ရ ချိန်မှာ မိသားစုတာဝန်ကို အဓိက ထမ်းပိုးရတဲ့ အိမ်ထောင်ဦးစီးတွေမှာလည်း အခက်အခဲများစွာ ဖြစ်နိုင်ပါတယ်။


ဒီလို အခြေအနေမှာ အခက်အခဲကြုံရတဲ့အခါ အိမ်ထောင်ဦးစီးတွေခံစား ရတဲ့ စိတ်ဖိစီးမှုက အခြားသူတွေထက် ပိုနိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေက အိမ်ထောင်ဦးစီးတွေရဲ့ စိတ်ဖိစီးမှုတွေကို ပုံမှန်ထက် နှစ်ဆပိုတိုးစေနိုင်ပါသလဲ။ 



Photo: The Economic Time

အိမ်ထောင်ဦးစီးတွေ ရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ


အိမ်ထောင်ဦးစီးတွေအနေနဲ့ အခုကာလမှာ အကြောင်းအမျိုးမျိုးကြောင့် မိသားစုဝင်ငွေကို လုံလုံလောက်လောက် မရှာနိုင်တော့တဲ့အခြေအနေမှာ အနာဂတ်အတွက် စိုးရိမ်မှုတွေ ပိုပြီးရှိလာနိုင်ပါတယ်။ ကိုယ်က သူများတွေလို တန်းတူမပေးနိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးစေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် အခုလို ဖြစ်ရတဲ့ အခြေအနေအပေါ် ဒေါသထွက်လာနိုင်ပါတယ်။ အလုပ်လက်မဲ့ဖြစ်တာချင်းတူတူ အိမ်ထောင်ဦးစီးနဲ့ သာမန်လူငယ်တစ်ယောက် အခြေအနေချင်းက မတူညီနိုင်ပါဘူး။ အိမ်ထောင်ဦးစီးတစ်ယောက် အလုပ်လက်မဲ့ဖြစ်တဲ့ မိသားစုအတွက်ပါ ပူပန် ရတဲ့အတွက် စိတ်ဖိစီးမှု ပိုများနိုင်ပါတယ်။ 



Photo: American Cancer Society

သားသမီးတွေကြောင့် ဖြစ်လာတဲ့ စိတ်ပူပန်မှု 

အခုကာလမှာ ကလေးတွေ ပညာရေး ရပ်တန့်နေတဲ့အတွက် ကလေးတွေမှာ စိတ်ဖိစီးမှုဖြစ်ရသလို မိဘတွေမှာလည်း စိတ်ပူပန်မှုတွေ ဖြစ်ရပါတယ်။ တစ်ချို့ မိသားစုတွေဆို ကလေးက ကျောင်းပြီးလို့ အလုပ်လုပ်နိုင်ရင် မိသားစုကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တော့မှာဆိုပြီး အားတင်းပြီးကျောင်းထားရတယ်။ အဲဒီအခါမှာ အခုလိုအခြေအနေကြောင့် ရုတ်တရက်ကြီး ကျောင်းနားလိုက်ရတဲ့အခါ တော်တော်လေး စိတ်ပင်ပန်းသွားရပါတယ်။ ပညာဆက်သင်နိုင်ဖို့ အချိန်တွေကြာလေလေ ပိုက်ဆံပိုကုန်လေလေဖြစ်တဲ့အခါ လုပ်နိုင်ပါ့မလားလို့ တွေးပြီး ပိုပြီး စိတ်ပူပန်ရပါတယ်။ ဆယ်ကျော်သက်အရွယ်ကလေးရှိတဲ့ အိမ်ထောင်ဦးစီးတွေအနေနဲ့လည်း အခုလို ကျောင်းတွေ ပိတ်ထားတဲ့အချိန် သူတို့တွေ စိတ်လေသွားမလား။ တစ်ခုခု လမ်းမှားရောက်သွားမလားဆိုပြီးတော့ တွေးပူရပြန်ပါတယ်။  


Photo: American Cancer Society

စံပြအိမ်ထောင်ဦးစီးဖြစ်ဖို့ အဓိက လိုအပ်တဲ့အရာတွေကဘာလဲ 

မြန်မာနိုင်ငံမှာက စံပြဖြစ်ရမယ်လို့ ပြောလိုက်ရင် အပြုအမူ၊ အကျင့်စရိုက် တို့ကို ပြောတယ်ဆိုတာထက် ခံစားချက်ကို ဦးစားပေးကြပါတယ်။ ဥပမာ- ယောကျာ်းလေးဆို သန်မာရမယ်။ ဝမ်းမနည်းတတ်ရဘူး။ ဒေါသတွေ မကြီးရဘူး ဆိုတဲ့ သဘာဝအတိုင်း ဖြစ်လာတဲ့ အရာတွေကို ပိုပြီးထိန်းချုပ်ချင်တာများပါတယ်။ 


အဲဒါ‌ကြောင့် အိမ်ထောင်ဦးစီးတွေအနေနဲ့ မိသားစုထဲမှာ အသန်မာဆုံးဖြစ်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် အခုလို ပဋိပက္ခတွေ ကြုံလာတဲ့အခါ ကိုယ့်ခံစားချက်တွေကို ပေါ်ပေါ်ထင်ထင်ထုတ်ပြလို့ မရတော့တဲ့အခါ ပိုပြီး မွန်းကျပ်မှုတွေ ဖြစ်စေပါတယ်။ မြိုသိပ်ရတာများလာတဲ့အခါ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ မိသားစုအတွင်းမှာ စိတ်ညစ်စရာကြုံနေလည်း မိမိ သန်မာနေမှ အဆင်ပြေမှရမယ်ဆိုတဲ့စိတ်က လူကိုနှစ်ဆပင်ပန်းစေပါတယ်။ 


အမှန်တကယ်တော့ စံပြဖြစ်အောင် ပြုမူနေထိုင်တယ်ဆိုတာအကျင့်စာရိတ္တကောင်းရမယ်။ သူများကိုမလိမ်ရဘူး။ သူများကို ကြင်နာရမယ်။ ဖြောင့်မတ် ရိုးသားရမယ်။ သူများအတွက် ဦးစားပေးစဥ်းစားပေးရမယ်ဆိုတာမျိုးက ပိုမိုလိုအပ်ပါတယ်။ 


Photo: Healthline
နေ့စဥ် စားချိန်အိပ်ချိန်မှန်ခြင်းဖြင့် စိတ်ပင်ပန်းမှုလျှော့ချပါ

စိတ်ပင်ပန်းမှုကို ဖြေလျှော့တဲ့အခါ အထူးတလည် လုပ်ဖို့ မလိုအပ်ပါဘူး။ မိမိနေ့စဥ်ဘဝမှာ ပုံမှန်အိပ် ပုံမှန်စားပေးခြင်းဖြင့် စိတ်ပင်ပန်းမှုတွေကို ဖြေလျှော့ပါ။ ဥပမာ အလုပ်တွေများလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ များနေလို့ပဲ ဖြစ်ဖြစ် တစ်နေ့တာမှာ အရေးကြီးဆုံးဖြစ်တဲ့ မနက်စာမစားမိတာ၊ အစားစားအချိန် ကျော်လွန်သွားတာမျိုးတွေက လူကို ပိုပင်ပန်းစေပါတယ်။ Work from Home လုပ်ရတဲ့သူတွေအနေနဲ့ အလုပ်လုပ်ချိန်ကို အချိန်ဇယားအတိုင်းသွားပါ။ ရုံးချိန်ပြင်ပမှာ အလုပ်ကို ရပ်လိုက်ပါ။ မိသားစုကို အချိန်ပေးပါ။ အလုပ်လုပ်နေစဥ်အတွင်း ခဏအနားယူတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး လုပ်ပေးပါ။ အခုလိုကာလမှာ စိတ်ဖိစီးမှုတွေ တအားများလားတဲ့အခါ လိုအပ်ပါက စိတ်ကျန်းမာ‌ရေးပညာ ရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က