လူအတော်များများစိတ်ထွက်ပေါက် မရှိဖြစ်နေချိန်မှာ ပြုလုပ်ပေးသင့်တဲ့အရာလေးတွေကို အခုလိုပဲ အကြံ ပေးထားပါတယ်။

မော်ဒယ်လ်သရုပ်ဆောင် ဘုန်းသီရိကျော်ကတော့ အနုပညာအလုပ်တွေရပ်နားထားတဲ့ အချိန် အတွင်းမှာ စိတ်ရောကိုယ်ပါ ထိခိုက်ခဲ့ရတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ လူအတော်များများစိတ်ထွက်ပေါက် မရှိဖြစ်နေချိန်မှာ ပြုလုပ်ပေးသင့်တဲ့အရာလေးတွေကို အခုလိုပဲ အကြံ ပေးထားပါတယ်။ 


ယောဂကျင့်ပေးခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင် 

စိတ်ညစ်မှုတွေကို ဖြေဖျောက်ပေးနိုင်တဲ့ တစ်နည်းကတော့ အိမ်တွင်းမှာပြုလုပ်ရတဲ့ Home Workout တွေပါပဲ၊ယောဂ ကိုအသားပေး ဆော့ဖြစ်တဲ့ ဘုန်းသီရိကျော်ရဲ့ အကြံပေးချက်ကတော့ " ရှေ့မှာ အများနည်းတူ ကိုယ်တွေလည်း စိတ်ညစ်ခဲ့ရတဲ့အချိန်တွေ ရှိတယ်။စိတ်တွေညစ်လွန်းလို့ Down ခဲ့တဲ့ အချိန်တွေလည်း မနည်းဘူး။အဲ့ဒီ့မှာ လူက အရမ်းလေးလာတယ်။အရင်ဆုံးတော့ အိမ်နားလေးမှာ လမ်းတွေဘာတွေလျှောက်ဖြစ်တယ်။စိတ်အပန်းဖြေစရာလည်းဘာမှ မရှိတော့ ငါအိမ်မှာပဲ Workout လုပ်မယ်ဆိုပြီး စလုပ်ဖြစ်တာ။အရင်တုန်းကWorkout လုံးဝလုပ်လို့မရခဲ့ဘူး။စိတ်ကမငြိမ်ဘူး။အခု ယောဂ ဆော့တာ ချွေးထွက်တော့ နေလို့ကောင်းပြီးကျန်းမာရေးလည်းကောင်းလာတယ် ၊ပြီးတော့ အဓိက က အရိုးအဆစ်တွေ ကွေးလို့ဆန့်လို့ အရမ်းကောင်းလာတယ်။ ဆော့ရင်းနဲ့ လည်းခေါင်းထဲ သွေးစီးဆင်းမှုကောင်းလို့ ခေါင်းလည်းကြည်တယ်။ယောဂ ဆော့ဖို့ ညီမတော့ အကြံပေးချင် တယ်"လို့ဘုန်းသီရိကျော်က ပြောပါတယ်။ 


အိမ်မွေးတိရစ္ဆာန်မွေးပေးပါ

Photo: Phone Thiri Kyaw

လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မပါဘူးလို့ ခံစားနေရတဲ့ သူတွေအတွက် ကတော့ နောက်ထပ် စိတ်ပျော်ရွှင်စေမယ့် အရာလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ ကိုယ်ချစ်တဲ့ အိမ်တွင်းတိရစ္ဆာန် လေးတွေ မွေးပေးတာပါပဲ။  "စိတ်ထွက်ပေါက် နောက်တစ်ခု ရှာခဲ့တာကတော့ အိမ်မွေးခွေးလေး မွေးလိုက်တာပဲ။ ခွေးလေးမွေးလိုက်တော့ အရမ်းစိတ်ချမ်းသာတယ်။တစ်နေ့တစ်နေ့ သူ့ကိုပဲ Focus လုပ် မိနေတာ။ခွေးလေးကလည်း ချစ်စရာလေး ၊ဖုန်းတွေလည်းမသုံးဖြစ်တော့ဘူး။သူ့ကိုပဲ ကြည့်နေရတော့ စိတ်ညစ်စရာတွေလည်း မတွေးဖြစ်တော့ဘူး။အလုပ်တွေ မရှိတာတွေ၊ အနာဂတ်တွေလည်းပျောက်ကုန်တာတွေ ဘာမှကိုမတွေးမိတော့ဘူး။ခွေးလေးမမွေးနိုင်ရင်တောင် တိရစ္ဆာန်တစ်ကောင်ကောင်ကို မွေးပေးဖို့ အကြံပေးချင်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။ 


ပန်းချီဆွဲခြင်း 

ပန်းချီဆွဲခြင်းကလည်း စိတ်ထွက်ပေါက် တမျိုးပါပဲ။ "ပန်းချီကတော့ ညီမ သိပ်မဆွဲတတ်ဘူး။ ဒါပေမယ့်ဆေးခြယ်နေရတာကို သဘောကျတာ။ ဆေးခြယ်ရတာလေးတွေ ဆေးဖြည့်ရတာလေးတွေ၊အဲ့ဒါ ဆိုရင်စိတ် အပန်းတော်တော်လေး ပြေပါတယ်။ညီမတို့က အခုကာလမှာ စိတ်ညစ်စရာတွေကိုပဲ တွေးမိနေလို့ အဲ့ဒီ့အရာတွေကို မတွေးနိုင်အောင် တခြားအရာတမျိုးမျိုးနဲ့ စိတ်ကိုဖြည့်တွေးလိုက်တာအကောင်းဆုံးပါ " လို့ ဘုန်းသီရိကျော်က စိတ်ထွက် ပေါက် ဖြစ်စေမယ့် အရာတွေကိုပြောပြပေးခဲ့ပါတယ်။ 


Share

Loading Next Article...
က္က