ဟက်ထရစ်သွင်းခြေစွမ်းပြခဲ့တာပါ။

ချယ်လ်ဆီးက ၇-၀ နဲ့ အနိုင်ရရှိခဲ့ပွဲမှာ မေဆန်မောင့်က အထူးခြေစွမ်းပြသခဲ့ကာ ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။


နော်ဝှစ်ချ်နဲ့ပွဲမှာ ချယ်လ်ဆီးအတွက်ခြေစွမ်းပြကာ ဟက်ထရစ်ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားမေဆန်မောင့်က နည်းပြတူချယ်လ်ဟာ သူ့ကို စိတ်ပိုင်းဆိုင်ရာလှည့်စားမှုပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ချယ်လ်ဆီးက ၇-၀ နဲ့ အနိုင်ရရှိခဲ့ပွဲမှာ မေဆန်မောင့်က အထူးခြေစွမ်းပြသခဲ့ကာ ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။



၈ မိနစ်မှာပဲ အဖွင့်ဂိုးကိုသွသင်းယူပေးခဲ့ပြီး ပွဲအပြီးမှာတော့ မေဆန်မောင့်က ၃ ဂိုး၊ အိုဒွိုင်၊ ရီဆီဂျိမ်းစ်၊ ချီဝဲလ်တို့က တစ်ဂိုးစီသွင်းယူကာ နော်ဝှစ်ချ်က မက်အာရွန်က ကိုယ့်ဂိုးကိုယ်တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ လူကာကူနဲ့ တီမိုဝါနာတို့လို တိုက်စစ်မှူးတွေ မကစားနိုင်ချိန်မှာ ချယ်လ်ဆီးရဲ့ ဂိုးပြတ်နိုင်ပွဲက အားရကျေနပ်စရာကောင်းနေခဲ့ပြီး တူချယ်လ်အတွက်တော့ နေရာစုံက ကစားသမားတွေ ဂိုးသွင်းယူနိုင်ခဲ့လို့ စိတ်တိုင်းကျစရာပွဲဖြစ်လာခဲ့ပါတယ်။


BT Sport ကတဆင့် မေဆန်မောင့်က ပြောဆိုခဲ့ရာမှာ သူ့ကို စိတ်ပိုင်းဆိုင်ရာနွမ်းနယ်နေသူလို့ တူချယ်လ်က ပြောဆိုခဲ့ပြီး ဒါဟာ သူ့ဆီကနေ အကောင်းဆုံးပုံစံရအောင် နည်းပြဖြစ်သူက ပြုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မေဆန်မောင့်က "ဒါက နည်းနည်းတော့ စိတ်ဓာတ်ကစားပွဲလုပ်လိုက်တာဖြစ်နိုငပါတယ်၊ ကျွန်တော်က စိတ်ပိုင်းဆိုင်ရာအားနည်းတတ်တဲ့သူမဟုတ်ဘူးဆိုတာ သူ့ကို ပြသဖို့ လိုအပ်ခဲ့ပါတယ်"

"ကျွန်တော်က ပွဲတိုင်းကစားချင်တဲ့သူဆိုတာ ခင်ဗျားသိမှာပါ၊ ဒါပေမယ့် တခါတလေမှာ နောက်ပြန်ဆုတ်ရတာတွေရှိပါတယ်၊ ဒါပေမယ့် ဒီနေ့နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ကျွန်တော်အဲဒါကိုခံစားခဲ့ရပြီး ကစားဖို့အသင့်ဖြစ်နေခဲ့ပါတယ်၊ ဒီနေ့ပွဲအတွက် ကျွန်တော်တော်တော်လေးတက်ကြွနေခဲ့တာပါ" လို့ မေဆန်မောင့်က ပြောဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ မေလကစပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဂိုးမသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ သွင်းဂိုးတွေပျောက်ဆုံးနေမှုအပေါ်မှာ စိတ်ပူပန်မှုမရှိဘဲ နေရာမှန်ကစားရချိန်မှာ ဂိုးပြန်ရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးရှိခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ ချယ်လ်ဆီးကတော့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က