ထမင်းအသက် ခုနှစ်ရက် ၊ ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားတောင်ရှိပါတယ်။

ရေဟာ ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်ချက်များစွာအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဒါကြောင့် ထမင်းအသက် ခုနှစ်ရက် ၊ ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားတောင်ရှိပါတယ်။ ရေဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အခြေခံအချက်ဖြစ်တာကြောင့် ရေကို ပမာဏ မှန်မှန်ကန်ကန် သောက်ဖို့ လိုအပ်ပါတယ်။  ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေမှာ ရေများများသောက်ပါဆိုတဲ့ အချက်ကို အမြဲတွေ့ကြပါတယ်။ ဒါကြောင့် တစ်ချို့က တစ်နေ့ကို ရေပမာဏများများသောက်နိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ရေအလွန်အကျွံသောက်တာ အချို့သော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

Photo: Healthline

ရေသောက်များခြင်းရဲ့ ဆိုးကျိုးများ 

နယူးဒေလီ ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Shikha Sharma က ရေအလွန်အကျွံသောက်သုံးခြင်းဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုမမှန်ကန်ခြင်းကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။ ရေကိုလိုအပ်တာထက် ပိုသောက်ခြင်းက နှလုံးကြွက်သားတွေကို မလိုအပ်ဘဲပိုတင်းစေပြီ:သွေးဖိအားကိုကျဆင်းစေနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းဟာ ရေဓာတ်ခန်းခြောက်ခြင်းရော ရေဓာတ်လွန်ကဲတာရောရဲ့ လက္ခဏာဖြစ်ပါတယ်။ ရေကို အလွန်အကျွံသောက်တဲ့အခါ သွေးထဲမှာ ဆိုဒီယမ်ဓာတ် လျော့နည်းသွားပြီး ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ ဆဲလ်တွေကို ဖောရောင်စေပါတယ်။

ရေကို အလွန်အကျွံသောက်တဲ့အခါ electrolyte ပမာဏ ကျဆင်းသွားပြီး ဟန်ချက်ပျက်သွားပါတယ်။ electrolyte ပမာဏနည်းခြင်းဟာ ကြွက်သားများတောင့်တင်းခြင်းနဲ့ ကြွက်တက်ခြင်းလို လက္ခဏာတွေ ဖြစ်စေပါတယ်။ ရေအလွန်အကျွံသောက်ခြင်းဟာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ မောပန်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ကျောက်ကပ်က သောက်လိုက်တဲ့ရေကို စစ်ထုတ်ဖို့အတွက် သွေးကြောထဲက အရည်ပမာဏကို မျှတအောင် လုပ်ရပါတယ်။ ရေအလွန်အကျွံသောက်ခြင်းကြောင့် ကျောက်ကပ်ပိုအလုပ်လုပ်ရပြီး ခန္ဓာကိုယ်မှထွက်တဲ့ ဟော်မုန်းများကြောင့် စိတ်ဖိစီးမှု ဖြစ်ပေါ်စေပါတယ်။

Photo: Healthline

တစ်နေ့ကို ရေဘယ်လောက် သောက်မလဲ

ရေများများသောက်ပါဆိုပေမယ့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကတော့ တစ်နေ့ကို ရေဖန်ခွက် ရှစ်ခွက်ကနေ ဆယ်ခွက်လောက်ပဲ သောက်သင့်တာပါ။ ဒါ့အပြင် တကယ်တမ်းမှာတော့ ရေငတ်ပြီး ရေဆာချိန် ၊ ရေဓာတ်လိုအပ်ချိန်မှသာ ရေသောက်သင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ခြင်းရှိမရှိ စစ်ဆေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆီးအရောင်ကို စစ်ဆေးတာ ဖြစ်ပြီး အဝါရောင်ဖြစ်နေရင်တော့ ရေဓာတ်လိုအပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: NPTV

Share

Loading Next Article...
က္က