ဆနွင်းရဲ့ အဓိက ကျော်ကြားတဲ့ အစွမ်းတစ်ခုက ရောင်ရမ်းနေတာတွေကို လျော့ကျစေတာပါ။

မြန်မာနိုင်ငံမှာ ဆနွင်း(နနွင်း) ဆိုရင် ကလေးအစ လူကြီးအဆုံး မသိသူ မရှိလောက်တဲ့အထိ ဆနွင်းက အသုံးများပါတယ်။

Photo: India Time



အိမ်တိုင်းလိုလိုရဲ့ မီးဖိုခန်းမှာ ဘူးလေးနဲ့ အမြဲရှိတဲ့ ဆနွင်းမှုန့်ဝါဝါလေးတွေက အလွန်ဆေးစွမ်းထက်ပါတယ်။ဒါဟာ ဆနွင်းမှာပါတဲ့ curcumin ဓာတ်ကြောင့် ဖြစ်ပြီး ရောင်ရမ်းမှုတွေအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်နေတာပါပဲ။

ဆနွင်းက ကုပေးနိုင်တဲ့ ရောဂါများ

ရောင်ရမ်းမှုကို ကျစေတယ်

ဆနွင်းရဲ့ အဓိက ကျော်ကြားတဲ့ အစွမ်းတစ်ခုက ရောင်ရမ်းနေတာတွေကို လျော့ကျစေတာပါ။ဆနွင်းမှာပါတဲ့ curcumin က ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့ ဓာတ်ပေါင်းတစ်ခုပါ။အသုံးပြုတဲ့ ပမာဏအပေါ်မူတည်ပြီး ဆနွင်းမှာပါတဲ့ curcumin ဟာ Advil (ibuprofen) နဲ့ aspirin လို ဆေးတွေထက် ပိုစွမ်းတယ်လို့ ဆိုကြပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းရောဂါတွေ ဖြစ်နိုင်တဲ့ အူလမ်းကြောင်းရောဂါ၊ ပန်ကရိယ နဲ့ အဆစ်နာခြင်းလို ရောဂါတွေအတွက် ဆနွင်းဟာ အလွန်ကောင်းမွန်ပါတယ်။

နှလုံးရောဂါကို ကာကွယ်နိုင်တယ်

Photo: Times of India

လေ့လာမှုတစ်ခုအရ ဆနွင်းမှာပါတဲ့ curcumin ဟာ နှလုံးနဲ့ သွေးကြောတွေမှာ ဖုံးနေတဲ့ အမြှေးပါးတွေအတွက် ကောင်းမွန်ပြီး သွေးဖိအားကို ထိန်းညှိရာမှာ အထောက်အကူပြုတဲ့ endothial function ကို အထောက်အပံ့ပြုတာကြောင့် အသက်အရွယ်ကြီးရင့်ခြင်း ၊ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်တက်ခြင်းကို လျှော့ချပေးပါတယ်။

ကင်ဆာရောဂါတွေကို ကာကွယ်တယ်

ရောင်ရမ်းခြင်းဟာ အကျိတ်ကြီးထွားမှုနဲ့ ဆက်စပ်နေတာကြောင့် ဆနွင်းမှာပါတဲ့ curcuminလို ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဒြပ်ပေါင်းတွေက အူမကြီးကင်ဆာ၊ ပန်ကရိယ၊ ဆီးကျိတ်၊ ရင်သားနဲ့ အစာအိမ်ကင်ဆာအပါအဝင် ကင်ဆာအမျိုးအစားအမျိုးမျိုးကို ကာကွယ်၊ကုသနိုင်ပါတယ်။ အကျိတ်ဆဲလ်တွေ ပြန့်ပွားမှုကို နှေးကွေးစေပြီး အကျိတ်တွေဖြစ်မလာအောင် ကာကွယ်ပါတယ်။

ဒူးဆစ်နာရောဂါကို သက်သာစေတယ်

ဆနွင်းမှာပါတဲ့ curcuminဓာတ်ဟာ ဒူးဆစ်ရောင်ရမ်းခြင်းရောဂါ osteoarthritis (OA) ရှိသူတွေအတွက် ထိရောက်တဲ့ ရေရှည်ကုသနည်းတစ်မျိုးဖြစ်တယ်လို့ အနောက်နိုင်ငံက သုတေသနတွေမှာဆိုပါတယ်။၂၀၂၁ ခုနှစ် သြဂုတ်လထုတ် ဆေးပညာနှင့်ဇီဝဗေဒတိုးတက်မှုစာအုပ်မှာဆိုရင် nanocurcumin ၄၀ မီလီဂရမ်သောက်တဲ့ လူအုပ်စုကို လေ့လာရာမှာ တခြားအုပ်စုနဲ့ယှဉ်ရင် ခြောက်ပတ်အကြာမှာ နာကျင်မှုနဲ့တောင့်တင်းမှုသိသိသာသာကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဆီးချိုရောဂါကို ကာကွယ်ကုသနိုင်တယ်

ဆနွင်းမှာပါတဲ့ curcumin က ဆီးချိုရောဂါကို ကာကွယ် ၊ ကုသနိုင်ပါတယ်။ curcumin ဟာ အင်ဆူလင်ခုခံမှုနဲ့ သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုကိုတိုးတက်စေဖို့နဲ့ သွေးတွင်းအဆီဓာတ်ကို လျော့ကျစေပြီး ဆီးချိုရောဂါကုသမှုအတွက် ကောင်းမွန်တယ်လို့ ဆိုပါတယ်။

အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်၊ကုသနိုင်တယ်

Photo: Medical News Today

ဆနွင်းမှာပါတဲ့ Curcumin က ဦးနှောက်ကို Alzheimer ကဲ့သို့သော အဖြစ်များတဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ဦးနှောက်က လာတဲ့ neurotrophic factor (BDNF) အဆင့်ကို တိုးမြှင့်ခြင်းအားဖြင့် 

အာရုံကြောဆဲလ်များ ကျန်းမာသန်စွမ်းပြီး ဦးနှောက်ယိုယွင်းမှုကိုနှောင့်နှေးစေ နိုင်ပါတယ်။ သုတေသနများ စွာပြုလုပ်ပြီးတဲ့ ရလဒ်တွေအရ ဆနွင်းဟာ ဦး နှောက်ရောဂါများကာကွယ်ခြင်း နဲ့ ကုသရာမှာ ပိုမိုထိရောက်စေကြောင်း သုတေသီတွေက ဆိုထားပါတယ်။

အရေပြားရောဂါတွေ ကုသနိုင်တယ်

ဆနွင်းဟာ ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး ပိုးမွှားနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့်ဝက်ခြံ၊ နှင်းခူ စတဲ့ အရေပြားရောဂါတွေမှာ အသုံးပြုနိုင်ပါတယ်။၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထုတ် ဆေးဘက်ဆိုင်ရာသိပ္ပံဂျာနယ်မှာတော့ curcumin ဟာ psoriasis (နာတာရှည်ရောင်ရမ်းသောအရေပြားရောဂါ) အတွက် ထိရောက်ပြီး လုံခြုံစိတ်ချရတဲ့ ကုသမှုဖြစ်နိုင်တယ်လို့ အကြံပြုထားပါတယ်။

Ref: Healthline


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က