လတ်တလောမှာတော့ အသားအရေ ကောင်းမွန်မှုကြောင့် ပရိသတ်တွေ ရဲ့ အားကျခြင်းကို ခံနေရသူလေးကတော့ သရုပ်ဆောင် မေပန်းချီပါ။

ဒီဘက်ခေတ်မှာ အမျိုးသမီးအများစုဟာ မိတ်ကပ်ပစ္စည်းတွေထက် အသားအရေ ကောင်းမွန် မှုကိုသာ ဦးစားပေးလုပ်ဆောင် လာကြတာကို တွေ့ရပါတယ်။

Photo: May Panche Facebool

အောက်ခံ အသားအရေကိုသာ ကောင်းမွန်အောင် Skin Care များ ပြုလုပ်လာကြပြီး မိတ်ကပ် ပြင် ဖို့ကိုထင် သလောက် အာသီသ မရှိကြတော့တာ ကိုလည်း တွေ့ရမှာပါ ။ 

လတ်တလောမှာတော့ အသားအရေ ကောင်းမွန်မှုကြောင့် ပရိသတ်တွေ ရဲ့ အားကျခြင်းကို ခံနေရသူလေးကတော့ သရုပ်ဆောင် မေပန်းချီပါ။ သရုပ်ဆောင် မေပန်းချီဟာ သူမရဲ့ ဆိုရှယ်မီဒီယာတွေကနေ Live လွှင့်ရာမှ မျက်နှာအသားအရေ အထူးကောင်းမွန်နေတာကြောင့်လည်း ဘယ်လို အလှကုန် ပစ္စည်းမျိုးကို အသုံးပြုလဲဆိုတာမျိုးကို ပရိသတ်တွေက စိတ်ဝင်တစားရှိနေခဲ့ကြပါတယ်။ မေပန်းချီရဲ့ Skin Care အကြောင်းကို မေးမြန်းကြည့်ရာမှာတော့ သူမဟာ အသားအရေ ကို ဂရုတစိုက် Skincare လုပ်လေ့လုပ်ထ မရှိပဲ မွေးရာပါ မျက်နှာ အသားအရေ ကောင်းမွန်မှုကြောင့်ရယ် SKII ဆိုတဲ့ Skincare Product တစ်ခုကိုသာ စွဲစွဲမြဲမြဲ အသုံးပြုနေခဲ့တယ်လို့ ဆိုလာပါတယ်။ 

"ပန်းချီက အသားအရည်ကိုအရမ်း ထိန်းသိမ်းတဲ့အထဲမပါဘူး။တချို့တော်တော်များများလုပ်ကြတဲ့ ရေများများသောက် အသီးများများစားတာလည်း ပန်းချီ မလုပ်ဖြစ်ဘူး။တခုကံကောင်းတာက ပန်းချီက မေမေနဲ့တူတော့ မျက်နှာမှာ တင်းတိပ် တွေ ဝက်ခြံတွေ မရှိဘူး။အရမ်းဂရုတစိုက် Skin Care ရတာမျိုးသိပ်မရှိဘူး။ဒါပေမယ့် အသက်တစ်ခု ရလာတဲ့အချိန်မှာ Skin Care ကိုသေချာ သုံးရမယ်ဆိုတာသိလာတော့ SKII လိမ်းဖြစ်တယ်" လို့ဆိုပါတယ်။ 


Glow Skin ကို ပိုင်ဆိုင်ဖို့ Skincare တစ်ခုတည်းနဲ့ လုံလောက်ပါ့မလား

Photo: May Panche Facebool

မျက်နှာကြည်လင်ခြင်း မကြည်လင်ခြင်းဟာ Skin Care တစ်ခုတည်းနဲ့လုံလောက်နိုင်သလား။ တကယ်တော့ မလုံလောက်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ အတွင်းပိုင်းကလီစာတွေဟာ သန့်ရှင်းစင်ကြယ်နေမှသာ မျက်နှာရဲ့ အကြည်ဓာတ်ကို ရရှိနေမှာပါ။ 

"မျက်နှာ ကြည်လင် တောက်ပ ဖို့အတွက် ဆိုရင် အရင်ဆုံး ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးဖို့လိုတယ် ။Detox လေးတွေ သောက်ပေးရမယ်။အူရှင်းဆေးလေးတွေ သောက်ရမယ်။ မိန်ကလေးဆို သားအိမ်တွေ ရှိမယ်။ သားအိမ် တွေ အူတွေ သန့်ရှင်းနေမှ မျက်နှာလေးက ကြည်မှာ ။Skincare တစ်ခုထဲ ဖိလုပ်ပြီး အသားအရည် ကြည်လာအောင် လုပ်လို့မ ရဘူး။တချို့ဆို တကယ်ဈေးကြီးတာတွေ သုံးကြတယ်။ဒါပေမယ့်ထူးခြားတဲ့ရလဒ်မျိုးမရတာအဲ့ဒါကြောင့်ပါ"လို့ မေပန်းချီက အကြံပြုပေးခဲ့ပါတယ်။ 

အသားစားကြူးတာကို အထူးရှောင်ကြဉ်ဖို့လို ..

အစားအသောက်တွေကိုလည်း အထူးဂရုစိုက် စားသောက်ပေးဖို့လည်း လိုပါတယ်။ အစပ်များလွန်းတာ၊ အငံဓာတ်ပါဝင်မှု များလွန်းတာနဲ့ အသားစားသောက်ရတာကို ခုံမင်လွန်းတာမျိုးကို ရှောင်ကြဉ်ဖို့လိုပါတယ်။ ရေဓာတ်ပါဝင်မှု များတဲ့အစားအစာမျိုးနဲ့အသီးအရွက် အသားငါးကို မျှတ အောင် စားသောက်ပေးဖို့ လည်း လိုအပ်ပါတယ်။ ရေကိုလည်းတစ်နေ့ကို ၈ခွက် ခန့် သောက်သုံးပေးဖို့ လည်းလိုအပ်ပါတယ်။ 

ဘယ်လိုအသက်အရွယ်မျိုးရောက်ရှိနေပါစေ သင်ဟာလှပနေတဲ့အမျိုးသမီးတစ်ဦးဖြစ်ဖို့လို..

Photo: May Panche Facebool

အမျိုးသမီးတွေဟာ ဘယ်လိုအသက်အရွယ်မျိုးမှာပဲ ရှိနေပါစေ ။သင်ဟာလှပချင်တဲ့စိတ်လေးကို အမြဲမွေးမြူထားရပါမယ်။ "မိန်းကလေးတွေဆိုတာ လှအောင်နေကိုနေသင့်တယ်။ဘယ်လိုအသက်အရွယ်မျိုးမှာမဆို။ အပျိုပဲ ဖြစ်ဖြစ် အိမ်ထောင်ရှိသူပဲဖြစ်ဖြစ် ကလေးဘယ်နှယောက်ရှိတဲ့မိခင်မျိုးပဲဖြစ်ဖြစ် မိန်းကလေး ဆိုတာ လှနေဖို့ကို လိုတာပေါ့နော်။ ကိုယ်လှ လာလေ လေ အပြင်ထွက်ရတာ ယုံကြည်မှုရှိလေလေပဲ။ ကိုယ့်ကိုယ်ကိုယ် ပုံမှန် Skincare လိမ်းတာ Body ကိုဂရုစိုက်တာမျိုးက လုပ်ကို လုပ်သင့်တဲ့အရာ ပါပဲ။အဲ့ဒါ ဆို ဘယ်နေရာသွားသွား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာပေါ့နော်။သဘောတရားက အလှမပြင်ရင် ပိုမပြင်ချင်လေပဲ။ အလှအပ ကို ဂရုစိုက်တတ်လာလေ ပိုပြီး လှချင် လေ ဂရုစိုက်ချင်လေပဲ။ဈေးကြီးတာသုံးမှ လှတာမျိုးမဟုတ်ဘူးနော်။ ကိုယ့်မျက်နှာနဲ့ အပ်စပ်တဲ့ ပစ္စည်းမျိုးကို ရွေးချယ်တတ်ဖို့က အဓိက အကျဆုံးပါ" လို့ မေပန်းချီက အကြံပြုပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က