လီဗာပူးလ်နဲ့ပွဲအပြီးမှာ တဦးတည်းလေ့ကျင့်နေခဲ့တာပါ။

ဆိုးလ်ရှားလက်အောက်မှာ အကြောင်းအရင်းမယ်မယ်ရရမသိရဘဲ ပွဲကစားခွင့်မရဖြစ်နေတဲ့ ဟော်လန်ကြယ်ပွင့်ဟာ လီဗာပူးလ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကွင်းအတွင်း ကျန်နေခဲ့တယ်လို့ သိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရန်ခုံမှာထိုုင်နေဖို့အတွက် အေဂျက်ဇ်ကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူဗန်ဒီဘိခ်ဟာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပေမယ့်လည်း ပရော်ဖက်ရှင်နယ်ပီသတဲ့ သူ့ရဲ့ပုံစံတွေကိုတော့ ပြသနေခဲ့ပါတယ်။ ဆိုးလ်ရှားလက်အောက်မှာ အကြောင်းအရင်းမယ်မယ်ရရမသိရဘဲ ပွဲကစားခွင့်မရဖြစ်နေတဲ့ ဟော်လန်ကြယ်ပွင့်ဟာ လီဗာပူးလ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကွင်းအတွင်း ကျန်နေခဲ့တယ်လို့ သိရပါတယ်။ 



သူနဲ့အတူ ကြံ့ခိုင်ရေးနည်းပြတစ်ဦးလည်း အတူရှိနေခဲ့ပြီး ဗန်ဒီဘိခ်က တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ၂ နာရီနီးပါးကြာ လေ့ကျင့်ခန်းဆင်းခဲ့တယ်လို့ သိရပြီး အသင်းအတွက်ကစားပေးခွင့်ရဖို့ကို အားထုတ်နေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ ဖရက်ဒ် နဲ့ မက်တော်မီနေးတို့ကိုသာ ဆိုးလ်ရှားက အသုံးပြုနေပြီး ဗန်ဒီဘိခ်ကိုတော့ လျစ်လျူရှုထားခဲ့ပါတယ်။

ရာသီအစမှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ ဗန်ဒီဘိခ်က ကြိုးစားခဲ့ပေမယ့် ဆိုးလ်ရှားက တားဆီးခဲ့ပြီး အသင်းမှာနေရာရှိတယ်လို့ပြောဆိုခဲ့ပေမယ့် လက်ရှိရာသီမှာတော့ သူ ကစားခွင့်ရတဲ့ မိနစ်ဟာ ၆ မိနစ်သာရှိနေပြီး အင်မတန်မှရှားပါးနေခဲ့ပါတယ်။ အသင်းအတွက် ကစားခွင့်လည်းမပေး၊ ထွက်ခွင့်လည်းမပေးတဲ့ အဖြစ်နဲ့ ဗန်ဒီဘိခ်က ရင်ဆိုင်နေရပြီး လက်ရွေးစင်အသင်းမှာပါ ရွေးချယ်မခံရဘဲရှိနေကာ ဆိုးလ်ရှားရဲ့ လုပ်ရပ်က နးာမလည်နိုင်အောင်ဖြစ်နေရပါတယ်။ 

အေဂျက်ဇ်နဲ့အတူ အသိအမှတ်ပြုခံရတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ဗန်ဒီဘိခ်ကို ထိပ်တန်းကလပ်တွေက စိတ်ဝင်စားနေခဲ့ပြိး ယူနိုက်တက်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းပရိသတ်တွေကလည်း ဗန်ဒီဘိခ်အပေါ် အများကြိးမျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အသင်းအတွက်ကစားပေးရတာက ရှားပါးနေခဲ့ကာ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဆိုးလ်ရှားကတော့ ဗန်ဒီဘိခ်ကို ပွဲထွက်ခွင့်ဘာလို့မပေးရလဲဆိုတာကို အကြောင်းပြချက်ခိုင်ခိုင်မာမာမပေးခဲ့ဘဲ ရှိနေခဲ့ပါတယ်။ 

ပရိသတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ပြီး အားသွန်ခွန်စိုက်ကြိုးစားလေ့ရှိတဲ့ ဗန်ဒီဘိခ်ကို အသုံးမပြုတဲ့အပေါ် ဝေဖန်သူတွေလည်း အများကြီးရှိနေခဲ့ပါတယ်။ ကစားသမားရဲ့အေးဂျင့်ကတော့ အသင်းသစ်ရှာဖွေမှုတွေပြုလုပ်နေပြီး ကစားခွင့်မရတော့ဘူးဆိုရင် ဇန်နဝါရီမှာပဲ ထွက်ခွာသွားဖွယ်ရာရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က