ကိုယ်ဘယ်လောက်ပဲ ကောင်းအောင် ပြန်လုပ်လုပ် ဒီဆက်ဆံရေးကဆက်မဖြစ်နိုင်တော့ဘူးလို့ သိသွားတဲ့အခါမှာ အရာရာမှာ စိတ်ဓာတ်တွေ ကျလာပါတယ်။

အသည်းကွဲတယ်ဆိုတာ တစ်နည်းအားဖြင့် ပူဆွေးသောက ရောက်ရတဲ့ခံစားချက်ပါပဲ။ ကိုယ် ချစ်ရတဲ့သူကို ဆုံးရှုံးရတာ၊ ကိုယ်နဲ့အသားတကျ ရှိနေတဲ့သူ ဆုံးရှုံးရတဲ့ ခံစားချက်ဖြစ်ပါတယ်။

Photo: Freepik

အသည်းကွဲတယ်ဆိုတာ ဂရိသဘောတရားအရ တစ်ယောက်ယောက်ဆုံးသွားလို့ဖြစ်တဲ့ခံစားချက်၊ အရမ်းမြတ်နိုးတဲ့ပစ္စည်းတစ်ခုခု ပျောက်ဆုံးသွားတဲ့အခါမှာ ဖြစ်တတ်တဲ့ ခံစားချက်လို့ ဆိုနိုင်ပါတယ်။ ကိုယ်က အသဲကွဲပြီဆို ဒီအဆင့်တွေကို ကျော်ဖြတ်နိုင်မှသာ ပျော်ပျော်နေနိုင်တဲ့ ဘဝကို ပြန်ရနိုင်မှာဖြစ်ပါတယ်။

အသည်းကွဲတဲ့အခါခံစားရတဲ့ နာကျင်မှုတွေက တစ်ယောက်နဲ့တစ်ယောက်တော့ တူနိုင်မှာမဟုတ်ပါဘူး။ ဒီဆက်ဆံ‌ရေးအပေါ် အချိန်ပေးမှု ၊ ရင်းနှီးမြှုပ်နှံမှု ၊ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကိုယ့်အနာဂတ်မျှော်လင့်ချက်အပေါ်မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ အတိမ်အနက်တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ ပြင်းထန်တဲ့ခံစားချက်တွေ ဖြစ်လာတတ်ပါတယ်။

နှလုံးသားတွေ နာကျင်လာတာ

Photo: Shutter Stock

အသည်းကွဲတဲ့အခါ ပြင်းထန်တဲ့စိတ်ခံစားချက်တွေ ဖြစ်တဲ့အတွက် ရင်ဘတ်ထဲမှာ စူးစူးနင့်နင့် အောင့်လာသလို ခံစားရပြီး နှလုံးသားတွေ နာကျင်ရပါတယ်။ တချို့ကျတော့လည်း ကိုယ့်မှာ အရာအားလုံး ဆုံးရှုံးသွားသလို ခံစားရပြီး ဘာမှမရှိတော့ဘဲ ခံစားချက်တွေဟင်းလင်းပြင်ဖြစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

လုံးဝလက်မခံနိုင်တာ

Photo: Freepik

အသည်းကွဲတယ်ဆို ဒါက မဖြစ်သင့်ဘူးတို့၊ မပြတ်သင့်ဘူးတို့ ငါ့ relationship က ဒီလိုကြီး အဆုံးသတ်သွားလို့ မ ရဘူးဆိုပြီးတော့ တွင်တွင်ငြင်းနေတတ်ပါတယ်။ ဒီအဖြစ်အပျက်အပေါ် လုံးဝလက်မခံနိုင်ဘဲ ခံစားချက်တွေကို လျစ်လျူရှုဖို့ကြိုးစားလာတတ်ပါတယ်။

ဒေါသထွက်လာတာ

Photo: shape.com

ပတ်သက်ခဲ့တဲ့အချိန်တွေကို ပြန်စဥ်းစားမိပြီး ဒေါသထွက်လာတတ်ပါတယ်။ ငါဒီလောက်ကောင်းရဲ့ သားနဲ့ ငါ့ကို ဘာလို့ ထားခဲ့တာလဲဆိုပြီး တွေးတွေးပြီး ဒေါသတွေထွက်လာပါတယ်။

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လာတာ

Photo: unwritten

ငါအရင်က ဘာများမှားမိလို့လဲ။ ဘာတွေမှားခဲ့လို့ အခုလို ဖြစ်ရတာလဲဆိုပြီး တွေးလာတတ်ပါတယ်။ ငါဘယ်လိုလုပ်ခဲ့သင့်တာ၊ ရန်ဖြစ်တုန်းက ငါအဲလိုများလုပ်ခဲ့ရင် ဒီလို မဖြစ်ဘူးဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လာတတ်ပါတယ်။ ဥပမာ- ငါများအချိန်ပိုပေးခဲ့မိရင်၊ ငါများပိုဂရုစိုက်ပေးမိရင် ဒီဆက်ဆံရေးက မြဲမှာလို့ တွေးပြီး ငါမှားခဲ့လို့ ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တတ်လာတတ်ပါတယ်။

စိတ်ဓာတ်ကျလာတာ

Photo: Twenty20

ကိုယ်ဘယ်လောက်ပဲ ကောင်းအောင် ပြန်လုပ်လုပ် ဒီဆက်ဆံရေးကဆက်မဖြစ်နိုင်တော့ဘူးလို့ သိသွားတဲ့အခါမှာ အရာရာမှာ စိတ်ဓာတ်တွေ ကျလာပါတယ်။ ငါဘယ်လိုပဲ အချိန်ပေးပေး သူ့ကို ဘယ်လောက်ပဲ အလျှော့ပေးပေး အရင်လို ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူးလို့ တွေးမိတဲ့အခါ Depression တွေ ဝင်လာတတ်ပါတယ်။ အိပ်လို့လည်း မရ၊ ဘာပဲစားစား စားမဝင်နဲ့ နောက်ဆုံးမှာ စိတ်ဓာတ်တွေကျပြီး အိပ်ရာထဲလဲတဲ့အဆင့်ထိကို ရောက်လာပါမယ်။

နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်လက်ခံလိုက်ပါ

အဲဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြေကွဲရတဲ့ အဆင့်တွေ ကျော်ဖြတ်လာပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်လာတဲ့အဆင့်ကို ရောက်လာပါမယ်။ နောက်ဆုံးမှာ ဒီဆက်ဆံရေးက တကယ်ပဲ အဆုံးသတ်သွားပြီ။ ငါ့ဘဝကို အကောင်းဆုံး ‌ရေှ့ ဆက်ရမယ်။ လုပ်စရာ ရှိတာ ဆက်လုပ်မယ်။ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်နေမယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကို လက်ခံလိုက်တဲ့အဆင့်ကို ရောက်လာပါလိမ့်မယ်။

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က