စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားကို အများကြီး ထိခိုက်စေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ လူတွေရဲ့ နေထိုင်မှုပုံစံက အထိုင်များလာကြပြီး စားတဲ့အစားအစာတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားစာတွေ များလာပါတယ်။

ဒါ့အပြင် ဆေးလိပ်နဲ့အရက်ကိုလည်း သုံးစွဲမှု မြင့်လာတာကြောင့် ရောဂါဖြစ်မှုတွေလည်း တိုးလာပါတယ်။ ဒီလိုလူနေမှုပုံစံတွေဟာ လူကြီးတွေတင်မက လူငယ်တွေမှာ တရိပ်ရိပ်တိုးလာတဲ့အတွက် လူနေမှုပုံစံအမှားအယွင်းကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့အတူ လူငယ်တွေဟာလည်း သက်တမ်းမတိုင်မီ သေဆုံးနေကြရတယ်လို့ သုတေသနစစ်တမ်းတွေက ဖော်ပြပါတယ်။ မှားယွင်းတဲ့နေထိုင်မှုပုံစံတွေကြောင့် ဘယ်လိုရောဂါတွေဖြစ်တတ်သလဲဆိုတာကို ကြည့်ကြရအောင်။

အဝလွန်ရောဂါ 

Photo: Frontiers

လူတစ်ယောက်ဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားပြီး အထိုင်များတယ်ဆိုရင် သူဟာ ရှိသင့်ရှိထိုက်တဲ့ ခန္ဒာကိုယ်စံညွှန်းကို ကျော်လွန်ပြီး အဝလွန်ရာကနေ ရောဂါဖြစ်လာပါတယ်။ အလွယ်စား အစားအစာတွေ ၊ သကြားပါတဲ့ အချိုရည်တွေလို ကယ်လိုရီများတဲ့ အဖျော်ယမကာတွေ သောက်ပြီး သစ်သီးနဲ့ဟင်းသီးဟင်းရွက်စားတာ နည်းပါးတဲ့သူတွေ ဖြစ်ပါတယ်။ဒါ့အပြင် ကွန်ပြူတာရှေ့မှာပဲ အထိုင်များနေတာ ၊ လေ့ကျင့်ခန်းမလုပ် အလှုပ်အရှားနည်းသူတွေဟာ အဝလွန်ရောဂါ ဖြစ်လာပါတယ်။

ဆီးချိုရောဂါ

Photo: News Medical

အမျိုးအစား (၂) ဆီးချိုရောဂါရဲ့ အဓိကအကြောင်းရင်းတစ်ခုက အဝလွန်ခြင်းက စပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များသော ဆီးချိုအမျိုးအစားဟာ အစားအသောက်နဲ့ လူနေမှုပုံစံအလွဲတွေကနေ ဖြစ်လာတာပါ။လက်ရှိမှာဆိုရင် ကမ္ဘာ့ ထိပ်တန်း ဆီးချိုအဖြစ်များတဲ့ နိုင်ငံတွေမှာ ကိန်းဂဏန်း ၄၀.၉သန်းနဲ့ ဆီးချိုရောဂါ ဝေဒနာရှင်ဦးရေ အများဆုံး စာရင်းမှာ အိန္ဒိယ ဦးဆောင်နေပြီး တရုတ် က ၃၉.၈သန်း ရှိနေပါတယ်။

နှလုံးရောဂါ

Photo: Rungta

နှလုံးသွေးကြောဆိုင်ရာရောဂါတွေဟာ ကမ္ဘာတစ်ဝှမ်း သေဆုံးမှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး နှစ်စဉ် လူပေါင်း ၁၇ သန်းလောက် အသက်ဆုံးရှုံးနေပါတယ်။ဒါဟာ မျိုးရိုးဗီဇထက်စာရင် ကိုယ်လက်လှုပ်ရှားမှုမရှိတာ ၊ ဆေးလိပ်သောက်တာ ၊ ဆီးချိုရောဂါ၊ ကိုလက်စထရောများတာ ၊ သွေးတိုးရောဂါတွေကြောင့် လူငယ်လူနာတွေမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ဒါကြောင့် မိသားစုမှာ နှလုံးရောဂါမျိုးရိုးရှိရင် အနေအထိုင်ပုံစံကို ပိုပြီး အာရုံစိုက် အလေးထားသင့်ပါတယ်။

လေဖြတ်ခြင်း

Photo: Lippo

ဆေးလိပ်သောက်ခြင်း ၊ ကိုလက်စထရောများခြင်းဟာ လေဖြတ်ခြင်းအန္တရာယ်ကို တိုးစေပါတယ်။အမျှင်ဓာတ်များတဲ့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပြီး ပြည့်ဝဆီတွေနဲ့ ကိုလက်စထရောမြင့်မားစေတဲ့ စားအစာတွေကို ရှောင်ပါ။ဒါ့အပြင် သွေးဖိအားကို လျှော့ချဖို့ ဆားစားသုံးမှုကို သတိထားဖို့လည်း လိုပါတယ်။ သွေးတိုးတာကနေ လေဖြတ်ခြင်းကို ဦးတည်မှုက အများကြီး ဆက်နွယ်တာဖြစ်လို့ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကင်ဆာ

Photo: NBC News

စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားကို အများကြီး ထိခိုက်စေပါတယ်။ နေထိုင်စားသောက်မှု မမှန်တဲ့သူတွေဟာ စိတ်ဖိစီးမှု ခံစားရလေ့ရှိပါတယ်။ စိတိဖိစီးမှု ကြာလာတဲ့အခါ သွေးဖြူဥတွေက လူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ဖို့ စွမ်းအားဆုံးရှုံးသွားတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဆဲလ်များကြီးထွားမှုတွေဟာ နောက်ဆုံးမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ကြာရှည်စွာသောက်ခြင်း ၊ နေရောင်ခြည်အလွန်အကျွံထိတွေ့ခြင်းတွေကနေ အဆုတ်နဲ့ အရေပြားကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှုကို ရှင်းလင်းဖို့ကတော့ ယောဂကျင့်တာ ၊ တရားထိုင်တာတို့လို အလေါအကျင့်တွေကနေ လျှော့ချနိုင်ပါတယ်။

အသည်းခြောက်ရောဂါ

Photo: Healthline

အသည်းခြောက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အရက်အလွန်အကျွံသောက်ခြင်း ဖြစ်ပါတယ်။အရက်သောက်ခြင်းဟာ အခုနောက်ပိုင်း လူနေမှုပုံစံမှာ ခေတ်စားလာပြီးအရှိန်အဟုန်မြင့်လာပါတယ်။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု မမှန်တာကနေ စိတ်ဖိစီးမှုတွေဖြစ် ၊ ဒီဖိစီးမှုတွေကို အရက်တွေ ယာမကာတွေနဲ့ လျှော့ချတဲ့အခါ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ထပ်ဖြစ်လာပါတယ်။ဒီထဲမှာ နာတာရှည် အသည်းရောဂါကတော့ အဖြစ်အများနိုင်ဆုံးဖြစ်ပါတယ်။

Ref: Healthline

Share

Loading Next Article...
က္က