အသည်းကွဲနေချိန်မှာ လူတွေဟာ မအိပ်နိုင်မစားနိုင်နဲ့တမှိုင်မှိုင်တတွေတွေဖြစ်နေတတ်ပါတယ်။

အသည်းကွဲတဲ့‌ရောဂါ လွယ်လွယ်နဲ့လည်း မပျောက်နိုင်လို့ ဆိုကြသလိုပါပဲ။ အသည်းကွဲတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ အရ ပြင်းထန်တဲ့ ခံစားချက်မျိုးဖြစ်ပါတယ်။

အသည်းကွဲနေချိန်မှာ လူတွေဟာ မအိပ်နိုင်မစားနိုင်နဲ့တမှိုင်မှိုင်တတွေတွေဖြစ်နေတတ်ပါတယ်။ ဒီတော့ ဘေးပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းတွေက စကားလုံးတွေနဲ့အားပေးနှစ်သိမ့်ဖို့ကြိုးစားတတ်ကြပါတယ်။ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အသည်းကွဲနေသူတွေကို အားပေးစကားပြောရာမှာ သတိထားရမယ့်စကားလုံးတွေရှိပါတယ်။ ဒီစကားလုံးတွေက ကာယကံရှင်ရဲ့ခံစားချက်ကိုပိုမိုဆိုးရွားသွားစေနိုင်တဲ့အတွက် သတိထားရမှာပါ။ 

အချိန်ကကုစားသွားမှာပါ

Photo: Ceriasihat

အသည်းကွဲတာကို အချိန်ကကုစားသွားမှာပါဆိုပြီး နှစ်သိမ့်တတ်ကြပါတယ်။ တကယ်တော့ အသည်းကွဲတာကို ဒီတိုင်းထိုင်စောင့်နေလို့ သူ့ဘာသာသူ သက်သာ သွားတာမရှိပါဘူး။ ဥပမာ- ဘာနဲ့တူသလဲဆို ထိခိုက်ဒဏ်ရာရသွားတယ်ဆို ဒီအနာကို ဆေးထည့်မှ သက်သာသလိုပါပဲ။ အသဲကွဲတဲ့အခါမှာလည်း အသဲကွဲဒဏ်ရာကို ကုစားဖို့လိုပါတယ်။ ဖြစ်တာနဲ့ အချိန်မီကုစားပါ။ အချိန်ကကုစားလိမ့်မယ်ဆိုပြီး ကိုယ်တိုင် မကုစားဘဲနေရင် အချိန်တွေကြာလာတဲ့အခါမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်တွေကျလာတာပဲ အဖတ်တင်လာပါလိမ့်မယ်။

ခံစားမနေနဲ့

Photo: Vocal

အသည်းကွဲနေတဲ့သူကို နင်ကလည်း ဒါလေးဖြစ်တာ လိုက်ပြီးခံစားမနေပါနဲ့။ အားလုံး အဆင်ပြေသွားမှာပါဆိုပြီးတော့ လို့ မပြောသင့်ပါဘူး။ ကာယံကံရှင်ရဲ့ စိတ်ခံစားချက်တွေကို ဆန့်ကျင်ဘက် ဖြစ်အောင် လှုံဆော်ပေးတာက သူ့အတွက် လုံးဝအထောက်အကူမပြုပါဘူး။ မခံစားနဲ့လို့ ပြောပေမယ့် နာနေတဲ့ အသည်းက ချက်ချင်းပျောက်သွားစရာအကြောင်းမရှိပါဘူး။

သူကနင်နဲ့ မတန်ပါဘူး

Photo: Semi

သူက အလကားပါဟာ။ နင်နဲ့ မတန်ပါဘူး။ နင်သူနဲ့ တွဲတာ အချိန်ကုန်တာပဲ အဖတ်တင်သွားတာပဲ။ နင် ဒီထက် သာတဲ့ လူနဲ့ တွေ့မှာပါ ဆိုပြီး အသဲကွဲနေတဲ့အချိန်မှာ ပြောဖို့မသင့်သေးပါဘူး။ အသဲကွဲသွားတယ်ဆိုပေမယ့် ချစ်သူကို ချစ်စိတ်က မကုန်သေးတဲ့အတွက် အသဲကွဲနေချိန်မှာ ဒီလို စကားတွေနဲ့ မနှစ်သိမ့်သင့်ပါဘူး။

ဒါနင့်အတွက် အခွင့်အ‌‌ရေးပဲ

Photo: NetDoctor

အသဲကွဲနေတဲ့သူကို ဒါနင့်အတွက် အရမ်းကောင်းတာပဲ။ အခုတစ်ယောက်တည်းဖြစ်သွားတော့ နင့်ကိုနင် တိုးတက်အောင်ပဲ လုပ်ပါတော့။ ကိုယ့်ကိုယ်ကိုပိုချစ်ပြီး အာရုံစိုက်ပါ။ ဒီအချိန်မှာ နင့်အတွက် အကျိုးရှိတာတွေပဲ လုပ်တော့ ဆိုပြီး ပြောလို့ မရသေးပါဘူး။ အသဲကွဲထားတဲ့သူတစ်ယောက်ဟာ လောလောဆယ် ဘာမှမလုပ်ချင်ပါဘူး။ ငိုလို့တောင်မဝသေးပါဘူး။ ဒါကြောင့် ခံစားစရာ ရှိတာကို အပြည့်အဝပေးခံစားဖို့ လိုပါတယ်။

သူ့ထက်သာတဲ့လူတွေ့ပါလိမ့်မယ်

Photo: The Conversation

ချစ်သူက လမ်းခွဲသွားပြီဆို အသည်းကွဲတဲ့သူတိုင်းက အဲဒီအချိန်မှာ သူမှ သူပဲ။ သူ့ကိုမှ ပြန်မရရင် သေရပါတော့မယ်ဆိုပြီး ထင်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ ကိုယ်က ဒီထက်သာတဲ့သူ နင်တွေ့ပါလိမ့်မယ် ဆိုတာမျိုးမပြောသင့်သေးပါဘူး။ အချိန်တန်ရင် နောက်ထပ်သာတဲ့သူတစ်ယောက် တွေ့နိုင်တယ်ဆိုပေမယ့် အခုချိန်မှာတော့ ချစ်သူကိုပဲ တန်းတန်းစွဲ ဖြစ်နေတတ်တဲ့အတွက် ဒီလိုစကားမျိုးတွေ မပြောသင့်သေးပါဘူး။

သတင်းဆောင်းပါးပါ အချက်အလက်များသည် alexandrafranzen website နှင့် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn တို့မှ အကြံပြုချက်များကို ကိုးကားဖော်ပြထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က