ဗန်ဒီဘိခ်ဟာ စပါးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် လူစားဝင်ကစားခွင့်တောင်မရရှိခဲ့ဘဲ သူ့အတွက် နောက်ထပ်တစ်ပတ်အချိန်ထပ်မံကုန်ဆုံးခဲ့ပြီး ပိုမိုစိတ်ပျက်စရာတွေဖြစ်လာခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူဗန်ဒီဘိခ်ဟာ အသင်းအတွက် လေ့ကျင့်ရေးကွင်းမှာ ကြုံသလို၊ ကျရာနေရာကို လုပ်ဆောင်ပေးနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဗန်ဒီဘိခ်ဟာ စပါးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် လူစားဝင်ကစားခွင့်တောင်မရရှိခဲ့ဘဲ သူ့အတွက် နောက်ထပ်တစ်ပတ်အချိန်ထပ်မံကုန်ဆုံးခဲ့ပြီး ပိုမိုစိတ်ပျက်စရာတွေဖြစ်လာခဲ့ရပါတယ်။
နည်းပြတစ်ဦးအလား ဗန်ဒီဘိခ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဗန်ဒီဘိခ်ရင်ဆိုင်နေရတဲ့အခြေအနေတွေနဲ့ပတ်သက်ကာ ဆိုးလ်ရှားကို ပရိသတ်တွေရဲ့ ပြစ်တင်ပြောဆိုမှုတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ တွစ်တာပေါ်မှာ ပရိသတ်တစ်ဦးက "ဒွန်နီက ဖရက်ဒ်ထက် ဖန်တီးမှုပိုင်းမှာ အများကြီးသာတယ်လို့ ကျွန်တော်ခံစားရတယ်၊ဘောလုံးထိန်းချုပ်ပုံံ၊ ခံစစ်ပိုင်းလည်း ဒွန်နီက သာပါတယ်၊ အိုလေက သူ့ကို လူစာရင်းထဲမထည့်တာ အံ့သြစရာပဲ" လို့ ဆိုပါတယ်။
နောက်ထပ်တစ်ဦးကလည်း "ဒါက တကယ့်ဟာသပဲ၊ တကယ်လို့သာ ယူနိုက်တက်က ၃-၅-၂ နဲ့ ကစားမယ်ဆိုရင် ဒွန်နီက ကွင်းလယ်မှာ အကောင်းဆုံးဖြစ်ပြီး ဘရူနို၊ တိုက်စစ်ကစားသမားနှစ်ဦးနဲ့ ကောင်းကောင်းချိတ်ဆက်နိုင်တဲ့သူပါ" လို့ ပြောဆိုခဲ့ပြီး တတိယမြောက်တစ်ဦးက "သူ့အတွက် တော်တော်လေးစိတမကောင်းဖြစ်ရပါတယ်၊ သူ အသင်းကထွက်ရင်မထွက်၊ မထွက်ရင် ဆိုးလ်ရှားအထုတ်ခံရဖို့ပဲ မျှော်လင့်ရပါမယ်၊ ဒန်နီကို ဒီပုံစံနဲ့ဆက်ဆံနေတာ စိတ်ပျက်စရာပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဗန်ဒီဘိခ်ကတော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းရွှေ့ဖို့အတွက် ကြိုးစားနေပြီး အပြီးသတ်မဟုတ်ရင်တောင်မှ အငှားနဲ့ထွက်ကစားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အေးဂျင့်အပြောင်းအလဲလည်းပြုလုပ်ထားပြီး ယူနိုက်တက်ကနေ အမြန်ဆုံးထွက်ခွာချင်နေတယ်လို့လည်း သိရပါတယ်။