သက်သောင့်သက်သာရှိစေဖို့ အဓိကအချက်က နှာခေါင်းစည်းနဲ့ ကိုယ်မျက်နှာနဲ့တော်တဲ့ Mask ဖြစ်ဖို့ပါပဲ။

နှာခေါင်းစည်း(mask) တပ်ရတာကို ကိုဗစ်ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံသားတွေလည်း တော်တော်ရင်းနှီးကျွမ်းဝင်နေပါပြီ။

ဒါပေမယ့် အချိန်ကြာကြာတပ်ထားရမယ့်အခြေအနေ ဒါမှမဟုတ် တပ်ရပေမယ့်လည်း သက်သောင့်သက်သာမရှိတာကြောင့် ဆွဲချွတ်ပစ်တာမျိုး ၊ မတပ်ဘဲနေကြတာမျိုးတွေကို တွေ့နေရတုန်းပါပဲ။ဒါကြောင့် သင့်မှာ နှာခေါင်းစည်း(Mask) ကြာကြာတပ်ထားရမယ့် အနေအထားရှိရင် သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။

Photo: Kyaw Zin Mann

ကိုယ်နဲ့တော်တဲ့ နှာခေါင်းစည်းကို ရွေးချယ်ပါ 

သက်သောင့်သက်သာရှိစေဖို့ အဓိကအချက်က နှာခေါင်းစည်းနဲ့ ကိုယ်မျက်နှာနဲ့တော်တဲ့ Mask ဖြစ်ဖို့ပါပဲ။နှာခေါင်း ၊ မေးစေ့နဲ့ နားသိုင်းကြိုးတွေ အံဝင်ခွင်ကျ ဖြစ်ဖို့လိုပါတယ်။နားသိုင်းကြိုးတွေ တင်းတဲ့အခါ နားနာတာ ၊ ပါးစပ် ဒါမှမဟုတ် နှာခေါင်းကို တင်းကြပ် ပွတ်တိုက်မိစေတဲ့အခါ နာကျင်မှု ဖြစ်လာနိုင်ပါတယ်။ပိုပြီး အံဝင်ခွင်ကျဖြစ်ချင်ရင်တော့ Mask ကို အောက်မှာ ပြန်သုံးလို့ရတဲ့ အမျိုးအစားတပ်ပြီး အပေါ်ကနေ တစ်ခါသုံးအမျိုးအစားကို ထပ်တပ်ပါ။ အမျိုးအစားတူတာ နှစ်ခုကိုတော့ ထပ်ပြီး မတပ်ပါနဲ့လို့ Tufts Medical Center မှ ကူးစက်ရောဂါဆိုင်ရာသမားတော်နှင့် တွဲဖက်ဆေးရုံမှ ကူးစက်ရောဂါဗေဒပညာရှင် ဒေါက်တာ Gabriela Andujar Vazquez က ဆိုထားပါတယ်။

နှာခေါင်းစည်းတွေကို သန့်ရှင်းပါစေ

မသန့်ရှင်းတဲ့ နှာခေါင်းစည်း Mask တွေကို ကြာရှည်စွာဝတ်ဆင်တဲ့အခါ ယားယံစေနိုင်ပါတယ်။ဒါ့အပြင် အရေပြားပြဿ နာတွေဖြစ်စေတာကြောင့် သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။ဒါကြောင့် ပြန်အသုံးပြုလို့ရတဲ့ Mask တွေဆို တစ်နေ့တစ်ကြိမ်လျှော်သင့်ပြီး တစ်ခါသုံး Mask တွေကိုဆိုရင်တော့ အသုံးပြုပြီးတိုင်း စွန့်ပစ်ပါ။

Photo: Kyaw Zin Mann

နားသိုင်းကြိုး သက်သောင့်သက်သာဖြစ်ပါစေ

Mask တွေတပ်ရတာ သက်သောင့်သက်သာရှိဖို့က နားသိုင်းကြိုး အလွန်ကြပ်နေတာ ၊ ဒါမှမဟုတ် ချောင်နေတာ မဖြစ်ဖို့ပါပဲ။နားသိုင်းကြိုး တင်းကျပ်လွန်းတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ နားနောက်မှာ နာကျင်ကိုက်ခဲမှုများ ခံစားရနိုင်ပါတယ်။ အလွန်ချောင်နေပါကလည်း ပိုးကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ အန္တရာယ်ရှိပါတယ်။ဒါကြောင့်Maskကြာရှည်မတတ်နိုင်သူတွေဟာ ကြိုးကို ညှိလို့ရတဲ့ဟာမျိုး တပ်ဆင်နိုင်ပါတယ်။

Mask အပိုတွေ ဆောင်ထားပါ

တစ်နေကုန် Mask တပ်ထားဖို့ လိုအပ်သူ ဒါမှမဟုတ် နေရာများများကို သွားလာရတဲ့သူဆိုရင်တော့ Mask အပိုတွေဆောင်ထားတာက သင့်တော်ပါတယ်။ ပြီးတော့ တစ်ခုထဲကို ကြာရှည်တပ်ခြင်းက အသက်ရှူလမ်းကြောင်း ညစ်ညမ်းသွားစေနိုင်ရုံသာမက စိုစွတ်မှုကို ဖြစ်လာစေနိုင်ပါတယ်။ဒါဟာ နှာခေါင်းစည်းရဲ့ ကာကွယ်နိုင်မှုကိုလည်း လျော့ကျစေနိုင်သလို အစိုဓာတ်ကို ခံစားနေရတဲ့အခါ သက်သောင့်သက်သာမရှိ ဖြစ်နိုင်တာကြောင့် လဲလှယ်ပေးပါ။

နှာခေါင်းစည်း တပ်ဆင်ထားခြင်းက ကိုယ့်ကိုကိုယ်ရော သူများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်နေကောင်းလို့ တပ်စရာမလိုဘူးလို့လည်း မတွေးပါနဲ့။နှာခေါင်းစည်းတပ်ထားပြီး အသက်ရှူ မဝသလို ခံစားရရင် စကားအများကြီး သိပ်မပြောပါနဲ့။ နှာခေါင်းစည်းတပ်ပြီး သက်သောင့်သက်သာဖြစ်စေဖို့ဖော်ပြပါနည်းလမ်းတွေကိုလိုက်နာလုပ်ဆောင်မယ်ဆိုရင် အဆင်ပြေသွားစေမှာပါ။

Ref: usatoday


Share

Loading Next Article...
က္က