ကွန်တီလက်အောက်က စပါးအခြေအနေကို ပေါလ်မာဆင်က သုံးသပ်ထားတာပါ။

စပါးဟာ နူနိုဆန်တိုကို ထုတ်ပယ်ပြီးနောက် လစ်လပ်တဲ့နည်းပြနေရာကို နာမည်ကြီးနည်းပြ ကွန်တီနဲ့ အစားထိုးခန့်အပ်လိုက်ပါတယ်။ ကွန်တီဟာ ဂျူဗင်တပ်စ်မှာ လက်တွဲခဲ့ဖူးတဲ့ အားကစားဒါရိုက်တာ ပရက်တီချီနဲ့ စပါးမှာ ပြန်လည်လက်တွဲရမှာဖြစ်ပြီး စာချုပ်သက်တမ်းကတော့ (၂၀၂၃)၊ ဇွန်အထိဖြစ်တယ်လို့ အသင်းဘက်က တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။



ဒီလိုမျိုး ကွန်တီရဲ့လက်အောက်မှာတော့ စပါးတို့ အပြောင်းအလဲတွေဖြစ်လာနိုင်ပြီး ဒီအပြောင်းအလဲတွေကြားမှာ အလီတောက်ပလာနိုင်သလို ဟာရီကိန်းကတော့ ပြဿနာတစ်ရပ်ဖြစ်နိုင်တယ်လို့ ပေါလ်မာဆင်က အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။ ပေါလ်မာဆင်က “စပါးက ကွန်တီလက်အောက်မှာ နောက်တန်းသုံးယောက်နဲ့ ကစားမှာဖြစ်ပြီး အဲ့ဒီလိုမဟုတ်ရင်တော့ အံ့အားသင့်နေရမှာပါ”

“အလီက ဒီနေရာမှာ သေချာပေါက် အကျိုးကျေးဇူးရှိလာနိုင်ပြီး သူ့အတွက် ပြန်လည်တောက်ပလာဖို့ အခွင့်အရေးပါပဲ။ သူသာ ကွန်တီလက်အောက်မှာ အခွင့်အရေးကောင်းကောင်းရရင် ဖရန့်လမ်းပတ်လိုတောင် ဧရိယာထဲမှာ ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်လူဖြစ်လာနိုင်ပါတယ်။ အလီက ပြေးလမ်းကြောင်းတွေ ကောင်းကောင်းဖွင့်နိုင်တယ်၊ ဧရိယာထဲကို ဝင်တိုးနိုင်တယ်”

“ပြီးတော့ အဆုံးသတ်လည်းကောင်းပါတယ်။ ဒါပေမယ့် ဟာရီကိန်းနဲ့ပတ်သက်လို့တော့ ကွန်တီဆီမှာ ပြဿနာရှိနိုင်ပါတယ်။ နူနိုဆန်းတို့စ်လည်း ဟာရီကိန်းကိစ္စမှာ ပြဿနာတက်ခဲ့ပြီး အခု ကွန်တီလည်း ဆက်ပြီး ရင်ဆိုင်ရမှာပါ။ ဟာရီကိန်းကို ဘယ်လိုမျိုးကစားစေမလဲ၊ လာမယ့်ဇန်နဝါရီမှာ သူ့ကို မန်စီးတီးက ကြိုးစားလာဦးမယ့်အပေါ်မှာ ကွန်တီ ဘယ်လိုမျိုးကိုင်တွယ်မလဲ အစရှိတဲ့ ပြဿနာတွေရှိနေပါတယ်” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ကွန်တီအတွက် စပါးဥက္ကဌ လီဗိုင်းက လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း (၁၅၀) ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ကွန်တီဟာ ပုံမှန်အားဖြင့်ဆိုရင် ရာသီစပြီးမှ အသင်းတစ်သင်းကို ကိုင်တွယ်လေ့မရှိဘဲ သူ့စိတ်ကြိုက် ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှသာ ကိုင်တွယ်လေ့ရှိတာပါ။

ဒါပေမယ့် ယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ ဒီစည်းမျဥ်းကို သူကိုယ်တိုင် ပယ်ဖျက်လိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပြီး လက်ရှိအချိန်မှာတော့ စပါးကိုသာ ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က