အဓိကကတော့ အိပ်ချိန်စားချိန် မှန်ဖို့ လိုအပ်ပါတယ်။

သားသမီး ရလာတဲ့ မေမေတွေအနေနဲ့ မွေးကတည်းက တောက်လျှောက်ကို ကလေးအတွက် စိတ်ဖိစီးမှုတွေ ဖြစ်ရပါတယ်။

ဒီလို စိတ်ဖိစီးမှုတွေ ဖြစ်ရတာက အဓိကကတော့ နိုင်ငံရေး၊ ပညာရေး စနစ်နဲ့ ရှေးရိုးစွဲ အယူအဆတွေကြောင့် ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက သုံးသပ်ပါတယ်၊ ဒီလို စိတ်ဖိစီးမှုများနေတဲ့ ပြဿနာကို ကလေး မေမေတွေအနေနဲ့ ဘယ်လို ဖြေရှင်းသင့်ပါသလဲ။

အိပ်ချိန်စားချိန်မှန်ပါ

Photo: The Bump

အဓိကကတော့ အိပ်ချိန်စားချိန် မှန်ဖို့ လိုအပ်ပါတယ်။ ကလေးတွေက စောစောအိပ်တယ်ဆို မိခင်ကပါ စောစောလိုက်အိပ်ဖို့ လိုပါတယ်။ ဥပမာ- ကလေးက အိပ်သွားလည်း ကိုယ်က ဖုန်းဆက်သုံးနေခဲ့တယ်ဆို မနက် ရောက်တဲ့အခါ အိပ်ရေးမဝတဲ့ကြားထဲ များပြားလှတဲ့ ကလေးကိစ္စနဲ့ အိမ်မှုကိစ္စတွေအကြားမှာ ပိုပြီး စိတ်ဖိစီးမှုတွေ တိုးရပါတယ်။ တစ်ခါတစ်လေ စိတ်ကို အနားယူတဲ့အနေနဲ့ ဖုန်းသုံးတာ အဆင်ပြေပေမယ့် အမြဲတမ်းဖြစ်လာတဲ့အခါ အလုပ်များတဲ့ မေမေတွေအတွက် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ မိခင်တွေဟာ အိပ် ရေးဝဖို့ အ ရမ်း အ ရေးကြီးပါတယ်။ နောက်ပြီး အစားကို ပုံမှန်ချိန်လေးသတ်မှတ်ပြီး သေချာစားဖို့ လိုပါတယ်။ မိခင်က အစားသေချာမစားတဲ့အခါ ကလေးပါ မစားတဲ့အတွက် မိခင်က အစားမှန်နေဖို့ လိုပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

Photo: ShutterStock

လေ့ကျင့်ခန်းလုပ်ပါလို့ ဆိုတဲ့အခါ အလုပ်တွေ ပိနေတဲ့ အိမ်ထောင်ရှင် မေမေတို့က ဘယ်မှာလဲ အချိန်လို့ မေးကောင်းမေးမိမှာပါ။ မေမေတို့အတွက် လေ့ကျင့်ခန်း‌လုပ်ဖို့ တကူးတက အချိန်ပေးပြီး မလုပ်နိုင်ပါဘူး။ ဒါပေမယ့် နေ့စဥ် ပုံမှန်လည်ပတ်နေတဲ့ အလုပ်တွေကတစ်ဆင့် ကိုယ်လက်လှုပ် ရှားမှုလေးတွေ လုပ်လို့ ရပါတယ်။ ဥပမာ- ကလေးက စက်ဘီးစီးတာ၊ ဆော့ကစားတာ၊ ပြေးတာ၊ စသဖြင့် လုပ်တဲ့အချိန်မှာ မေမေတွေပါ ကလေးနဲ့ အတူတူ လိုက်လုပ်ပါ။ ကလေးနဲ့တူတူ Zumba ကတာ မျိုးလည်းလုပ်နိုင်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကလေးတွေလည်း စိတ်ပျော်သလို မေမေတွေကလည်း လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်တဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့စေနိုင်ပါတယ်။

ကိုယ့်အောင်မြင်မှုတွေကို စဥ်းစားပါ

Photo: Freepik

ညအိပ်ခါနီးမှာ ဒီနေ့ ဘာတွေ ကောင်းကောင်းလေးလုပ်လိုက်နိုင်တာ ဘာလဲဆိုတာကို စဥ်းစားတတ်တဲ့အကျင့်ကို မွေးမြူပါ။ဥပမာ- ဒီနေ့တော့ကလေးအဝတ်တွေကို မီးပူတိုက်လိုက်နိုင်တယ်ဆိုလည်း ဒါက လည်း အလုပ်ပြီးမြောက်တဲ့အတွက် မေမေတို့ အတွက် အောင်မြင်မှုတစ်ခုပါပဲ။ 

ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါ

မေမေတို့အနေနဲ့ ညအိပ် ရာဝင်တဲ့အခါ တစ်နေ့တာမှာ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ဖို့ကောင်းတဲ့ အချက်တွေကိုလည်း စာအုပ်ထဲမှာ ရေးထားဖို့လိုအပ်ပါတယ်။ ဥပမာ- ဒီနေ့ကျန်းကျန်းမာမာ ရှိတယ်ဆိုတာလည်း ကျေးဇူးတင်စရာပါပဲ။ ကလေးက ထမင်းကောင်းကောင်းစားတယ်ဆိုလည်း ကျေးဇူးတင်စ ရာပါပဲ။ ဒီနေ့အိမ်အလုပ်တွေ ပြီးသွားတာကလည်း ကျေးဇူးတင်စ ရာပါပဲ။ဒီလို ကျေးဇူးတင်စ ရာ ကောင်းတဲ့အချက်တွေကို မှတ်သားထားခြင်းကလည်း ရေရှည်မှာ စိတ်ကျရောဂါကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ 

Relationship တွေတည်ဆောက်ပါ

Relationship လို့ ပြောတဲ့အခါ ချစ်သူ ရည်းစားဆက်ဆံ ရေး လင်နဲ့မယားဆက်ဆံ ရေးတစ်ခုတည်း မဟုတ်ပါဘူး။ သူငယ်ချင်းဆက်ဆံရေး မိတ်ဆွေ အပေါင်းအသင်းဆက်ဆံရေးတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာက ရည်းစား ရသွားပြီဆို ဒီ ရည်းစားတစ်ယောက်တည်းကိုပဲ အချိန်ပေး တတ်ကြပါတယ်။ အိမ်ထောင်သည်ဘဝဆို ပိုဆိုးနိုင်ပါတယ်။ မေမေတို့အတွက် ရင်ဖွင့်ဖော်၊ ရင်ဖွင့်ဖက်တွေ ဆိုတာ တကယ်ကို လိုအပ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကိုယ်နားလည်ပေးတဲ့ သူငယ်ချင်း၊ မိတ်ဆွေ တွေနဲ့ မကြာခဏ အဆက်အသွယ်လုပ်ပြီး ကိုယ့်ခံစားချက်၊ သူ့ခံစားချက် ဖလှယ်ကြပါ။

“ မေမေတို့အနေနဲ့ အဓိကက ကိုယ်စိတ်ချမ်းသာမှုကို ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။ စိတ်ချမ်းသာမှုလို့ ပြောတဲ့အခါ အကြီးကြီးတွေ လုပ်ရမှ မဟုတ်ပါဘူး။ ကိုယ့်နေ့စဥ်ဘဝထဲကနေပဲ စိတ်ချမ်းသာမှုလေးသေးသေးလေးတွေကို ဖန်တီးပြီး နေထိုင်ဖို့ အကြံပြုလိုပါတယ်”

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က