အရင်ကလည်း ဒေါ်လာသန်းဆယ်ချီ ဆုကြေးထုတ်ခဲ့ဖူးပါတယ်။

အမေရိကန်လောင်စာကုမ္ပဏီ Colonial Pipeline ရပ်ဆိုင်းအောင် Ransomware တိုက်ခိုက်ခဲ့တဲ့ ဟက်ကာတွေအကြောင်း သတင်းပေးနိုင်သူကို အမေရိကန်အစိုးရက ဒေါ်လာ ၁၀ သန်းအထိ ဆုချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။ 

မေလထဲက ဖြစ်ပွားခဲ့တဲ့ Colonial Pipeline ကုမ္ပဏီ DarkSide Ransomware တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်အရှေ့ကမ်းရိုးတန်းတလွှားမှာ အသုံးပြုနေတဲ့ လောင်စာဆီရဲ့ ၄၅% ကို သယ်ပေးနေတဲ့ ပိုက်လိုင်းတစ်ခု ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လောင်စာဆီကို ကြောက်လန့်တကြား ဝယ်စုလာခဲ့သလို နိုင်ငံပိုင်အခြေခံအဆောက်အဦတွေ အလွယ်တကူ ဆိုက်ဘာတိုက်ခိုက်နိုင်တဲ့အပေါ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ 



Photo: Business Insider


Colonial Pipeline တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ ဟက်ကာအဖွဲ့တွေရဲ့ နာမည်နဲ့ တည်နေရာကို ပြောနိုင်သူကို အမေရိကန်နိုင်ငံခြားရေးဌာနက ဆုကြေးဒေါ်လာ ၁၀ သန်းအထိ ပေးမယ်လို့ ကြေညာကြောင်း The Verge သတင်းက ဖော်ပြထားပါတယ်။ ဒီဒေါ်လာ ၁၀ သန်းအပြင် DarkSide Ransomware တိုက်ခိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းမိနိုင်ဖို့ သတင်းပေးနိုင်ရင် နောက်ထပ်ဒေါ်လာ ၅ သန်းအထိ ဆုချသွားမယ်လို့လည်း ဆိုပါတယ်။ 

ဒီဆုကြေးကို ၁၉၈၄ ခုနှစ်ကတည်းက နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးကို ရည်ရွယ်ပြီး ထောင်ထားတဲ့ Rewards For Justice (RfJ) ပရိုဂရမ်ကနေ ပေးသွားမှာပါ။ အမေရိကန်အစိုးရအနေနဲ့ ဆိုက်ဘာရာဇတ်မှုကျူးလွန်သူတွေကို အကြမ်းဖက်သမားတွေနဲ့ Level တူ ထားပြီး ဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။ ဇူလိုင်လထဲမှာလည်း အမေရိကန်နိုင်ငံခြားရေးဌာနဟာ RfJ ကနေ တစ်ဆင့် အမေရိကန်နိုင်ငံရဲ့ အရေးကြီးအခြေခံအဆောက်အဦတွေကို ဆိုက်ဘာတိုက်ခိုက်သူတွေရဲ့ သတင်းအချက်အလက်ရဖို့ ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က