တခြား Tesla ပညာရှင်တွေလည်း Apple က အလုပ်ခန့်ထားပါတယ်

Apple မောင်းသူမဲ့ကားပရောဂျက်အတွက် နောက်ထပ် ပညာရှင်တစ်ဦးကို အလုပ်ခန့်လိုက်တယ်လို့ ဆိုပါတယ်။ 

ဒီတစ်ခေါက်မောင်းသူမဲ့ကားပိုင်းအတွက် ခန့်လိုက်တဲ့ပညာရှင်ဟာ Tesla ရဲ့ Autopilot ဆော့ဖ်ဝဲလ်ပိုင်းဒါရိုက်တာအဖြစ် အလုပ်ဝင်ခဲ့သူ ခရစ္စတိုဖာ စီဂျေ မိုးလ်ဖြစ်တယ်လို့ Bloomberg သတင်းက ဖော်ပြပါတယ်။ မိုးဟာ ၂၀၁၄ ခုနှစ်ကတည်းက Tesla မှာ အလုပ်ဝင်ခဲ့သူဖြစ်ပြီး ၂၀၁၉ မှာ Autopilot ဆော့ဖ်ဝဲဒါရိုက်တာ ဖြစ်လာခဲ့တာပါ။ 




Photo: Packt Pub

လောလောဆယ် သူ့ရဲ့ LinkedIn စာမျက်နှာကို အသစ်ပြင်ဆင်ထားခြင်း မရှိသေးပေမယ့် သူဟာ Apple မှာ ဆော့ဖ်ဝဲလ်ပိုင်း အလုပ်လုပ်ကိုင်သွားမှာ ဖြစ်ပြီး စတူးအက် ဘိုဝါးစ်ကို အစီရင်ခံစာတင်ရမယ်လို့လည်း Bloomberg က ဖော်ပြပါတယ်။ ဘိုးဝါးဟာလည်း Tesla ရဲ့ Autopilot ပိုင်းမှာ အကြီးအကဲအဖြစ် Tesla ကုမ္ပဏီက မထွက်ခင် ၂၀၁၉ ခုနှစ်အထိ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မေလထဲမှာ မိုးလ်ဟာ Tesla ရဲ့ လုံးဝအပြည့်အစုံ အလိုအလျောက်စနစ်သုံး မောင်းနှင်မှုပိုင်း အချိန်ဇယားနဲ့ပတ်သက်ပြီး အီလွန်မတ်စ်ရဲ့ ပြောကြားချက်ကို ကယ်လီဖိုးနယား DMV ကွန်ဖရင့်မှာ ဝေဖန်ခဲ့တဲ့ ဝန်ထမ်းတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ Level 5 အဆင့် အလိုအလျောက် မောင်းနှင်မှု မကြာခင် ထွက်ရှိမယ်ဆိုတဲ့ မတ်စ်ရဲ့ ထုတ်ပြန်ချက်ဟာ အင်ဂျင်နီယာပိုင်းက အမှန်တရားနဲ့ ကွဲလွဲနေတယ်လို့လည်း သူက ပြောခဲ့တာပါ။ 

Photo: pcmag


Tesla တည်ထောင်သူနဲ့ CEO အီလွန်မတ်စ်ကတော့ Tesla ရဲ့နည်းပညာဟာ မကြာခင်မှာ လူလုံးဝ ပါဝင်စရာမလိုဘဲ အလုပ်လုပ်နိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ ကုမ္ပဏီအနေနဲ့ လူလိုက်ပါ ထိန်းချုပ်ပေးရတဲ့ Level 2 အဆင့် အလိုအလျောက် မောင်းနှင်မှုပိုင်းပဲ စွမ်းဆောင်နိုင်သေးတာ ဖြစ်ပါတယ်။ မိုးဟာ ဖလော်ရီဒါမှာ ၂၀၁၉ က ဖြစ်ပွားခဲ့တဲ့ Tesla Autopilot နဲ့ မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးရတဲ့ အမှုမှာ သက်သေအဖြစ်လည်း ထွက်ဆိုခဲ့သူ ဖြစ်ပါတယ်။ 

မိုးနဲ့ ဘိုဝါးစ်တို့အပြင် Apple ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားဖွံ့ဖြိုးရေးပိုင်းအတွက် Tesla အင်ဂျင်နီးယာပိုင်း ဒုဥက္ကဌဖြစ်ခဲ့သူ မိုက်ကယ်ရှဝက်ခ်ကွတ်စ်နဲ့ စတိဗ်မက်စ်မန်နက်စ်တို့ကိုလည်း အလုပ်ခန့်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က