အလှအပ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။

အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိပြီးသားဖြစ်တဲ့ ဆောင်းယွန်းစံက လက်ရှိမှာကိုဗစ်အခြေအနေကြောင့် အလုပ်တွေရပ်နားထားရတယ်လို့ဆိုပါတယ်။ ဒီလိုအလုပ်တွေ နားထားတဲ့ အချိန်မှာ သူ့ရဲ့ ကျန်းမာရေးကိုရော၊ အလှအပရေးရာကိုပါ ပိုပြီးဂရုစိုက်နေထိုင်ဖြစ်တဲ့အကြောင်းတွေကို အခုလို မျှဝေပေးခဲ့ပါတယ်။  

ကိုဗစ်ဘယ်လိုကာကွယ်သလဲ

Photo: Saung Yoon San

“ ဆောင်းက အပြင်တွေသွားရရင် Mask ကို မဖြစ်မနေတပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖြစ်ရင်တောင် အကွာအဝေးနည်းနည်းခြားပြီးမှ ပြောဖြစ်တာများတယ်။ အရမ်းရင်းနှီးပြီး သတိရတဲ့သူတွေနဲ့ ဆုံရင်တော့ ပူးကပ်မိတာမျိုးဖြစ်သွားတာပေါ့။ ဒီလိုဆိုရင်တော့ အိမ်ပြန်လာရင် အပြင်က ဝတ်ခဲ့ပြီးသားအဝတ်အစားကို လျှော်တယ်၊ ရေချိုးလိုက်တယ်။ တစ်ကိုယ်ရည်သန့်ရှင်းဖို့ကလည်း အရေးကြီးဆုံးပဲလေ။ အဓိက ကတော့ အပြင်သွားရင် အတတ်နိုင်ဆုံး Mask တော့ မမေ့မလျော့တပ်သင့်တယ်လို့ ဆောင်းယွန်းစံကပြောပါတယ်။

အိမ်မှာနေရင်း လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်တယ်

Photo: Saung Yoon San

“ ဆောင်းက ခုတော့ ကျန်းမာရေးကောင်းပါတယ်။ ကိုယ့်အတွက် ကျန်းမာရေးဂရုစိုက်တာမျိုးဆိုရင် မနက်စောစော ထပြေးတယ်၊ အိမ်မှာပဲနေရတာများတဲ့အတွက် YouTube ကနေ အသက်ရှုလေ့ကျင့်ခန်းတွေ ကြည့်ပြီး ပုံမှန်လုပ်ဖြစ်တယ်။ ပြီးတော့ ရေလည်းများများသောက်တယ်။ ရေသောက်ခြင်းက ခန္ဓာကိုယ်ဝိတ်လည်း ကျစေတယ်လေ” လို့ ဆက်လက် ပြောပြခဲ့တာပါ။ 

ဆောင်းယွန်းစံရဲ့ အလှအပလျှို့ဝှက်ချက်က

Photo: Saung Yoon San

“ ဆောင်းရဲ့ အသားအရေအတွက် အခုချိန်မှာ ထွေထွေထူးထူး မထိန်းသိမ်းဖြစ်ဘူး။ အဓိက,ကတော့ တစ်နေ့ကို ရေ (၃)လီတာ ပုံမှန်သောက်ဖြစ်တယ်။ ကုန်အောင်သောက်ရတာပါ။ ရေသောက်ခြင်းက အသားအရေအတွက်လည်း အရမ်းကောင်းတယ်။ ပြီးတော့ မျက်နှာဆိုလည်း အိမ်မှာရှိတဲ့ အိမ်တွင်းပစ္စည်းလေးတွေနဲ့ပဲ ပေါင်းတင်ဖြစ်တာပါ။ ဥပမာ ခရမ်းချဉ်သီး ၊ အာလူး၊ ရှားစောင်း တို့နဲ့ ပေါင်းတင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဆောင်းရဲ့ အလှအပ လျှို့ဝှက်ချက်ဆိုရင် ရေသောက်တာပဲ အဓိကပါ” လို့ ရယ်ရယ်မောမောနဲ့ပြောခဲ့တာပါ။ 

ဆောင်းယွန်းစံဟာ အနုပညာလောကမှာ သရုပ်ဆောင်အနေနဲ့ရော ကြော်ငြာမင်းသမီးအဖြစ်ပါ အလုပ်လုပ်ကိုင်နေသူတစ်ယောက်ပါ။ ယောက်ျားလေး ပရိသတ်တွေရော ၊ မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူဟာ အသားအရေလှပတဲ့ အမျိုးသမီးအနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားလှပမှုကိုလည်း အင်မတန်မှ ဂရုစိုက်တတ်သူတစ်ယောက်ပါပဲ။ 

Share

Loading Next Article...
က္က