အသည်းကွဲလာတဲ့ သူငယ်ချင်းတွေ ကိုယ့်ကိုရင်ဖွင့်လာပြီဆို ရုတ်တရက် ဘယ်လိုစကားလုံးတွေနဲ့ နှစ်သိမ့်ပေးရမှန်းမသိဖြစ်နေတတ်ပါတယ်။
တစ်ခါတစ်လေမှာ ကိုယ်က နှစ်သိမ့်ပြီးပြောလိုက်ပေမယ့်လည်းတစ်ချို့ စကားလုံးတွေက အသည်းကွဲနေတဲ့သူမှာ ပိုပြီးဝေဒနာတွေ တိုးသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီကို အသည်းကွဲလာတဲ့ သူငယ်ချင်းတွေ ရင်ဖွင့်လာပြီဆို အကောင်းမွန်ဆုံးနှစ်သိမ့်ပေးနိုင်တဲ့ စကား ၅ ခွန်းကို ဝေမျှပေးသွားမှာပါ။
Photo: JoinCake
နင်ခံစားနေရတာ ငါလည်းစိတ်မကောင်းဘူး
အခုချိန်မှာ နင့်နှလုံးသားက အရမ်းနာကျင်နေတယ်။ နင့်နာကျင်မှုကို ပြေပျောက်စေဖို့ တခုခုလုပ်ချင်ပေမယ့် နင်မလုပ်နိုင်သေးဘူး။ နင်ဒီလိုခံစားရတာကို ငါလည်း စိတ်မကောင်းပါဘူး။ နင်အရမ်းနာကျင်ရမယ်ဆိုတာ ငါသိပါတယ်။
ငါတို့အားလုံး နင့်အတွက်ရှိတယ်
အသည်းကွဲလာတဲ့ ခံစားချက်တွေအတွက် တစ်ယောက်တည်းဖြတ်သန်းဖို့ မလိုပါဘူး။ ငါတို့ သူငယ်ချင်းတွေအားလုံး နင့်ကို ချစ်ပါတယ်။ ငါတို့က နင့်အတွက်ပဲ။
Photo: Healthline
နင်လိုတဲ့အချိန်တိုင်း ငါ့ကို စာပို့၊ဖုန်းဆက်နိုင်ပါတယ်
နင်လိုအပ်တဲ့အချိန်တိုင်း ငါ့ကို စာပို့နိုင်တယ်။ ငါ့နင့်အတွက် အမြဲတမ်းတံခါးဖွင့်ထားတယ်နော်။ နင့်ရည်းစားဟောင်းကို စာပို့မယ့်အစား ငါ့ဆီကိုပဲ ပို့လိုက်ပါ။ ရည်းစားဟောင်းအကြောင်းပြောချင်တာပဲ ဖြစ်ဖြစ် ၊ တခြားအကြောင်းပြောချင်တာ ဖြစ်ဖြစ် ငါ့ကို လိုအပ်တာမှန်သမျှဖုန်းဆက်ရင်ဖွင့်ပါ။
နင်ကျော်ဖြတ်နိုင်မှာပါ
အခုနင်ခံစားရတဲ့ဝေဒနာတွေကိုကို နင်ကျော်ဖြတ်နိုင်မယ်လို့ ငါယုံပါတယ်။ဆက်ဆံေရးတိုင်းက မတူသလို လမ်းခွဲမှုတိုင်းကလည်းမတူပါဘူး။ နင်အခုချိန် ဝမ်းနည်းနေပေမယ့် လုပ်စရာရှိတာ ဆက်လုပ်ပါ။ နင်လိုအပ်သလောက် အချိန်ယူပါ။ အလျင်လိုဖို့ မလိုပါဘူး။နင်ကျော်ဖြတ်သွားနိုင်မှာပါ။
Photo: Healthline
စိတ်လက်ပေါ့ပါးစေမယ့်လှုပ်ရှားမှုလေးတွေ လုပ်ဖို့ ပြောပါ
အခုချိန်မှာ နင့်အတွက် သက်တောင့်သက်သာဖြစ်တာတွေ လုပ်ကြမလား။ ငါစားစရာတွေ ယူခဲ့ရမလား။ ဒါမှမဟုတ်အိမ်သိမ်းကြမလား စသဖြင့် အသည်းကွဲနေတဲ့သူ စိတ်လက်ပေါ့ပါးစေမယ့်အရာတွေ ပြောပြီး သူနဲ့ အတူတူလုပ်ပေးပါ။
ဒီစကားလုံးတွေကတော့ ကိုယ့်သူငယ်ချင်း အသည်းကွဲလာတဲ့အခါ အကောင်းဆုံးနှစ်သိမ့်ပေးနိုင်မှာဖြစ်ပြီး အသည်းကွဲနေတဲ့သူအနေနဲ့လည်း ဖေးမနှစ်သိမ့်ပေးတဲ့ သူငယ်ချင်းတွေရဲ့ စကားနဲ့ အသည်းကွဲဝေဒနာကို တဖြည်းဖြည်း ဖြေဖျောက်နိုင်မှာဖြစ်ပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များသည် alexandrafranzen.com website မှအကြံပြုချက်များကို ကိုးကား ဖော်ပြထားခြင်းဖြစ်ပါသည်။