နံနက်ခင်းမှာ အရက်နာကျခြင်းလက္ခဏာတွေကို လျှော့ချဖို့ တစ်ညလုံး ရိုးရိုးရေသောက်ပြီး ရေဓာတ်ပြည့်ဝနေပါစေ။

အရက်သောက်ပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ အရက်ရဲ့ ဆိုးကျိုးအချို့နဲ့ ထိခိုက်စေနိုင်မှုကို ကာကွယ်နိုင်ဖို့အတွက် အရက် မသောက်ခင်မှာ မှန်ကန်တဲ့ အစားအစာစားပေးခြင်းက အရေးကြီးပါတယ်။ တစ်ချို့အစားအစာတွေဟာ အရက်ရဲ့ ဆိုးကျိုးအချို့ကို သက်သာစေရုံသာမက နောက်နေ့နံနက်မှာလည်း အရက်နာကျခြင်းနဲ့ အရက်ကြောင့်ခံစားရတဲ့ ဝေဒနာအချို့ကို သက်သာစေနိုင်ပါတယ်။

ကြက်ဥ

Photo: Thrillist

အရက်မသောက်မီမှာ ကြက်ဥလို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာကို သရေစာစားခြင်းက အစာအိမ်က အရက်စုပ်ယူမှုကို နှေးကွေးစေပါတယ်။ပရိုတင်းဓာတ်က သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး ညအိပ်နေတဲ့အချိန်မှာ အရက်အရှိန်တက်ပြီး မူးဝေခြင်းကနေ လျှော့ချပေးနိုင်ပါတယ်။အရက်မသောက်မီ ကြက်ဥကို ကြက်ဥပြုတ် ၊ ကြက်ဥမွှေကြော် စတဲ့ ပုံစံအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။

ငှက်ပျောသီး 

Photo: Healthline

ငှက်ပျောသီးအကြီးတစ်လုံးမှာ အမျှင်ဓာတ် 4 ဂရမ်ပါရှိပြီး ငှက်ပျောသီးဟာ သင့်သွေးကြောထဲကို အရက်စုပ်ယူမှု နှေးကွေးစေဖို့ ကူညီပေးပါတယ်။ဒါ့အပြင် မသောက်ခင်မှာ စားဖို့ သယ်သွားလို့လည်း လွယ်တဲ့အသီးဖြစ်ပါတယ်။ငှက်ပျော်သီးဟာ ပိုတက်စီယမ်ဓာတ်မြင့်မားတာကြောင့် အရက်သောက်ခြင်းနဲ့ဆက်စပ်တဲ့ electrolyte မညီမျှကို ကာကွယ်နိုင်ပါတယ်။ဒါ့အပြင် ငှက်ပျောသီးဟာ ရေ ၇၅ရာခိုင်နှုန်း နီးပါးနဲ့ ဖွဲ့စည်းထားသောကြောင့် ငှက်ပျောသီးဟာ ရဓာတ်လည်း ထိန်းပေးနိုင်ပါတယ်။ 

ဘယ်ရီသီးများ

Photo: Steady Drinker

စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ဘလူးဘယ်ရီလို ဘယ်ရီသီးတွေဟာ အမျှင်ဓာတ်၊ မန်းဂနိစ်၊ ဗီတာမင်စီ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး အရက်ရဲ့ အာနိသင်ကို လျော့နည်းစေကာ ရေဓာတ်ခန်းခြောက်ခြင်းက ကာကွယ်ပေးပါတယ်။ဒါ့အပြင် ဘယ်ရီသီးလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းက သင့်ဆဲလ်တွေကို အရက်ကြောင့်ဖြစ်စေတဲ့ ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတစ်ခုအရ ဘလူးဘယ်ရီသီးဟာ အသည်းအတွင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများအပြားကို တိုးမြှင့်ပေးနိုင်ပြီး အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတ်တိုးဆန့်ကျင်ဖိစီးမှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ဒါကြောင့် အရက်မသောက်မီမှာ ဒီအသီးတွေကို မိမိကြိုက်နှစ်သက်တဲ့ပုံစံနဲ့ စားပေးနိုင်ပါတယ်။

ကညွှတ်

Photo: Cleveland

အရေးကြီးတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ထောက်ပံ့ပေးတဲ့အပြင် အသည်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ စွမ်းရည်ကို လေ့လာတွေ့ရှိထားပါတယ်။ ကညွှတ်ဟာ အလွန်အကျွံသောက်ခြင်းကြောင့် ဆဲလ်များပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။ဒါကြောင့် ကညွှတ်ကို အရက်မသောက်မီ စားခြင်းက အရက်ကြောင့်ဖြစ်တဲ့ အသည်းပျက်စီးခြင်းကနေ ကာကွယ်နိုင်ပါတယ်။ဒါပေမယ့် အရက်ဟာ မသောက်ရင် အကောင်းဆုံးဖြစ်ပါတယ်။

ဖရဲသီး

Photo: iStock

ဖရဲသီးဟာ ရေဓာတ် အလွန်ကြွယ်ဝပြီး ရေဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ဖရဲသီးကို ရေ 92% ခန့်နဲ့ ဖွဲ့စည်းထားပြီး သခွားမွှေးသီးဟာ 90%နဲ့ ဖွဲ့စည်းထားပါတယ်။ဒါကြောင့် ဒီသစ်သီးဝလံတွေဟာ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် လျင်မြန်စွာကုန်ခမ်းသွားနိုင်တဲ့ ပိုတက်စီယမ်လို အရေးကြီးတဲ့ အီလက်ထရိုလစ်ဓာတ်တွေ ပါဝင်ပါတယ်။သခွားမွှေးသီး၊ ဖရဲသီးဟာ ရေဓာတ်ဖြည့်ပေးတဲ့ သရေစာတွေဖြစ်တာကြောင့် အရက်မသောက်မီ စားသုံးပေးပါ။

နံနက်ခင်းမှာ အရက်နာကျခြင်းလက္ခဏာတွေကို လျှော့ချဖို့ တစ်ညလုံး ရိုးရိုးရေသောက်ပြီး ရေဓာတ်ပြည့်ဝနေပါစေ။ ဒါ့အပြင် အရက်မသောက်ခင် ငန်တဲ့အစားအစာတွေကို ရှောင်ပါ။

Ref: Healthline

Share

Loading Next Article...
က္က