ကျန်းမာပြီး ပြည့်စုံတဲ့လိင်ဆက်ဆံမှုရှိခြင်းကလူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပါ ဆက်စပ်နေတာကြောင့် လိင်စိတ်ပြည့်ဝမှုရှိခြင်းနဲ့ အောင်မြင်ခြင်းဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ကဏ္ဍဖြစ်ပါတယ်။ အာဟာရပြည့်ဝတဲ့အစားအစာဟာ သင့်ရဲ့ လိင်ဆက်ဆံမှုဘဝကို များစွာအကျိုုးပြုပါတယ်။ အခုဖော်ပြမယ့် အစားအစာတွေဟာ သင့်ရဲ့ လိင်စိတ်ကို နိုးကြားစေပြီး သွေးစီးဆင်းမှုနဲ့ နှလုံးကျန်းမာရေးကိုကောင်းမွန်စေမယ့်အပြင် သက်လုံကောင်းစေမယ့် အစားအစာတွေ ဖြစ်ပါတယ်။
ကမာကောင်များ
Photo: Healthline
ကမာကောင်တွေမှာ ဇင့်ဓာတ် မြင့်မားတာကြောင့် ဒီဒြပ်ပေါင်းဟာ သွေးစီးဆင်းမှုကို တိုးစေပြီး လိင်အင်္ဂါဆီကို သွေးစီးဆင်းမှုအတွက် အထောက်အကူပြုပါတယ်။Testosterone ပမာဏကို ထိန်းညှိပေးတာကြောင့် ဇင့်ဟာ အမျိုးသားမျိုးပွားမှုအတွက် အလွန်အရေးကြီးပါတယ်။တခြားအစားအစာတွေထက် ကမာဟာ ဇင့်ဓာတ်ပိုပြီး ပါဝင်ပါတယ်။တကယ်လို့ ကမာကောင်မစားရဲဘူးဆို ကျောက်ပုစွန် ဒါမှမဟုတ် ဂဏန်းစားနိုင်ပါတယ်။တကယ်လို့ ပင်လယ်စာနဲ့ ဓာတ်မတည့်တာဖြစ်ဖြစ် ပင်လယ်စာ မစားဘူးဆိုရင်တော့ အမဲသား ၊ ဝက်သား ၊ ပဲမီးဖုတ် ၊ ဖရုံစေ့တွေဟာလည်း ဇင့်ဓာတ်ပါရှိပါတယ်။ ဇင့်ဓာတ်များတဲ့ အစားအစာတွေ စားသုံးခြင်းဟာ သွေးစီးဆင်းမှုနဲ့ ဟော်မုန်းပမာဏကို မြှင့်တင်ပေးတာကြောင့် သင့်ရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်ပါတယ်။
ဆယ်လ်မွန်
Photo: Medical News Today
ဆယ်လ်မွန်ဟာ နှလုံးကျန်းမာစေတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် လူသိများပါတယ်။ဆယ်လ်မွန်သာမက ဆာဒင်း၊ တူနာငါးနဲ့ ငါးဥတွေဟာလည်း လိင်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။Omega-3ဟာ ခန္ဓာကိုယ်အနှံ့ ကျန်းမာတဲ့ သွေးစီးဆင်းမှုကို အားကောင်းစေပါတယ်။သွေးလည်ပတ်မှုစနစ် ချောမွေ့စွာအလုပ်လုပ်ခြင်းက လိင်မှုဆိုင်ရာလုပ်ဆောင်ချက်ကို ထိခိုက်စေတဲ့ တစ်ချို့သောရောဂါတွေ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ငါးတွေဟာ ဇင့် ၊ ပရိုတင်း၊ ဗီတာမင် B12၊ ဗီတာမင် D နဲ့သံဓာတ်ကြွယ်ဝပါတယ်။
အစေ့အဆန်များ
Photo: Eat This
သွားရည်စာကို သကြားလုံးတွေ စားမယ့်အစား အခွံမာသီးနဲ့ အစေ့အဆန်တွေ စားကြည့်ပါ။ဥပမာ-သီဟိုဠ်စေ့ နဲ့ ဗာဒံစေ့တွေဟာ ဇင့်ဓာတ်ပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ဒါ့အပြင် သစ်ကြားသီး၊ ဖရုံစေ့ ၊ နေကြာစေ့ ၊ မြေပဲတို့လည်း စားနိုင်ပါတယ်။အခွံမာသီးနဲ့ အစေ့အဆန်တွေမှာပါတဲ့ ဇင့်၊ L-arginine နဲ့ Omega-3s တွေဟာ သင့်ကို လိင်မှုကိစ္စမှာ စွမ်းဆောင်နိုင်သူဖြစ်အောင် အထောက်အကူပြုပါတယ်။
ပန်းသီး
Photo: Insider
ပန်းသီးမှာ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓာတ်တိုးပစ္စည်းဟာ သွေးလည်ပတ်မှုကို မြင့်စေတာ ၊ ဆီးကျတ်လက္ခဏာတွေကို ထိန်းညှိပေးတာ ဖြစ်ပါတယ်။ သွေးတိုးတတ်တာဟာ လိင်အဂါၤတွေဆီကို သွေးစီးဆင်းမှု ထိခိုက်စေတာကြောင့် လိင်ကိစ္စစွမ်းဆောင်မှုကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။အမျိုးသမီးတွေမှာလည်း သွေးတိုးရောဂါဟာ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု နည်းပါးစေပါတယ်။လိင်အင်္ဂါဆီကို သွေးစီးဆင်းမှု နည်းပါးခြင်းက လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကို အကျိုးသက်ရောက်စေပါတယ်။တကယ်လို့ ပန်းသီးမဟုတ်ဘူးဆိုရင်လည်း စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ ၊ အနက်ရောင်စပျစ်သီး ၊ ချယ်ရီသီးတွေလည်း စားသုံးနိုင်ပါတယ်။
မုန်လာ(beetroot )
Photo: News Today
မုန်လာ(beetroot )မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ဒါ့အပြင် နိုက်ထရိတ်ဓါတ် မြင့်မားစွာပါရှိတာကြောင့် လိင်မှုဆက်ဆံရေးကို မြှင့်တင်ပေးနိုင်ပါတယ်။အစားအသောက်မှာပါဝင်တဲ့ နိုက်ထရိတ်တွေဟာ သွေးကြောတွေကို ချဲ့ထွင်ကာ vasodilation လို့ခေါ်တဲ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။အချို့သော အားကစားသမားတွေဟာ စွမ်းဆောင်ရည်မြှင့်တင်ဖို့ နိုက်ထရိတ်ကို အသုံးပြုကြပါတယ်။ လေ့လာမှုများအရ beetroot ဖျော်ရည် တစ်ကြိမ် (သို့) ရက်အနည်းငယ်အတွင်း သောက်သုံးရုံနဲ့ လူတို့ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။ဒါကြောင့် လိင်ဆက်ဆံစဉ်အတွင်း သွေးစီးဆင်းမှုနဲ့ သက်လုံကောင်းစေဖို့ ကူညီပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ဒါ့အပြင် နိုက်ထရိတ် များတဲ့ အခြားအစားအစာ တွေကတော့ ဟင်းနုနွယ်ရွက် ၊ ဆလတ်ရွက် ၊ တရုတ်နံနံ နဲ့ မုန်လာဥတို့ ဖြစ်ပါတယ်။
Ref: Healthline