အနီရောင်အသားတွေကို ချက်ပြုတ်တဲ့အခါ အသားထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေသေစေနိုင်ဖို့ အသေအချာကျက်တဲ့အထိ ချက်ပြုတ်ဖို့လိုပါတယ်။

မြန်မာ့ပတ်ဝန်းကျင်မှာဆိုရင် ခြေလေးချောင်းသားရှောင်ထားတယ် ၊ ခြေလေးချောင်းသား စားလားဆိုတဲ့ အသံတွေကို ရင်းနှီးကြပါလိမ့်မယ်။ မွေးမြူရေး နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ဝက်သား ၊ အမဲသား ၊ သိုးသားစတဲ့ ခြေလေးချောင်းသားဆိုတာ ဆေးပညာအရတော့ အနီရောင်ရှိတဲ့အသားတွေပါပဲ။ ဒီအနီရောင်အသားတွေကို စားသုံးခြင်းမှာ ကောင်းကျိုးရော ဆိုးကျိုးပါ တွဲလျက်ရှိနေပါတယ်။ အနီရောင်အသားတွေ စားသုံးမှု မြင့်မားခြင်းဟာ အမျိုးအစား ၂ ဆီးချိုရောဂါ အပါအဝင် ကျန်းမာရေး ပြဿနာများစွာနဲ့ ဆက်စပ်နေပါတယ်။သုတေသနပြုချက်တွေအရ အသားတွေကို အရသာပြုပြင်ခြင်းဟာ ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

Times of India

အနီရောင်အသားတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

အနီရောင်အသားတွေဟာ ပရိုတင်း၊ ပြည့်ဝဆီ၊ သံဓာတ် ဇင့်နှင့် ဗီတာမင်ဘီ ကြွယ်ဝပါတယ်။သွေးနီဥဆဲလ်တွေကိုအောက်ဆီဂျင်ပို့ဆောင်ရာမှာ ကူညီပေးဖို့အတွက် သံဓာတ်လိုအပ်ပါတယ်။သံဓာတ်ချို့တဲ့မှုဟာ ကလေးများ၊ သက်ကြီးရွယ်အိုများနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်ပွားနိုင်ချေပိုများပါတယ်။ သံဓာတ်ကို အစိမ်းရင့်ရောင်အရွက်တွေ ၊ ပဲတွေနဲ့ အစေ့အဆန်တွေက ရရှိနိုင်ပေမယ့် အနီရောင်အသားတွေက ရတဲ့ သံဓာတ်ကိုတော့ ခန္ဓာကိုယ်က ပိုပြီးစုပ်ယူနိုင်ပါတယ်။ ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်က DNA ပေါင်းစပ်မှုအတွက် လိုအပ်ပြီး ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့ အထောက်အကူပြုပါတယ်။ဇင့်ကို အနီရောင်အသားတွေမှာလည်း တွေ့ရသလို ငါး ၊ အစေ့အဆန် ၊ ဥများ နဲ့ ပဲတို့မှာလည်း တွေ့နိုင်ပါတယ်။ဒါပေမယ့် ခန္ဓာကိုယ်က အသားနဲ့ ငါးကနေ ပိုပြီး စုပ်ယူနိုင်ပါတယ်။ အနီရောင်အသားတွေမှာ ဗီတာမင် B6 နဲ့ ဗီတာမင် B12 တွေ ပေါများပါတယ်။ ဗီတာမင် B6 ဟာ ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပြီး ဗီတာမင် B12 က အာရုံကြောစနစ်ကို အကျိုးပြုပါတယ်။ 

Photo: Tehran Times

အနီရောင်အသားတွေရဲ့ ဆိုးကျိုးများ 

အနီရောင်အသားကို စားသုံးခြင်းဟာ နှလုံးရောဂါ၊ အူမကြီးကင်ဆာနှင့် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှု တိုးလာခြင်းနှင့် ဆက်စပ်နေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ အရသာ ပြုပြင်ထားတဲ့ အနီရောင်အသားတွေဟာ ပိုပြီး ဖြစ်နိုင်ချေမြင့်မားတယ်လို့ ဆိုပါတယ်။ ၂၀၁၁ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုက ပြုပြင်မွမ်းမံထားတဲ့ အနီရောင် အသားများကို စားသုံးခြင်းဟာ အမျိုးအစား 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေ တိုးလာတယ်လို့ လေ့လာမှုတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။အရသာရှိအောင် ပြုပြင်ပြီးသား အနီရောင်အသားတွေ ဒါမှမဟုတ် ကြာရှည်ခံပစ္စည်းတွေနဲ့ ပေါင်းစပ်ပါဝင်ပစ္စည်းတွေ ပါတဲ့ အနီရောင်အသားတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုပြီး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အခုခေတ်မှာ အစားများတဲ့ ဟော့ဒေါ့ ၊ ဝက်အူချောင်း ၊ ဆလာမီ နဲ့ ဝက်ပေါင်ခြောက်လို အစားအစာတွေဟာ အလွန်အန္တရာယ်များပါတယ်။

Photo: The New York Time

အနီရောင်အသားတွေကို ဘယ်လိုစားမလဲ

အနီရောင်အသားစိမ်းတွေဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်နိုင်တာကြောင့် အနီရောင်အသားတွေကို သိမ်းဆည်း၊ ချက်ပြုတ်ရာမှာ စနစ်တကျ ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။ အသားစိမ်းတွေကို ကိုင်တွယ်ပြီးရင် လက်ကိုဆေးကြောပြီး အသားစိမ်းအတွက် အသုံးပြုထားတဲ့ အိုးခွက်ပန်းကန်တွေကို အသေအချာ ဆေးကြောပါ။ အစာအဆိပ်သင့်ခြင်းက ကာကွယ်ဖို့ အနီရောင်အသားတွေကို တစ်ကြိမ်ထက်ပိုပြီး မပူမပေးသင့်ပါဘူး။ ထပ်ခါထပ်ခါ နွှေးတာမျိုး ၊ ကင်တာ မလုပ်ရပါဘူး။အနီရောင်အသားတွေကို ချက်ပြုတ်တဲ့အခါ အသားထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေသေစေနိုင်ဖို့ အသေအချာကျက်တဲ့အထိ ချက်ပြုတ်ဖို့လိုပါတယ်။

Ref: diabetes.co.uk

Share

Loading Next Article...
က္က