သမီးရှင် ယိုစုံရဲ့ထူးခြားချက်က တော့ သရက်ယိုနဲ့ မရမ်းယိုပါ။

သရုပ်ဆောင် King (ခေါ်) ဇေယျာအောင်နဲ့ လှိုင်ဖြူဖြူထွဏ်းတို့ဟာ လွန်ခဲ့တဲ့(၃)လကစတင်ပြီး သမီးရှင်ဆိုတဲ့အမည်နဲ့ ယိုစုံလုပ်ငန်းတစ်ခုလုပ်ကိုင်ခဲ့ကာ လတ်တလောမှာတော့ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်နေပါပြီ။

ယိုစုံလုပ်ငန်းကို လုပ်ကိုင်ဖြစ်ခဲ့တာက..

ယိုစုံလုပ်ငန်းကို စတင် လုပ်ကိုင် ဖို့ အကြံပေးခဲ့သူက တော့ သရုပ်ဆောင် သူထူးစံဖြစ်တယ်လို့သိရပါတယ်။ သူထူးစံရဲ့ မမ" ဇီးယိုလေးကို ရန်ကုန် ကိုယ်စားလှယ် အ နေနဲ့စတင်ယူ ဖြန့်ချိရာက စားသုံးသူတွေရဲ့ အကြံပေးမှုတွေ ကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ လတ်တလောမှာ နာမည်ကြီးလူကြိုက်များနေတဲ့ "သမီးရှင်" ယိုစုံရဲ့ဖြစ်တည်လာမှုပါ။

စားသုံးသူတွေအကြိုက် သရက်အစပ်နဲ့မရမ်းအစပ်ယို

သမီးရှင် ယိုစုံရဲ့ထူးခြားချက်ကတော့ သရက်ယိုနဲ့ မရမ်းယိုပါ။ အရောင်အဆင်း အနံ့ နဲ့အရသာမှာ တမူထူးခြားနေပါတယ်။"ကျွန်တော်တို့ မရမ်းနဲ့ သရက်က အနံ့အရသာက အရမ်းထူးခြားပါတယ်။ သကြားနဲ့ပဲအဓိက ထိုးပေမယ့် ထုတ်ကုန်မှာ အသီးအစစ်တွေကိုပဲသုံးထားတယ်။ ဘာအရောအနှောမှ မပါပါဘူး။ စားသုံးသူတွေ အဓိက လက်ခံအားပေးတာ။ မရမ်းအစပ်နဲ့ သရက်အစပ်ပေါ့။ စားဖူးနေကြအရသာနဲ့ မတူဘူး။ထူးခြားတယ်လို့လည်း ပြန်ကြားရပါတယ် " လို့ သရုပ်ဆောင် ဇေယျာအောင်က ပြောပါတယ်။

ယိုစုံ(၉)မျိုးအထိထုတ်လုပ်ထားတဲ့ သမီးရှင်

သမီးရှင် ယို(၉) မျိုးမှာတော့ စွံပလွန် ၊ သရက်၊ မရမ်း၊ နာနတ်၊ ကျောက်ဖရုံယို၊ ကတွတ်ယို၊ ချဉ်ပေါင်ဖူးယို၊ဖရုံ နဲ့ ဒူးရင်းယိုပါ ထည့်ပေးနိုင်တာပါပဲ၊ဒူးရင်းယို ကိုမှ သီးသန့်စားချင်သူ တွေအတွက် လည်း ဘူးလေးနဲ့ ထပ်မံထုတ်ပေးထားပါသေးတယ်။

" အရင်က ယို(၂)မျိုးနဲ့ စလိုက်တာ အခုဆို အမယ်တော်တော်စုံစုံ ထုတ်လုပ်နိုင်နေပါပြီ။ပြီးတော့ အစ်ကို တို့ကုန်ကြမ်းတွေမှာလည်း မရမ်းယို ထိုးရင် အနှစ်ကို နာနတ်သီးယိုနဲ့ ပေါင်းပြီးထိုးပါတယ်။ အဲ့ဒါကြောင့်အရသာကလည်း သူများနဲ့ မတူဘဲ တစ်မျိုး ထူးခြားနေတာပါ" လို့ ဆိုပါတယ်။

၅ရက်အတွင်း အချိန်၁၀၀ ကုန်အောင် ရောင်းထွက်ခဲ့ 

သမီးရှင် ယိုစုံရဲ့ အရသာထူးခြားမှကြောင့် အချို့ယိုစုံလုပ်ငန်းတွေကတောင် ပြန်လည်မှာယူ ရောင်းချပေးနေတဲ့အကြောင်း သရုပ်ဆောင် လှိုင်ဖြူဖြူထွဏ်းက အခုလို ပြောပြပါတယ်။

"ဟင်္သာတမြို့မှာ ဖြန့် တော့ ဇလွန်က ဆိုင်တစ်ဆိုင်မှာ အစ်ကိုက ဝင်ဖြန့်တာ အဲ့ဆိုင်ကလည်းယိုစုံလုပ်တာတဲ့။ ဒါပေမယ့် ကျွန်မတို့ယိုစုံလေးကို မြည်းကြည့်ပေးပါဆိုတော့ သူတို့ မြည်းကြည့်ပြီး အစ်မတို့ ဆီက သရက်ရော မရမ်းရော ဘူး၁၀၀ ဝယ်သွားတယ်။ အင်းစိန်ကဆိုင်တစ်ဆိုင်ဆိုလည်း သူတို့က ယိုစုံလုပ်တာပဲ။ ဒါပေမယ့် သရက်နဲ့ မရမ်းကို အစ်မတို့ဆီက မှာတယ်။ အခုဆို ၅ရက်အတွင်းနဲ့ အချိန်၁၀၀ ရောင်းထွက်တာ စားသုံးသူကျေးဇူးရှင်တွေကေို တကယ်ကျေးဇူးတင်ပါတယ် " လို့ဆိုခဲ့ပါတယ်။ 

ဈေးနှုန်းသင့်ပြီး နိုင်ငံတကာအဆင့်ထုပ်ပိုးမှုပုံစံနဲ့သမီးရှင်ယိုစုံ

" အရင်ကတော့ ဘူးအသေးလေးနဲ့ ၅၀၀တန်လေးတွေ စထုတ်ပေးပါတယ်။ နောက်ပိုင်း စားသုံးသူတွေရဲ့ တောင်းဆိုမှုကြောင့် 500ml ဘူးရှည်တစ်ဘူးကို တစ်ထောင်နဲ့ ရောင်းပါတယ်။ ဒူးရင်းယိုကတော့ ၂၈၀၀ပါ။ သမီးရှင် ယို ၉ မျိုးကိုတော့ ၁၈၀၀ နဲ့ ရောင်းပေးပါတယ်။ အရမ်းလည်းရောင်းရတယ်။ ဘူးအထဲမှာ ခရင်းလေးလည်းပါပြီးသားမို့ စားရတာအဆင်ပြေမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပို့ပေးဖြစ်ပါတယ် " လို့ သရုပ်ဆောင်ဇေယျာအောင်က ပြောပြခဲ့ပါတယ်။ 

ခေတ်ကာလ အခြေ အ နေအရ ကုန်ကြမ်းဈေးနှုန်းတွေ တက်ပေမယ့်လည်း သမီးရှင်ယိုစုံက တော့ အများဝယ်ယူစားသုံးနိုင်တဲ့ ဈေးနဲ့ သာ ရောင်းချ ပေးနေတယ်လို့ သိရပါတယ်။ အခုဆိုရင် သမီးရှင်ယိုစုံက စားသုံးသူ မိတ် တော်တော်များများလည်းရရှိနေပြီး စားသုံးသူ အသစ်တွေလည်း အားပေးကြစေလိုကြောင်း သရုပ်ဆောင် ဇေယျာအောင်နဲ့ လှိုင်ဖြူဖြူထွဏ်း တို့က Duwun တစ်ဆင့် တောင်းဆိုလိုက်ပါတယ်။


Share

Loading Next Article...
က္က