ကိုယ်တိုင်တစ်ဂိုးသွင်းနိုင်ခဲ့သလို အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားပုံလည်းကောင်းမွန်ခဲ့ကာ ရော်နယ်ဒိုအတွက် အခွင့်အလမ်းနှစ်ကြိမ်ထက်မနည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဝက်ဖို့ဒ်နဲ့ပွဲ ဒုတိယပိုင်းမှာ အရန်ခုံတန်းက ထလာပြီးနောက် ဗန်ဒီဘိခ်က ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ ဟော်လန်ကစားသမားက အသင်းကို မျှော်လင့်ချက်ရှိလာအောင် ဆွဲတင်ပေးနိုင်ခဲ့ပေမယ့်လည်း ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ရဲ့ ကန်သွင်းချက်တွေလွဲချော်ခဲ့မှု၊ မက်ဂွိုင်းယားထုတ်ပယ်ခံရမှုနဲ့အတူ ယူနိုက်တက်တို့ ၄-၁ နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။
ဒါပေမယ့်လည်း အဆိုပါပွဲမှာတော့ ဗန်ဒီဘိခ်ခြေစွမ်းက အထင်ကြီးဖွယ်ရာကောင်းမွန်နေခဲ့တာ အမှန်ပါပဲ။ သူ ဝင်ရောက်လာပြီးနောက် ယူနိုက်တက်ကစားကွက်က အပြောင်းလဲကြီးပြောင်းလဲခဲ့ပြီး ဝက်ဖို့ဒ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ကိုယ်တိုင်တစ်ဂိုးသွင်းနိုင်ခဲ့သလို အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားပုံလည်းကောင်းမွန်ခဲ့ကာ ရော်နယ်ဒိုအတွက် အခွင့်အလမ်းနှစ်ကြိမ်ထက်မနည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
မနေ့ကပွဲမှာ ၄၅ မိနစ်သာ ကစားခဲ့ရပေမယ့် ဗန်ဒီဘိခ်က ဘောလုံးထိချက် ၃၆ ကြိမ်၊ ပြန်လည်ဆယ်ယူမှု ၄ ကြိမ်၊ အခွင့်အရေးဖန်တီးမှု ၃ ကြိမ်၊ ဖျက်ထုတ်မှု ၂ ကြိမ်၊ ကြီးကြီးမားမားအခွင့်အရေးဖန်တီးမှု ၁ ကြိမ်နဲ့ သွင်းဂိုး ၁ ဂိုးရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါဟာ ဂိုးသမားမဟုတ်တဲ့ ယူနိုက်တက်ကစားသမားတွေအားလုံးထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်လည်း ဖြစ်ခဲ့ပါတယ်။
ပထမပိုင်းတပိုင်းလုံး ပျောက်ဆုံးနေခဲ့တဲ့ ဆန်ချိုက ဗန်ဒီဘိခ်ဝင်လာပြိးနောက်မှာ ဖြတ်တင်ဘောတွေပါ ပြုလုပ်ပေးနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ချေပဂိုးက သူ့ရဲ့ဖြတ်တင်ဘောကနေတဆင့် ရရှိခဲ့တာပါ။ သူတို့နှစ်ဦးကြား နားလည်မှုရှိရှိနဲ့ ကစားနိုင်ခဲ့ပြီး ဆန်ချိုရဲ့ အတိုးအလှုပ်တွေက ဝက်ဖို့ဒ်ခံစစ်ကို အခက်တွေ့စေခဲ့ပါတယ်။ ဗန်ဒီဘိခ်ကလည်း ခေသူမဟုတ်ကြောင်း ပြသခဲ့ရာမှာ ပေးပို့မှုတွေ ကောင်းမွန်မှုနဲ့ သက်သေပြခဲ့ပါတယ်။
ရော်နယ်ဒိုဂိုးရနိုင်တဲ့အထိဖြစ်စေမယ့် ပေးပို့မှုမျိုးကိုလည်း ဗန်ဒီဘိခ်က ပါးပါးနပ်နပ်နဲ့လုပ်ပေးနိုင်ခဲ့ကာ အေဂျက်ဇ်က ဗန်ဒီဘိခ်အစစ်ကို မြင်တွေ့ခဲ့ရပါတယ်။ ကိန်းဂဏန်းတွေက ဘယ်တော့မှမလိမ်ညာခဲ့သလို သူ့ခြေစွမ်းကလည်း မျက်ကွယ်ပြုထားလို့မရဘူးဆိုတာ ထင်ရှားစေခဲ့ပါတယ်။ ဆိုးလ်ရှားအတွက်တော့ အသိနောက်ကျခဲ့တာလား၊ သိသိနဲ့ မိုက်ခဲ့တာလားဆိုတာကတော့ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။