ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တုန်းက ဝုဗ်အသင်း တင်ရှိခဲ့တဲ့ စံချိန်ပါ။

လီဗာပူးလ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် သက်တမ်းများစွာ ကြာရှည်နေပြီဖြစ်တဲ့ စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့လီဗာပူးလ်ဟာ ပေါ်တူဂီကလပ်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒုတိယပိုင်းအစောပိုင်းမှာ သီယာဂို အယ်လ်ကန်တာရာက တစ်ဝက် မြေမကျဘော ကန်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မိနစ် ၇၀ မှာ မိုဟာမက် ဆာလားက ၎င်းရဲ့ထုံးစံအတိုင်း ဘယ်ခြေနဲ့ ပင်နယ်တီဧရိယာထဲမှာ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



လီဗာပူးလ်အသင်းဟာ ပေါ်တိုအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ၈၂ နှစ်အတွင်း ပြိုင်ပွဲစုံမှာ ၁၆ ပွဲဆက်တိုက် ၂ ဂိုး သို့မဟုတ် ၂ ဂိုးထက်ပိုမိုတဲ့ သွင်းဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် ဒီစံချိန်ကို တင်ရှိထားတဲ့အသင်းကတော့ ဝုလ်ဗာဟန်ပ်တန် ဝမ်းဒါးရားစ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြီး ရုတ်တရက်စတင်ဖြစ်ပွားခဲ့တဲ့အချိန်မှာ စံချိန်ရေးထိုးနိုင်ခဲ့တာဖြစပါတယ်။

ဒီစံချိန်ထက် ပိုမိုတဲ့စံချိန် ရေးထိုးထားတဲ့အသင်းရှိသေးပြီး ၁၉၂၇ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက ၁၇ ပွဲဆက်တိုက် ၂ ဂိုး သို့ ၂ ဂိုးနဲ့အထက် သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲဆက်တိုက် ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ပွဲစဉ်တွေထဲမှာ အေစီမီလန်၊ အက်သလက်တီကို မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့လို အသင်းမျိုးတွေကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေလည်း ပါဝင်ခဲ့ပြီး ဘရန့်ဖို့ဒ်၊ မန်စီးတီးနဲ့ ဘရိုက်တန်တို့ကို သရေကျခဲ့ပေမယ့်လည်း လီဗာပူးလ်က အနည်းဆုံး ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကလည်း ဒီစံချိန်ထဲမှာ အကျုံးဝင်ခဲ့ပြီး လန်ဒန်မှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ထရင့် အလက်ဇန်းဒါး-အာနိုးလ်နဲ့ အော်ရီဂီတို့ရဲ့ သွင်းဂိုးတွေက လီဗာပူးလ်ရဲ့ စံချိန်ကို အသက်ဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဆန်းဒါးလန်းအသင်း တင်ရှိထားတဲ့ ၁၇ ပွဲဆက်တိုက် ၂ ဂိုး သို့ ၂ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့စံချိန်ကို ယခုအပတ် ဆောက်သမ်တန်အသင်းနဲ့ကစားရမယ့် ပွဲစဉ်မှာ ရိုက်ချိုးနိုင်မယ့် အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က