ကိုယ်ဝန်ယူဖို့ ကြိုးစားနေပေမယ့် မရသေးဘူးဆိုရင် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ ပြသသင့်ပါပြီ။

သန္ဓေတားဆေးနဲ့မျိုးပွားမှုဆိုင်ရာနည်းပညာတွေ မြင့်မားလာတဲ့ ဒီနေ့ခေတ်မှာ စုံတွဲတွေဟာ မိသားစုဘဝစတင်လိုတဲ့အခါ ကလေးရဖို့ကို ထိန်းချုပ်လာကြပါတယ်။

ဒီလိုထိန်းချုပ်မှုဟာ တစ်ခါတစ်ရံမှာ ကိုယ်ဝန်ရရှိမှုကို အချိန်ကြာကြာနှောင့်နှေးစေနိုင်ပါတယ်။ ကိုယ်ဝန်ယူဖို့ အကောင်းဆုံးအသက်အရွယ်ဆိုတာမိသားစုတစ်ခုတည်ထောင်ဖို့ ဆုံးဖြတ်ချက်နဲ့ မိဘဖြစ်ဖို့ အဆင်သင့်အပါအဝင် အချက်များစွာအပေါ် အခြေခံသင့်ပါတယ်။အသက်သုံးဆယ် ဒါမှမဟုတ် လေးဆယ်ကျော်နေလို့ ကျန်းမာတဲ့ကလေး မမွေးနိုင်ဘူးလို့တော့ ဆေးပညာမှာအတိအကျပြောဆိုထားခြင်း မရှိပါဘူး။

အသက်(၂၀)အရွယ် 

Photo: Vecteezy

ဒီအသက်အရွယ် အမျိုးသမီးတွေဟာ ကလေးရဖို့ အလားအလာအရှိဆုံးနဲ့ အကောင်းဆုံးသက်အရွယ်ဖြစ်ပါတယ်အရည်အသွေးကောင်းမျိုးဥတွေ အများဆုံးရရှိနိုင်ပြီး ကိုယ်ဝန်ဆောင်အန္တရာယ်လည်း အနိမ့်ဆုံးအချိန်ဖြစ်ပါတယ်။ဆေးပညာလေ့လာမှုနဲ့ ယုံကြည်ရနိုင်တဲ့ အရင်းအမြစ်တွေရဲ့ ပြောကြားချက်အရ အသက်၂၅နှစ်လောက်ရောက်ပြီဆိုရင် ကလေးရဖို့ စတင်ကြိုးစားချိန်ကစပြီး သုံးလလောက်အကြာမှာ ကိုယ်ဝန်ရနိုင်ခြေ ၂၀ရာခိုင်နှုန်းအောက် ဖြစ်ပါတယ်။

အသက်(၃၀)အရွယ်

Photo: The Guardian

အသက်(၃၀) အရွယ်မှာ မျိုးပွားနိုင်စွမ်းဟာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။အသက်သုံးဆယ့်ငါးနောက်ပိုင်းမှာ ဒီကျဆင်းမှုက ပိုမြန်လာပါတယ်။အမျိုးသမီးတွေမှာ မျိုးဥဟာ စစချင်းမှာ တစ်သန်းလောက်ရှိပေမယ့် အသက်သုံးဆယ့်ခုနှစ်နှစ်နောက်ပိုင်းမှာဆို မျိုးဥ နှစ်သောင်းငါးထောင်လောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။အသက်သုံးဆယ့်ငါးကျော်လာရင် ကလေးရယူဖို့ ကြိုးစားပြီး သုံးလရဲ့ နောက်ပိုင်းမှာ ကလေးရနိုင်ချေ ၁၂ရာခိုင်နှုန်းခန့် ဖြစ်တယ်လို့ ဆိုပါတယ်။ကိုယ်ဝန်ပျက်ကျခြင်းနဲ့ မျိုးရိုးဗီဇမူမမှန်ခြင်း အန္တရာယ်တွေဟာလည်း အသက် ၃၅နှစ်နောက်ပိုင်းမှာ မြင့်တက်ပါတယ်။ 

အသက် (၄၀)အရွယ် 

Photo: Omaha

အသက် ၄၀ အရွယ်ဟာ သဘာဝအတိုင်းကို အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ဝန်ရနိုင်မှု သိသိသာသာကျဆင်းတဲ့ အသက်အရွယ်ဖြစ်ပါတယ်။ အသက် ၄၀အရွယ်မှာ ကလေးရနိုင်ချေက ကလေးယူဖို့ စတင်ကြိုးစားချိန်ကနေ သုံးလအကြာမှာ ရနိုင်ချေ  ခုနှစ်ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ရင့်တဲ့ မျိုးဥတွေဟာ ခရိုမိုဆုန်းပြဿနာတွေ ပိုမိုရှိနိုင်တာကြောင့် မွေးရာပါချို့ယွင်းချက်ရှိတဲ့ ကလေးမွေးဖွားဖို့ ရာခိုင်နှုန်းမြင့်နိုင်ပါတယ်။အသက် လေးဆယ် အရွယ်ရှိ အမျိုးသမီးအများစုဟာ ကျန်းမာတဲ့ကိုယ်ဝန်နဲ့ကလေးရနိုင်ဆဲဖြစ်ပေမယ့်လည်း ဗိုက်ခွဲမွေးရတာ ၊ လမစေ့တဲ့ကလေး ၊ ပေါင်မပြည့်တဲ့ကလေး ၊ ကိုယ်လက်ချို့ယွင်းမှုရှိတဲ့ကလေးမွေးဖွားနိုင်ပါတယ်။ဒါ့အပြင် အသက် ၃၅နှစ်နောက်ပိုင်း အမျိုးသမီးတွေဟာ ဆီးချို ၊သွေးတိုး စတဲ့အခြေအနေတွေလည်း ရှိကြတဲ့အတွက် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ၊ ကိုယ်ဝန်ဆိပ်တက်တာတွေ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားနေပေမယ့် မရသေးဘူးဆိုရင် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ဘယ်လိုအခြေအနေမှာ ပိုပြီး ပြသသင့်လဲဆိုရင်တော့ အသက်၃၅ နှစ်အောက်ဆိုရင် ကြိုးစားပြီး တစ်နှစ်အတွင်း ၊ အသက် ၃၅ ကျော်ရင် ၆လ အတွင်း ၊ ဒါမှမဟုတ် မျိုးရိုးဗီဇအလိုက် ဖြစ်တတ်တဲ့ ရောဂါရှိသူတွေ ၊ ကိုယ်ဝန်ပျက်ကျဖူးသူတွေဟာ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Ref: Healthline

Share

Loading Next Article...
က္က