ရည်းစာသက် တမ်း(၅)နှစ်အတွင်းမှာ နှစ်ယောက်တစ်ဘဝ ကို ထူထောင်လိုက်တဲ့ သရုပ်ဆောင် ဇေယျာအောင်နဲ့လှိုင်ဖြူဖြူထွဏ်းတို့ က တော့ အခုဆိုရင် သမီး ချောလေး (၃)ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ အိမ်ထောင်ရေးကို ထူထောင်ထားသူတွေပါ။ သူတို့နှစ်ယောက် ရဲ့ အိမ်ထောင်သက်တမ်းက တော့ အခုဆိုရင် (၁၅)နှစ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ ၁၅နှစ်ကြာအိမ်ထောင်ရေးလက်တွဲမြဲနေရတဲ့ လျှို့ဝှက်ချက်ကို အခုလိုပြောပြပါတယ်။ 

ချစ်သူဘဝ အမှတ်တရ 

သရုပ်ဆောင် လှိုင်ဖြူဖြူထွဏ်းက တော့ သူမရဲ့ဘဝ မှာ မွေးနေ့ကိတ် တစ်ခါမှတောင်မခွဲဖူးခဲ့ဘူးလို့ သိရပါတယ်။သရုပ်ဆောင် ဇေယျာအောင်နဲ့ချစ်ကြိုက်ခဲ့တဲ့ အချိန်ကစပြီး မခွဲဖူးခဲ့တဲ့ မွေးနေ့ကိတ်ကို ဇေယျာအောင်ဘက်က တာဝန်ဝတ္တရားမပျက် ခွဲ ပေးခဲ့တာ အခုချိန်ထိပဲ လို့ဆိုပါတယ်။ နောက်ထပ် ပျော်ရွှင်စရာ ကိစ္စ လေးတစ်ခုက တော့ လှိုင်ဖြူဖြူ ထွဏ်း မွေးနေ့မှာပဲ သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကို ပြုလုပ် ခဲ့ကြတယ်လို့ သိရပါတယ်။ 

" အစ်မကို အစ်ကိုက ရည်းစားဘဝ တုန်းက ယောကျာ်းလေးပီပီ ဥပေက္ခာ ပြုခဲ့တဲ့အရာတွေ အများကြီးရှိခဲ့တယ်။ ချိန်းထားရင် မသွားတာမျိုးတို့ တော်တော်လေး ဥပေက္ခာပြုခဲ့တာ။ နောက်တော့ အစ်မက အစ်ကို့အ ပေါ် အရမ်းအနွံတာခံ တယ်။ အ ပေါင်းအသင်းတွေက သူတို့နှစ်ယောက် မယူလောက် တော့ပါဘူးလို့ ထင်တဲ့အချိန်မှာပဲ အစ်ကိုက အန်ကယ်လေး(လူမင်း) ဆီမှာ ခွင့်တောင်းပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တော့တာပဲ ။ အစ်မက အစ်ကို့ကို ရူးရူးသွပ်သွပ်ချစ်တယ်ဆိုတာကို မြင်သွားတာ။ အရင်က ဝတ္တရားမ ကြေခဲ့တာတွေ အတွက် အခု အတိုးချပြီး ပေးဆပ်နေတာပေါ့ " လို့ သရုပ်ဆောင်ဇေယျာအောင်က ဆိုခဲ့ပါတယ်။ 

အရေးကြီးတဲ့ နားလည်မှု

Photo: Zayar Aung

ဘယ်လို Relationship မျိုးမဆို နားလည်မှုကတော့ အခြေခံအုတ်မြစ်ပါပဲ၊ နားလည်မှုတွေ မရှိရင် ဘယ်အရာမှ ရေရှည်မမြဲတာက တော့ အားလုံးသိထားပြီးသားကိစ္စတစ်ခုလို့ ဆိုရမှာပါ။ ထို့အတူပဲ သရုပ်ဆောင် ဇေယျာအောင်ရဲ့အကြံပေးချက်ကလည်း အိမ်ထောင်တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်ဟာ နားလည်မှု ရှိဖို့က အဓိက အကျဆုံးအရာတစ်ခု ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ 

"ပိုက်ဆံရှိတိုင်းလည်းမဟုတ်ဘူး။ ရုပ်ချောတိုင်းလည်းမဟုတ်ဘူး။ သာယာရင်လည်း ခဏပဲသာယာမယ်။ အဓိကက တော့ နားလည်မှုပဲ၊တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု သူကိုယ့်အ ပေါ် ဘယ်လောက်နားလည်လဲ၊ ကိုယ်သူ့အ ပေါ် ဘယ်လောက်နားလည်လဲ၊ကိုယ်ဘယ်လောက်ထိ ပေးဆပ်ထားတာကို သူ နားလည်ပေးထားလဲ။မဟုတ်ရင်တော့ သူက တော့ ပိုက်ဆံရှိလို့ ရုပ်ချောလို့ ဆိုတာမျိူးတွေကိုပဲ ရှေ့တင်ပြီး တွဲခဲ့ကြမယ်။နားလည်မှုမရှိရင်တော့ မမြဲကြတာများတယ်။ " လို့ ဇေယျာအောင်က ဆိုပါတယ်။ 

" အစ်ကိုက တော့ အစ်မ အ ပေါ် အလိုက်တသိနဲ့ ဖြည့်စည်းပေးတာများတယ်။ရည်းစားဘဝ တုန်းက တောင်အဲ့လောက်မဟုတ်ဘူး။ယူပြီးတော့မှ ပိုပြီး ဂရုစိုက် ဖေးမလာတယ်။သူ့ကိုကြည့်လိုက်ရင် အဲ့လောက် မထင်ရ ပေမယ့် အစ်မကို အရမ်းချစ်တယ်။ အရမ်းဂရုစိုက်တယ်။အခုချိန်ထိ အစ်မကို က လေးတစ်ယောက်လိုပဲ ထားတယ်။ " လို့ လှိုင်ဖြူဖြူ ထွဏ်းက ပီတိစကားဆိုခဲ့ပါတယ်။

တစ်ယောက်မကြိုက်တာ တစ်ယောက် ရှောင်နိုင်ဖို့လို 

Photo: Zayar

"အစ်မတို့ အိမ်ထောင်ရေးက အရမ်းကြီး ညှိရတာမျိုး မရှိဘူး။ဒါပေမယ့် အစ်မက အစ်ကို မကြိုက်တာ မလုပ်ဘူး။အစ်ကိုကလည်း အစ်မမကြိုက်တာ မလုပ်ဘူး။အစ်ကိုက ဘယ်သူနဲ့ တွေ့တယ်။သူဘာလုပ် တယ်။ဘယ်သူနဲ့ ဘာစကားပြောလာတယ်ဆိုတာကအစ ပြန်ပြောပြတယ်။အဲ့ဒီ့အတွက် အစ်မယုံတယ်။ ဘယ်သွားသွားလဲ လွှတ်တယ်။ညသန်းခေါင် သူငယ်ချင်းတွေက ဖုန်းဆက် ခေါ်လဲ အစ်မလွှတ်တယ်။ " 

" ပြီးတော့ အစ်ကို့ဘက်က ဝတ္တရားမပျက်ဘူး။ ညဘက်တွေ သွားတယ်။လာတယ်။ ပြန်ရောက်ရင် ကိုယ်အလုပ်လုပ်စရာရှိတာလုပ်တယ်။က လေးတွေ ဘယ်သွွားချင်လဲ။ ဘာစားချင်လဲ၊အစ်ကို့ဘက်က လုံးဝ ဝတ္တရားမပျက်ခဲ့ဘူး။အဲ့ဒီ့အတွက် လည်း အစ်ကိုတို့အိမ်ထောင်ရေးက ခိုင်မြဲတယ်လို့ ဆိုရမယ်" လို့ ဇေယျာအောင်က ပြောပြခဲ့ပါတယ်။ 

လူငယ်တွေအတွက် အိမ်ထောင်လမ်းညွှန်စကား 

Photo: Zayar Aung

Relationship တစ်ခုတည်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ယောကျာ်းလေးက ယောကျာ်းလေးတာဝန် မိန်းက လေးက မိန်းကလေး တာဝန် ကိုယ့်တာဝန် ကိုယ်အပြည့်အဝ ယူတတ်ဖို့ အ ရေးကြီးပါတယ်။အချစ်တစ်ခုတည်းနဲ့ လည်းမပြည့်စုံပါဘူး။တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်သောက်ပြီးနေမယ်ဆိုလည်း အချိန်ကာလ တစ်ခုအထိသာ အသုံးဝင်ပြီး နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင်လာနိုင်ပါတယ်။ တစ်ကယ်ချစ်လို့ လက် တွဲ ကြပြီဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်ပြန်အလှန်လှန်ညှိနှိှုင်းပြီးနားလည်မှု ယူထားနိုင်ရင် တော့ ပြီးပြည့်စုံတဲ့ ချစ်ခရီးလမ်းတစ်ခုကို တည်ဆောက်နိုင်မှာပါလို့ သရုပ်ဆောင် ဇေယျာအောင် နဲ့ လှိုင်ဖြူဖြူထွဏ်းတို့က အကြံပေးခဲ့ကြပါတယ်။ 



Share

Loading Next Article...
က္က