စားသုံးသူရဲ့ကျန်းမာရေးကို အဓိကဦးစားပေးထားတယ်လို့ ဆိုပါတယ်။

ရာသီဥတု ပူလွန်းလှတဲ့အချိန်မှာ ရေအေးအေးလေး ဖြစ်ဖြစ် ၊ ဖျော်ရည်အေးအေးလေးက တစ်မျိုး ၊ အရသာရှိတဲ့ ဖာလူဒါ အေးအေးလေးကို သောက်လိုက်ရမယ်ဆိုရင် အပူတွေ ခဏတာ ပြေပျောက်သွားနိုင်မှာ အသေအချာပါပဲ။ ဒီလို ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အစားအသောက် တစ်မျိုးကို လူရွှင်တော် လန်ဒန်က ရောင်းချနေပါတယ်။ ဒါကတော့ ဖာလူဒါပါ။ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ဦးစားပေးထားတာ ဖြစ်လို့ ပရိသတ်တွေကလည်း အရမ်းနှစ်သက်တယ်လို့ သိရပါတယ်။ 



Photo: လန်ဒန်

အသီးအနှံတွေနဲ့လုပ်ထားတဲ့ ဖာလူဒါ

ကျွန်တော့်ဆီမှာ ဒူးရင်းသီး ၊ ထောပတ်သီး ၊ သီးမွှေး၊ သီးစုံ ဖာလူဒါ အပြင် ရိုးရိုး ဖာလူဒါ လည်း မှာယူလို့ရပါတယ်။ ကျွန်တော်က အသီးအနှံနဲ့ လုပ်တဲ့ ဖာလူဒါတွေကို အနံ့တို့ ၊ အရသာအရည်တို့ ထည့်တာ မဟုတ်ဘူး အသီးရဲ့ အသားအတိုင်း ထည့်တာဖြစ်တဲ့အတွက် ရာသီပေါ် အသီးအနှံလောက်ပဲ အဆင်ပြေမှာပေါ့နော်။ အခုဆို ဒူးရင်းသီးက သူ့ရာသီမဟုတ်တော့တဲ့အတွက် ရှားနေပြီ။ 

Photo: လန်ဒန်

စားသုံးသူရဲ့ ကျန်းမာရေးကို အဓိက ဦးစားပေးတယ်

တချို့ စားသုံးသူတွေဆိုရင် ဒီလို ပူတဲ့ရာသီမှာ ဒါစားရင် သွေးတိုးနိုင်လား၊ သူတို့မှာရှိတဲ့ ရောဂါအခံတွေနဲ့ အဆင်ပြေပါ့မလား၊ ချောင်းဆိုး ရင်ကြပ်တာတွေ ဖြစ်နိုင်လား ဆိုပြီး စိတ်ပူတတ်ကြတယ်။ ဒီ့အတွက် ကျွန်တော်ကတော့ ကျွန်တော့် ဖာလူဒါနဲ့ပတ်သက်ပြီး အာမခံနဲ့ရောင်းပေးနိုင်တယ်၊ ဓာတုဗေဒ ဆိုးဆေး လုံးဝ မထည့်ထားဘူး။ ပြီးတော့ ဖာလူဒါအရည်ထဲမှာပါတဲ့ အရည်ပန်းရောင်လေးတွေလေ ဒါက အချိုရည်ထည့်ထားတာ မဟုတ်ဘူး။ နဂါးမောက်သီး ရဲ့ အရည်အစစ်နဲ့ သုံးထားတာမို့လို့ ဒီအရောင်ထွက်တာပါ။ သဘာဝအသီးအနှံရဲ့ အရသာလေးတွေကို ခံစားစေမိအောင်လို့ပါ။ 

Photo: လန်ဒန်

ဖာလူဒါအပေါ် ပရိသတ်တွေရဲ့ စကားသံ 

အရင်တုန်းကတော့ ကျွန်တော် ဖာလူဒါ တစ်ခွက်ကို (၉၀၀) ကျပ်၊ (၁၀၀၀) ကျပ်ရောင်းပါတယ်။ တချို့ပရိသတ်တွေက ဖြစ်သလို ရောင်းတယ်လို့ မြင်ကြတယ်။ ဒါပေမယ့် သူတို့ မှာစားတဲ့အချိန်မှာ ပြန်ကြားမိတဲ့ စကားက သူတို့ တကယ် မထင်ထားလောက်အောင်ကို စားလို့ကောင်းတယ်လို့ ပြောကြတယ်။ အနုပညာရှင် မောင်နှမတွေဆိုရင်လည်း စားကောင်းတယ်ဆိုတဲ့ Feedback တွေပဲ ပြန်လာတာများတယ်။ ကိုယ်ရောင်းတဲ့ အစားအသောက်မို့ ကိုယ်ပြောတာ မဟုတ်ပါဘူး။ သူတို့ ဆီက ပြန်ပြောလာတဲ့ စကားနဲ့ လန်ဒန် ဖာလူဒါအပေါ် ထားတဲ့ ကျွန်တော့်ရဲ့ စေတနာ ရောင်ပြန်ဟပ်တာပေါ့ခင်ဗျာ။ အခုဆို ကုန်စျေးနှုန်းအခက်အခဲကြောင့် (၁၀၀) စီ စျေးတက်လိုက်ရပေမယ့် ကျွန်တော့် စေတနာတွေလည်း တစ်ဝက်လောက် ပိုထည့်ပေးထားပါတယ်ခင်ဗျာ။ 

ပရိသတ်တွေကို ဟာဒယရွှင်ဆေး ၊ ဟာသပျက်လုံးလေးတွေနဲ့ ဖျော်ဖြေနေကြ ဖြစ်တဲ့ လူရွှင်တော်လန်ဒန် ကိုယ်တိုင် ရောင်းတဲ့ ဖာလူဒါကို မှာယူချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်တ် ၀၉-၇၉၇၉၃၁၄၉၇ ကို ဆက်သွယ်ပြီး ဝယ်ယူစားသုံးနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က