ရန်းနစ်ဂ်လက်အောက်မှာ ရော်နယ်ဒိုအဆင်ပြေပါ့မလား စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက်တော့ ဒါက ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ ယာယီနည်းပြသစ် ရန်းနစ်ဂ်ဟာ ဒီနေ့မှာတော့ အသင်းရဲ့နည်းပြအဖြစ် ပထမဆုံး တရားဝင်သတင်းစာရှင်းလင်းပွဲကို ပြုလုပ်နေပြီဖြစ်ပါတယ်။ ရန်းနစ်ဂ်နဲ့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းတည်းက သဘောတူညီမှုရရှိခဲ့ကြပေမယ့် ဗီဇာကိစ္စရပ်တွေကြောင့် အသင်းကို တရားဝင်ကိုင်တွယ်ဖို့ ကြန့်ကြာနေခဲ့တာပါ။



ဒါပေမယ့် ရန်းနစ်ဂ်တယောက် ယူနိုက်တက်နဲ့ စတင်ပူးပေါင်းနိုင်ခဲ့ပြီး မနေ့က အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း ပွဲကြည့်စင်ပေါ်ကနေ ကြည့်ရှုခဲ့ပါတယ်။

ရန်းနစ်ဂ်ရဲ့ ကိုယ်ပိုင်ဟန်က ရော်နယ်ဒိုနဲ့ မကိုက်ညီဘူးလို့ ဒီမတိုင်ခင်မှာ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ရန်းနစ်ဂ်က ဒီကိစ္စအပေါ် ပရိသတ်တွေ စိတ်အေးရမယ့် စကားကို ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုက လိုချင်တဲ့ပုံစံနဲ့ ကိုက်ညီပါ့မလားဆိုတဲ့မေးခွန်းအပေါ် ရန်းနစ်ဂ်က “ခင်ဗျားအနေနဲ့ ခင်ဗျားလိုချင်တဲ့စိတ်ကူးတွေ၊ ကစားဟန်တွေကို အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အမြဲတမ်းအပြောင်းအလဲ လုပ်နေဖို့ လိုအပ်ပါတယ်။ ကျနော် ဆန့်ကျင်ဘက် လုပ်ခိုင်းတာမဟုတ်ပါဘူး”

“မနေ့ညက ဒုတိယပိုင်းမှာ အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုကို မြင်တွေ့ရတာက တကယ်ကို အံ့သြစရာပါပဲ။ သူက တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ထိပ်တန်းကစားသမားပါ။ သူ့အသက်အရွယ်မှာ ဒီလောက်အထိ ကြံ့ခိုင်မှုကောင်းတဲ့ ကစားသမားကို ကျနော် မတွေ့ဖူးပါဘူး”

“သူက မတူကွဲပြားမှုတွေကို လွယ်လွယ်ကူကူနဲ့ ဖန်တီးနိုင်တဲ့ ကစားသမားဖြစ်နေဆဲပါ။ ဒါပေမယ့် ရော်နယ်ဒို တယောက်တည်း တိုးတက်လာလို့မရပါဘူး။ တသင်းလုံး တိုးတက်လာရပါမယ်။ အာဆင်နယ်နဲ့ပွဲမှာ ရော်နယ်ဒိုဆီက ကျနော်မြင်ရတာတခုကလည်း သူ့ရဲ့အတွင်းအားတွေကို အသင်းနဲ့ အသင်းဖော်တွေဆီကိုပါ ရိုက်သွင်းပေးဖို့ ဆန္ဒရှိနေတဲ့ပုံစံပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က