ယနေ့ည ပဲလေ့စ်နဲ့ပွဲကို စတင်တာဝန်ယူ ကိုင်တွယ်သွားတော့မှာပါ။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ်က လက်ရှိအခြေအနေမှာ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့လောက်အထိ ကောင်းမွန်ခြင်းမရှိသေးဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး အင်္ဂလိပ်လိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ကတော့ တော်တော်လေး အလှမ်းကွာနေခဲ့ပြီး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၁၄ မှတ်အထိ ကွာဟနေပေမယ့် ရန်းနစ်ခ် ပထမဆုံးစတင်တာဝန်ယူကိုင်တွယ်သွားမယ့် ယနေ့ည အိုးထရက်ဖို့ဒ်မှာ ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အနိုင်ယူနိုင်မယ်ဆိုရင်တော့ အမှတ်ကွာဟချက်ကို ပိုမိုကျဉ်းမြောင်းလာအောင် လုပ်နိုင်မှာဖြစ်ပါတယ်။



အိုးထရက်ဖို့ဒ်ကို ရန်းနစ်ခ် ရောက်ရှိလာမှုဟာ စစ်မှန်တဲ့ အကောင်းမြင်စိတ်တွေရှိလာစေခဲ့ပြီး ဂျာမန်လူမျိုးနည်းပြကလည်း အကောင်းမြင်စိတ်နဲ့ မျှဝေချင်စိတ်ရှိပေမယ့်လည်း အသင်းပရိသတ်တွေကို လက်ရှိအခြေအနေနဲ့ မကင်းကွာစေဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်က ပိုလို့တောင် အကောင်းမြင်တတ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က လက်တွေ့လည်း ကျတဲ့သူပါ။ လွန်ခဲ့တဲ့ ၅ ပတ်လောက်တုန်းက ကျွန်တော်တို့အသင်းက လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ ၅-၀ နဲ့ရှုံးနိမ့်ခဲ့ပြီး အဲဒါက ရိုးရိုးသားသားပြောရရင် အဲဒီထက်တောင် ပိုများနိုင်ခဲ့ပါလိမ့်မယ်"

"မန်စီးတီးနဲ့ပွဲမှာတော့ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဲဒီပွဲမှာလည်း အဲဒီထက်တောင် ဂိုးပိုများနိုင်ပါသေးတယ်။ ချဲလ်ဆီးနဲ့ပွဲမှာတော့ ရမှတ်ရဖို့က အရေးကြီးခဲ့ပေမယ့် စွမ်းဆောင်ရည်ကျတော့ရော။ ကျွန်တော် မသိပါဘူး။ သူတို့တွေ ဂိုးပေါက် ၂၄ ကြိမ်ကန်ခွင့်ရခဲ့ပြီး ကျွန်တော်တို့က ၃ ကြိမ်ရခဲ့ပါတယ်"

"အဲဒီတော့ အခုအချိန်မှာ ကျွန်တော်က လာမယ့်ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်အတွင်း ပရီးမီးယားလိဂ်ထိပ်တန်းနည်းပြတွေကို စိန်ခေါ်သွားမယ်လို့ ပြောဖို့က လက်တွေ့မဆန်ပါဘူး။ ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားတွေကို ၂ ပတ်၊ ၃ ပတ် ဒါမှမဟုတ် ၄ ပတ်အတွင်းမှာ တိုက်စစ်အမြန်ကစားနိုင်တဲ့သူတွေဖြစ်အောင် ကျွန်တော် ပြောင်းပေးလို့မရနိုင်ပါဘူး"

"ယာဂန် ကလော့ပ်တုန်းကလည်း ရာသီအလယ်ကြီး ပရီးမီးယားလိဂ်ကို ရောက်ချလာပြီးတော့ အဲဒီအတိုင်းပဲ ဖြစ်ခဲ့တာပါ။ လီဗာပူးလ်အသင်းမှာ အဲဒီတုန်းက ကြွက်သားဒဏ်ရာပြဿနာတွေ အများကြီးရှိနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကြွက်သားဒဏ်ရာမရမယ့် လေ့ကျင့်ရေးမျိုး သူတို့ အသုံးမပြုလို့ပါ။ အဲဒီတော့ ကျွန်တော်တို့က ပါးနပ်ရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က