အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းဟာ အိမ်ရှင် စင်ကာပူအသင်းကို သုံးဂိုးပြတ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

စင်ကာပူနဲ့ ပွဲစဉ်မှာ မြန်မာအသင်းက အသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်လူ မောင်မောင်လွင် ဦးဆောင်ခဲ့ပြီး မလေးရှားလိဂ်မှာ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး အောင်ကောင်းမာန်နဲ့ ဟိန်းထက်အောင်တို့လည်း ပွဲထွက်ကစားခဲ့ပါတယ်။


စင်ကာပူအသင်းက မြန်မာအသင်းကို ခြေစွမ်းအသာနဲ့ ဖိအားပေးကစားပြီး ပထမပိုင်း၌ပင် သုံးဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ကာ ပွဲအပြီးမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။စင်ကာပူအသင်းအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဖန်ဒီက နှစ်ဂိုးနဲ့ နောက်ခံလူ ဘဟာရူဒင်က တစ်ဂိုးသွင်းယူခဲ့ပါတယ်။ အုပ်စု (က) အခြားပွဲစဉ်မှာတော့ ထိုင်းအသင်းက တီမောအသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။


ဆူဇူကီးဖလား အုပ်စု (က) ပထမ ပွဲစဉ်တွေ အပြီးမှာတော့ အိမ်ရှင် စင်ကာပူနဲ့ ထိုင်းအသင်းက ရမှတ် သုံးမှတ်စီနဲ့ အုပ်စု ပထမနဲ့ ဒုတိယနေရာတွေမှာ ဦးဆောင်နေပါတယ်။

မြန်မာအသင်းဟာ ဆူဇူကီးဖလား အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက်မှာ တီမောအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Share

က္က