ဖရက်ဒ်နဲ့ မက်တော်မီနေးတို့က အလွန်ကောင်းမွန်တဲ့ပုံစံ ပြသနိုင်ခဲ့ပေမယ့်လည်း လိုအပ်နေသေးတယ်လို့ ခံစားနေရတာပါ။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း အိုဝင် ဟားဂရိဗ်စ်က ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ ကျစ်လစ်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပေမယ့်လည်း ပေါ့ဂ်ဘာကို ယူနိုက်တက်ကွင်းလယ်မှာ ပြန်လည်ထည့်သွင်းဖို့ ထောက်ခံခဲ့ပြီး ပြင်သစ်ကြယ်ပွင့် ပြန်လည်ပါဝင်လာမှုက ရော်နယ်လ်ဒိုအတွက် အကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ညက အိုးထရက်ဖို့ဒ်မှာ ယာယီနည်းပြ ရန်းနစ်ခ်လက်အောက်မှာ ပထမဆုံးပွဲစဉ်အဖြစ် ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာ ပင်နယ်တီဧရိယာအပြင်ဘက်ထောင့်ကနေ ကန်သွင်းယူခဲ့တဲ့ ဖရက်ဒ်ရဲ့ဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ရန်းနစ်ခ်ဟာ ၎င်းရဲ့ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်နဲ့ စကော့တလန်ကွင်းလယ်ကြယ်ပွင့်တို့ ၂ ဦးစလုံးရဲ့ ကွင်းလယ်မှာ အချိတ်အဆက်မိမိ တွဲဖက်ကစားနိုင်ခဲ့တာကို ချီးကျူးခဲ့ပေမယ့်လည်း ဟားဂရိဗ်စ်က ဒဏ်ရာရနေတဲ့ ပေါ့ဂ်ဘာ ပြန်လည်ပါဝင်လာနိုင်မှုက ရော်နယ်လ်ဒိုနဲ့ အခြားတိုက်စစ်မှူးတွေကို အထောက်အကူပေးနိုင်မှာကြောင့် အကျိုးရှိလိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

"တကယ်လို့ ပေါ့ဂ်ဘာက ဖရက်ဒ် သို့မဟုတ် မက်တော်မီနေးနေရာမှာ ကစားနေပြီး ယူနိုက်တက်က ကွင်းတစ်ဖက်ခြမ်းမှာ ကစားနေမယ်။ အဲဒီတော့ ခင်ဗျား ခရစ္စတီယာနို ရော်နယ်လ်ဒိုဆီ ဘောလုံး ပေးပို့နိုင်မယ့် နောက်ထပ်တစ်ယောက် ရှိပြီပေါ့"

"အဲဒီတော့ သူတို့တွေ ကစားခဲ့တာ အဆင်ပြေတယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် မားကပ်စ်က ဒီနေ့တော်တော်လေး ပျောက်နေတယ်။ ဘရူနိုကလည်း ဒီနေ့ တော်တော်လေး ပျောက်နေခဲ့ပါတယ်။ နောက်ခံတောင်ပံကစားသမားတွေက အရမ်းကောင်းမွန်ခဲ့ပါတယ်။ လူစာရင်းရဲ့အရည်အသွေးက အံ့အားသင့်စရာပါပဲ။ အဲဒါက တကယ့်ကို ကောင်းမွန်တာပါ"

"အဲဒီတော့ ဗာရိန်းနဲ့ ပေါ့ဂ်ဘာတို့ကို အသင်းထဲ ပြန်ထည့်နိုင်ရင် ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ လွယ်လွယ်ကူကူနဲ့ အတောင့်တင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာမှာပါ။ ဒါပေမယ့် သူတို့တွေ ဒီလိုမျိုး ကစားပုံမျိုးနဲ့ စတင်နိုင်ဖို့တော့ လိုပါတယ်။ ပြီးတော့ ကျွန်တော် တွေးမိခဲ့တာက ဒီနေ့က ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းအတွက် ကောင်းမွန်တဲ့ ခြေလှမ်းပဲဆိုတာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က