အာဆီယံ ဆူဇူကီးဖလား အုပ်စု ဒုတိယပွဲအဖြစ် ရင်ဆိုင်ရမယ့် တီမောအသင်းနဲ့ ပွဲစဉ်မှာတော့ မြန်မာအသင်းကို ပုံစံကောင်းရအောင် ပြင်ဆင်သွားမယ်လို့ မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက စင်ကာပူနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: MFF

" စင်ကာပူနဲ့ ပွဲမှာ ပထမပိုင်းသွင်းဂိုးတွေ ခွင့်ပြုခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အချိတ်အဆက်နဲ့ အားနည်းမှုကို သင်ခန်းစာယူပြီး ပြင်ဆင်ပါမယ်။ လာမယ့် တီမောနဲ့ ပွဲမှာတော့ အသင်းကို ပုံစံကောင်း တစ်ခုရဖို့ ကြိုးပမ်းသွားမယ်။ အုပ်စုက တက်ဖို့အတွက် တစ်ပွဲချင်းကို ပိုကောင်းအောင် လုပ်ဆောင်သွားပါမယ် “ ဟု အန်တွမ်နီဟေးက စင်ကာပူကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Photo: MFF

မြန်မာအသင်းဟာ အာဆီယံ ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲမှာ အိမ်ရှင်စင်ကာပူကို ၃-၀ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုကတက်ဖို့ လက်ကျန်ပွဲစဉ်တွေမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ အာဆီယံဆူဇူကီးဖလား အုပ်စု (က) ပထမပွဲစဉ်တွေ အပြီးမှာတော့ အိမ်ရှင် စင်ကာပူနဲ့ ထိုင်းအသင်းက အုပ်စု ထိပ်ဆုံးမှာ ဦးဆောင်နေကြပြီး မြန်မာအသင်းကတော့ အုပ်စု အောက်ဆုံးမှာ ကျရောက်နေပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလား အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက်မှာ တီမောအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Share

က္က